[caldera_form_modal id="CF5e22845bd4950" type="button"]Book Now [/caldera_form_modal]

Tr Name

Branch

မြန်မာစာEnglishသင်္ချာသိပ္ပံလူမှုရေးဘဝတွက်တာ ကျွမ်းကျင်စရာစာရိတ္တ နှင့် ပြည်သူ့နီတိ

မြန်မာစာ

ဒုတိယတန်း မြန်မာစာတွင် မြန်မာစာ၏ အခြေခံ အရွတ်အဖတ်ဖြစ်သော အသတ်ဗျည်း (၁၆)မျိုး ၊ စာလုံးဆင့် (ပါဌ်ဆင့်များ) ၊ ကဗျာ (၉) ပုဒ် ၊ ပုံပြင်(၅) ပုဒ် ၊အကြောင်းအရာ စကားပြေ (၁)ပုဒ် ၊  ဆယ့်နှစ်လရာသီ ပွဲတော်များ ၊ ပတ်လည်သီချင်း (၁) ပုဒ် နှင့် စာစီကုံး အခြေခံ ရေးနည်းများ ၊ စဉ်းစားတွေးခေါ်ခြင်းကို အားပေးသော သင်ခန်းစာများ ၊ ပုံပြ စကားပြေများ ၊စသော သင်ခန်းစာများကို သင်ယူကြရမည် ဖြစ်ပါသည် ။ ဒုတိယတန်း သင်ခန်းစာများကို သင်ကြားရခြင်း အားဖြင့် ကလေးများသည် မြန်မာစာ အခြေခံ အရွတ်အဖတ် စာလုံးပေါင်း သတ်ပုံများအားလုံးကို သင်ကြားတတ်မြောက်ပြီး မြန်မာစာ နှင့် ရေးထားသော စာအုပ်စာပေများကို ဖတ်ရှုလေ့လာနိုင်မည် ဖြစ်ပါသည် ။မြန်မာဘာသာ စကား၏ အခြေခံ ကျွမ်းကျင်မှုများ ဖြစ်သော အနာ ၊ အကြား ၊ အပြောအဆို ၊ အရွတ်အဖတ် ၊ အရေးအသား နှင့် စဉ်းစားတွေးခေါ် ဖန်တီးမှုများ ရရှိလာမည် ဖြစ်ပါသည် ။


English

The second grade curriculum is child – centered and communicative teaching methodology . Students learn words and phrases to each topic through listening , speaking , reading and writing . Students will develop in 4 language skills and cultures through learning activities and group discussion. There are 8 Units and they are My classmate, People /animals and things around us , The food I like , Fun and games , What my friend like and can do , Animals , What we wear , What I wear , Place to visit , Number and time , Where/ When / and how to go . Those units are organized with  six types of lessons .

  1. Language –focused lessons
  2. Skills – focused lessons
  3. Letters focused lessons
  4. Language review lessons
  5. Letter review lessons
  6. Project –based lessons.


သင်္ချာ

ဒုတိယတန်း သင်္ချာ သင်ခန်းစာ တွင် ဇယားနှင့် ဂရပ်များ ၊ အချိန် နှင့် ကြာသောအချိန် ၊ ၁၀၀ အထိ ကိန်းများ ပေါင်းခြင်း ၊ နုတ်ခြင်း ၊ ပုစ္ဆာဖြေရှင်းခြင်းများ ၊ စိတ်တွက်တွက်ခြင်းများ ၊ ၁၀၀၀ အထိကိန်းများ ရေတွက်ခြင်း ၊ဖတ်ရှုခြင်း နှင့် ရေးသားခြင်း ၊ အုပ်စုဖွဲ့ခြင်း နှင့် ကိန်းမျဉ်းများ အသုံးပြု၍ နှိုင်းယှဉ်ခြင်း ၊ တြိဂံ များ နှင့် စတုဂံများ ၊ အမြှောက်ပုစ္ဆာ များ ၊ အစား ပုစ္ဆာများ ၊ ထုထည်များ နှင့် အလေးချိန်များ စသော သင်ခန်းစာများကို သင်ကြားရမည် ဖြစ်ပါသည်။ ဒုတိယတန်းသင်္ချာ ကို သင်ကြားခြင်းအားဖြင့် သင်္ချာဆိုင်ရာ အသိသညာများ ၊ကျွမ်းကျင်မှုများ၊  ပြဿနာ ဖြေရှင်းခြင်းများ ၊ ဂျီသြမေတြီ ဆိုင်ရာ သင်္ချာ အခြေခံများ ၊ သင်္ချာ ဆိုင်ရာအတွေးအခေါ်များ ကို ရရှိလာနိုင်မည် ။ ဒုတိယတန်း သင်ယူပြီးမြောက်ပြီးနောက်တွင် ကလေးများသည် သင်္ချာ ဆိုင်ရာ အသိပညာများ ၊ ကျွမ်းကျင်မှုများ ကို လက်တွေ့ဘဝ တွင် စဉ်းစားတွေးခေါ်တတ်ပြီး အသုံးချနိုင်မည် ဖြစ်ပါသည်။


သိပ္ပံ

ဒုတိယတန်း သိပ္ပံတွင် ကျွန်ုပ်တို့ ပတ်ဝန်းကျင် ရှိ သက်ရှိ ၊သက်မဲ့ များ နှင့် တိုးသော အသံ၊ ကျယ်သောအသံ ၊ ကျွန်ုပ်တို့ ခန္ဓာကိုယ် အစိတ်အပိုင်း များကို နှိုင်းယှဉ်ခြင်း တွင် ခန္ဓာကိုယ်၏ ပြင်ပ အစိတ်အပိုင်း များပြောင်းလဲမှု နှင့် အရေပြား ၊ အပင်များကို နှိုင်းယှဉ်ခြင်း တွင် ပင်စည်များနှင့် အရွက်များ ၊ အပွင့်များ နှင့် အသီးများ ၊ တိရစ္ဆာန်များ ကို နှိုင်းယှဉ်ခြင်းတွင် ခန္ဓာကိုယ် အဖုံး အကာ နှင့် ရွေ့လျားမှု ၊ ငှက်များ နှင့် အင်းဆက်များ ၊ ကျောက်ခဲ ၊ ရေ နှင့် လေ တို့ကို လေ့လာခြင်း တွင် ပုံသဏ္ဌာန် ၊ အလေးချိန် နှင့် နေရာယူခြင်း ၊ ရွေ့လျားခြင်း ၊ နေ ၊ လ တို့နှင့် မိတ်ဆက်ခြင်း မှ နေမှရသော အပူ နှင့် အလင်း ၊ လကို မြင်ရပုံ ပြောင်းလဲခြင်း စသော သင်ခန်းစာ များ ပါဝင်သော အခန်း (၆) ခန်း ကို သင်ယူကြရမည် ဖြစ်ပါသည် ။ ဒုတိယတန်း သိပ္ပံ ကို သင်ယူရသော ကျောင်းသူ ကျောင်းသားများသည် ကျောင်းသား ကျောင်းသူများ ပတ်ဝန်းကျင် ၌ ပျော်ရွှင်စွာ စူးစမ်းလေ့လာ မှုများ ပြုလုပ်ခြင်းဖြင့် သင်ယူရခြင်း၊ လက်တွေ့ လုပ်ဆောင်ခြင်းဖြင့် သင်ယူရခြင်း ၊ project များ ပြုလုပ်ခြင်းဖြင့် သင်ယူရခြင်းကြောင့် ကျောင်းသားများ အနေဖြင့် စူးစမ်းလေ့လာခြင်း ၊ နှိုင်းယှဉ်ခြင်း ၊ တိုင်းတာခြင်း ၊ ချိတ်ဆက်ခြင်း ၊ ကျိုးကြောင်းဆက်စပ်ခြင်း ၊ အခြေအနေတစ်ခုတွင် စူးစမ်းလေ့လာခြင်း စသော သိပ္ပံဆိုင်ရာ အခြေခံကျွမ်းကျင်မှုများကို ရရှိနိုင်မည် ဖြစ်ပါသည် ။


လူမှုရေး
ဒုတိယတန်း လူမှုရေးတွင် ကျောင်းသား ကျောင်းသူများ အနေဖြင့် စာသင်ခန်းတွင်ရှိ ပစ္စည်းများ ၊စာသင်ခန်းတွင်းရှိ လုပ်ငန်းများ ၊ ကျောင်းအတွင်း ရှိ အရာများ ၊ ကျောင်းအတွင်း ရှိ လုပ်ငန်းများ ၊ ကျောင်းပတ်ဝန်းကျင်ရှိ အရာများ ၊ ကျောင်းပတ်ဝန်းကျင်ရှိ လုပ်ငန်းများ ၊ ကျွနု်ပ်အားကျ ဂုဏ်ယူရသော သမိုင်းဝင်ခေါင်းဆောင်များ (ကျန်စစ်သား ၊ ရှင်စောပု ၊ မဟာဗန္ဓုလ) စသော သင်ခန်းစာများကို သင်ယူကြရပါမည်။ ဒုတိယတန်း လူမှုရေး သင်ခန်းစာ တိုင်းကို သင်ကြားပြီးမြောက် ပြီးနောက်တွင် မိမိ ကျောင်းပတ်ဝန်းကျင်ရှိ အရာများ နှင့် လုပ်ငန်းများ ကို စူးစမ်းလေ့လာ လိုခြင်း ၊ စိတ်ပါဝင်စားလိုခြင်း ၊ ပါဝင်ဆောင်ရွက်လိုခြင်း ၊ ပေါင်းသင်းဆက်ဆံရေး ဆိုင်ရာ ကျွမ်းကျင် မှု များ ၊ စနစ်ပုံ များ နှင့် ရင်းနှီး ကျွမ်းကျင်မှု များ ၊ လူမှု ဘဝ ပတ်ဝန်းကျင်တွင် အရေးကြီးသော အရာများ ကို သိရှိ နားလည်လာမည် ။ ပါဝင်ဆောင်ရွက်လာမည် ဖြစ်ပါသည် ။ မြန်မာ့ သမိုင်းဝင် ခေါင်းစဉ်ကြီး များ ၏ လုပ်ဆောင်ချက်များ ကို အားကျဂုဏ်ယူ၍ အတုယူတတ်ကာ လက်တွေ့ ဘဝ တွင် အကောင်အထည်ဖော် ဆောင်ရွက်လာမည် ။ လူမှု အဖွဲ့အစည်းများတွင် မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်လာနိုင်ပြီး မိမိ ၏ ပါဝင်မှုကို ဂုဏ်ယူတတ်လာမည် ဖြစ်ပါသည် ။

ဘဝတွက်တာ ကျွမ်းကျင်စရာ
ဘဝတွက်တာ ကျွမ်းကျင်စရာ ဆိုသည်မှာ လူ့အဖွဲအစည်းမှ လူသားတစ်ဦး အနေဖြင့် ပိုမိုကောင်းမွန်သော အသက်ရှင်မှု နည်းလမ်း များနှင့် ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှင်ရပ်တည်နိုင်ရေး အတွက် လိုအပ်သော အသိပညာ ၊ ကျွမ်းကျင်မှု ၊ စိတ်နေသဘောထားများ ဖြစ်ပါသည် ။ ပထမတန်း ဘဝတွက်တာတွင် (၁) ရောဂါကင်းဝေး ကျန်းမာရေး ၊ (၂) လူမှုဘဝ မှာ ကျွမ်းကျင်စရာ ၊ (၃)သဘာဝ ဝန်းကျင်ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့ ဟူ၍ အပိုင်း (၃) ပိုင်း ခွဲခြားထားပါသည် ။

(၁)ရောဂါကင်းဝေး ကျန်းမာရေး

ရောဂါကင်းဝေး ကျန်းမာရေးတွင် မှန်မှန် သန့်ရှင်း ရောဂါကင်း ၊ သွားကို ဂရုစိုက်ပါ ၊ ဒေသထွက် အစာများ ခွန်အားဖြစ်အောင်စား ၊ ပြန်ပြည့်ဖို့တော့ လိုတယ် ၊ ဘာကောင်တွေပါလိမ့် ၊ ဆေးဝါး သုံးမှု ဂရုပြု ဟူသော သင်ခန်းစာ များကို သင်ကြား သင်ယူရမည် ဖြစ်ပါသည်။ ဤသင်ခန်းစာ များကို သင်ကြား သင်ယူ ရခြင်းအားဖြင့် ကလေးများသည် ကျန်းမာရေးဆိုင်ရာ အခြေခံ ဗဟုသုတများ ၊ စားသင့်သော အစာ များ နှင့် မစားသင့်သော အစာများ ၊ ကျန်းမာရေးနှင့် ကိုက်ညီသော အစားအစာ အုပ်စု (၃) အုပ်စု ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အသိပညာ ဗဟုသုတများ စသည့် လက်တွေ့ဘဝ ၏ ဘဝ တစ်လျှောက်လုံး တွင် အသုံးချ၍ ရသော အသိပညာ ဗဟုသုတ များကို ရရှိစေပါသည် ။

(၂) လူမှုဘဝ မှာ ကျွမ်းကျင်စရာ

လူမှုဘဝ မှာ ကျွမ်းကျင်စရာတွင် ချစ်ချစ်ခင်ခင် နေကြမယ် ၊ မတော်တဆ ဖြစ်မှု သတိပြု ၊ သူစိမ်း အန ္တရာယ် တို့ကာကွယ် ၊ ငြင်းပါကွယ် စသော သင်ခန်းများကို သင်ကြားရမည် ဖြစ်ပြီး ကလေးများသည် လူမှုနယ်ပယ်တွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာခြင်း ၊ မိမိကိုယ်ကိုယ် ကာကွယ်ရမည့် အကြောင်းအရာ များကို သိရှိနားလည် လက်ခံခြင်း ၊ တစ်ဦး နှင့် တစ်ဦး မထိခိုက်မိစေရန် သတိထားတတ်ခြင်း ၊ လူတိုင်း၏ မတူညီသော ကွဲပြားခြားနားချက်များကို နားလည်လက်ခံတတ်ခြင်း၊ တခြားသူ၏ အားနည်းချက်များကို သိရှိနားလည်လာပြီး သနားငဲ့ညှာတတ်ခြင်း ၊ ကိုယ်ချင်းစာ တရားထားခြင်း စသည့် ဘဝတစ်လျှောက်လုံး တွင် အသုံးချ နိုင်သော လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုများ ရှိလာမည် ဖြစ်ပါသည် ။

(၃)သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့ တွင် ရှင်သန်အောင် လုပ်ကြမယ် ၊ ငလျင်လှုပ်ရင် ဘာလုပ်ကြမလဲ ၊ မိုးသည်းထန်စွာ ရွာရင် ဘာလုပ်ကြမလဲ ၊ မိုးကြိုးပစ်ရင် ဘာလုပ်ကြမလဲ ၊ လေပြင်းမုန်တိုင်း ၊ မီးဘေး အန ္တရာယ် သတိပြုပါကွယ် စသောသင်ခန်းစာ များကို သင်ကြားရမည်ဖြစ်ပြီး ကလေးများသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ပတ်သတ်သော အသိပညာ ဗဟုသုတများကို သိရှိနားလည်ခြင်း ၊သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ခြင်း ၊ တန်ဖိုးထားတတ်ခြင်း လက်တွေ့ဘဝတွင် အသုံးချနိုင်ခြင်း ၊ သဘာဝဘေးအန ္တရာယ် ဖြစ်ပေါ်လာခြင်းကို နားလည် သဘောပေါက်ပြီး ထိုသဘာဝ ဘေးအန ္တရာယ် ကြုံတွေ့လာချိန်တွင် မည်ကဲ့သို့ ကာကွယ်ရမည် မည်သည့် အရာများကို လုပ်ဆောင်ရမည်ကို သိရှိပြီး လက်တွေ့တွင် အသုံးချနိုင်ခြင်း စသော ကျွမ်းကျင်မှုများ ရရှိလာမည် ။

ဒုတိယတန်း ဘဝ တွက်တာ သင်ခန်းစာများကို သင်ကြားသင်ယူပြီးနောက် ကလေးများသည် ဘဝတွက်တာ ကျွမ်းကျင်မှု ဆိုင်ရာများ ဖြစ်သော ပြဿနာ ဖြေရှင်းခြင်း ၊ တီထွင်ကြံဆခြင်း ၊ လေးနက်စွာဆန်းစစ် ဝေဖန်ခြင်း ၊ ဆုံးဖြတ်ချက်ချခြင်း ၊ ဆက်သွယ်ပြောဆိုခြင်း ၊ မိမိကိုယ်မိမိ သိရှိနားလည်ခြင်း ၊ တစ်ဦး နှင့် တစ်ဦး အပြန်အလှန် ဆက်ဆံခြင်း ၊ ကိုယ်ချင်းစာ တရား ထားရှိခြင်း ၊ စိတ်လှုပ်ရှားမှုများ နှင့် စိတ်ဖိစီးမှုများကို ထိန်းချုပ်တတ်ခြင်း စသည့် ကျွမ်းကျင်မှုများ တိုးတက်လာမည် ဖြစ်ပါသည် ။


စာရိတ္တ နှင့် ပြည်သူ့နီတိ
ဒုတိယတန်း စာရိတ္တ နှင့် ပြည်သူ့နီတိ တွင် မိဘ ဆရာ ရိုသေပါ ၊ ကိုယ့်ထက်ငယ်သူ စောင့်ရှောက်ကူ ၊ ဇွဲ လုံ့လ ဝီရိယ ၊ ကျောင်းကစားကွင်း ၊ စည်းကမ်းလိုက်နာမယ် ၊ ကျောင်း၌ယဉ်ကျေးခြင်း ၊ မှန်မှန်ကန်ကန် ဆုံးဖြတ်စို့ ၊ ရိုးသားခြင်း ၏ အကျိုး ၊ ယဉ်ကျေးမှုရာ သိမ်မွေ့ပါ ၊ မိတ်ဆွေကောင်း ၊ စာနာနားလည်ပါ ၊ မျှတစိတ်ကလေး ထားပါကွယ် ၊ တာဝန်ကိုယ်စီ ၊ ထူးတဲ့နိုင်ငံ ၊ ချမ်းမြေ့သာယာ တို့ကမ္ဘာ ၊ သန့်ရှင်းဝန်းကျင် ဖြစ်စေချင် စသော သင်ခန်းစာများကို သင်ယူကြရမည် ဖြစ်ပါသည် ။ စာရိတ္တ နှင့် ပြည်သူ့နီတိကို သင်ယူရခြင်းအားဖြင့် ကလေးများသည် သင်ယူမှုတန်းဖိုး (၄)ရပ်ဖြစ်သော ယဉ်ကျေးမှု ၊လူမှုကျင့်ဝတ်များ ၊ အခွင့်အရေး နှင့် တာဝန်ကို နားလည်မှု ၊ စည်းကမ်းလိုက်နာမှု နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်တတ်မှု စသည့် တို့ကို ရရှိစေနိုင်ပါသည် ။ အများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်တတ်မှု ၊တာဝန်ယူတတ်မှုနှင့် မတူကွဲပြားမှု အပေါ် နားလည်လက်ခံလာပြီး သနားညှာတာ ထောက်ထား တတ်ခြင်း ၊ လူမှုပတ်ဝန်းကျင်တွင် လိုက်လျောညီထွေအောင် ပြုမူနေထိုင်တတ်ခြင်း စသော အပြုအမူကောင်းများကို ရရှိလာမည် ဖြစ်ပါသည် ။