🌟🌟🌟 ကလေးတွေ စာကြိုးစားချင်အောင် 🌟🌟🌟

မိဘများဟာ မိမိတို့ရဲ့ ကလေးတွေကို မူလတန်းအရွယ်ထဲက စပြီး အတန်းထဲမှာ ထိပ်ဆုံးကဖြစ်အောင်၊ တစ်ကျောင်းလုံးမှာ ထိပ်ဆုံးကဖြစ်အောင် ကြိုးစားစေချင်ကြမှာ အမှန်ပါပဲ...။ ဒါပေမဲ့ အဲ့လိုမျိုးဖြစ်အောင်လုပ်ဖို့ တစ်ခါတစ်ရံမှာ ဇွတ်အတင်းခိုင်းတတ်ကြပါတယ်..။

Insight Mind Centre ဌာနမှ စိတ်ပညာရှင် ဒန်နီယယ်လ်ခိုး က ကလေးများအား စာကြိုးစားလိုစိတ်ရှိသော ကလေးများ ဖြစ်လာစေဖို့အတွက် ဖေဖေ၊မေမေ တို့ ဆောင်ရန်ရှောင်ရန် အချက်များကို အကြံပြုတင်ပြထားပါတယ်...။

ထိုအချက်များထဲမှ ဆောင်ရန် အချက် (၄) ချက်ကို ​ဖော်ပြပေးလိုက်ပါတယ်။

၁။ အားကစားနည်း တစ်ခုခုလုပ်ဖို့ အားပေးပါ။

အားကစားပြုလုပ်ခြင်းဟာ တိုးတက်မှု၊ အလေ့အကျင့်လုပ်ရမှု၊ အာရုံစူးစိုက်မှုတို့ရဲ့ အရေးပါပုံကို သိမြင်လာစေပြီး ကျောင်းစာလုပ်ရာမှာလည်း ၎င်းတို့ရဲ့ အရေးပါပုံကို ထိုးထွင်းသိမြင်လာစေပါလိမ့်မယ်...။

 

၂။ သူစိတ်ဝင်စားတဲ့ အရာကို စမ်းသပ်လုပ်ကြည့်ပါစေ။

စိတ်ဝင်စားမှုက ကလေးကို ကြိုးစားအောင် စေ့ဆော် ပေးပါလိမ့်မယ်။ ဒါကြောင့် ကလေးဘာစိတ်ဝင်စားလဲသိအောင် ကြိုးစားပါ။

 

၃။ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုရဲ့ ဆက်နွယ်မှုကို ကလေးသိမြင်အောင် ကူညီပါ။

ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုရဲ့ ဆက်နွယ်မှုကို ကလေးသိသွားတဲ့ အချိန်မှာ ကြိုးစားအားထုတ်လိုစိတ်လည်း မြင့်တတ်လာပါလိမ့်မယ်။

 

၄။ ကလေးရဲ့ သင်ယူမှုအတွေ့အကြုံအပေါ် အပြုသဘောတုံ့ပြန်မှုပေးပါ။

ကလေးရဲ့ လေ့လာသင်ယူမှုပုံစံကို နားလည်ပါ။ "နင်ဒါလေးတောင် မလုပ်နိုင်ဘူးလား၊ ညံ့လှချည်လား " လို့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုးပေးမယ်ဆိုရင် ကလေးကို ပိုပြီးထုံထိုင်းသွားစေပါလိမ့်မယ်။

ကိုးကား - မိဘအုပ်ထိန်းမှု(ဒေါက်တာမြင့်လွင် - စိတ်ပညာ)