ကလေးတွေ မိတ်ဆွေဖွဲ့တတ်အောင်...
မိတ္တဗလနဲ့ ပြည့်စုံခြင်းဟာ လူတစ်ယောက်ရဲ့ ဘ၀ အတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။
ဖေဖေ၊ မေမေတို့ရဲ့ ရင်သွေးရတနာ သားသားမီးမီးလေးတွေ မိတ်ဆွေဖွဲ့တတ်အောင် ဖေဖေ၊ မေမေတို့ ဘယ်လို ကူညီပေးနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်……။
၁။ အခြားသူများနှင့် အပြန်အလှန် စကားပြောဆိုဖို့ အားပေးပါ။
မိဘများအနေနဲ့ ကလေးကို မိမိ ပတ်ဝန်းကျင်က အခြားသူများနှင့် ပျော်ရွှင်တက်ကြွစွာ ဆက်ဆံပြောဆိုတတ်အောင် အားပေးသင့်ပါတယ်။ ကလးဟာ အခြားသူများနှင့် ပြောဆိုဆက်ဆံမှုများလေ သူငယ်ချင်း အမြန်ရလေပါပဲ။
၂။ အခြားကလေးများကို အိမ်သို့ဖိတ်ခေါ်ပါ။
ကလေးများဟာ အခြားကလေးတွေနဲ့ ဝိုင်းဖွဲ့ရတာကို ပျော်ရွှင်ပါတယ်။ ကလေးရဲ့ သူငယ်ချင်းတွေကို အိမ်သို့ မကြာမကြာ ဖိတ်ခေါ်စုစည်းပေးပါ။
၃။ ဝါသနာပါရာ သင်တန်းတွေတက် ခိုင်းပါ။
ကလေးရဲ့ ရွေးချယ်မှု အပေါ်မူတည်ပြီး သူဝါသနာပါရာ အဆို၊ အက (သို့မဟုတ်) အားကစားသင်တန်းတွေ တက်ခိုင်းပါ။ တစ်ခါတစ်ရံ ကျောင်းမှာ မိတ်ဆွေသူငယ်ချင်း မဖွဲ့တဲ့ ကလေးတွေ အတွက်လည်း မိမိတို့ ဝါသနာပါရာ သင်တန်းမှာ အကောင်းဆုံးမိတ်ဆွေစစ်တွေ ရှာတွေ့နိုင်ပါတယ်။
တကယ်လို့ ကလေးဟာ မိတ်ဆွေဖွဲ့ဖို့ အခက်အခဲ ကြုံနေမယ် ဆိုရင် အသေးအဖွဲ့လို့သဘောမထားဘဲ အထက်ပါ အကြောင်းအရာများကို မိဘများအနေနဲ့ လုပ်ဆောင်ပေးပါ။