ဘီဂိတ် ပြောပြတဲ့ ကျောင်းမှာ
သင်ယူခွင့်မရနိုင်တဲ့သင်ခန်းစာ ၁၁ ချက်

၁။ လက်တွေ့ဘဝဟာ အမြဲမျှတမှု ရှိနေမှာ မဟုတ်ပါဘူး။ ဒါတွေကို ရင်နှီးကျွမ်းဝင်ထားဖို့ လိုပါတယ်...။

၂။ လူမှုဆက်ဆံရေးညံတဲ့သူတွေကိုလည်း သင့်မြတ်အောင် ပေါင်းသင်းပါ။ တစ်ချိန်မှာ ကိုယ်က အဲလိုသူဌေးမျိုး လက်အောက်မှာလည်း အလုပ်လုပ်ရနိုင်ပါတယ်တဲ့..။

၃။ ကိုယ်ရဲ့ ကျောင်းဆရာတွေက တင်းကြပ်တယ် စည်းကမ်းကြီးတယ်လို့ထင်နေတယ်ဆိုရင် အလုပ်ရှင်လက်အောက်မှာ အလုပ်လုပ်ရတော့မှ သူတို့က ဘယ်လိုဆိုတာ သိရပါလိမ့်မယ်။

၄။ မင်းရဲ့ မိဘတွေက အရမ်းပျင်းတယ် ထိုင်းမှိုင်းတယ်လို့ မင်းထင်နေသလား။ အမှန်က သူတို့က မင်းရဲ့ အသုံးစရိတ်တွေ ပေးနေရလို့ ၊ အဝတ်တွေ လျှော်ပေးနေရသေးလို့ ၊ မင်းအပြောကြီးတာတွေကို နားထောင်နေရလို့ပါ။

၅။ မင်းရဲ့ကျောင်းမှာတော့ အောင်မြင်သူ နဲ့ ရှုံးနှိမ့်သူ ဆိုပြီး ရှိနေနိုင်ပေမဲ့ လက်တွေ့ဘဝမှာတော့ မင်းအရှုံးမပေးသ၍ ရှုံးနှိမ့်သူ ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။

၆။ လက်တွေ့ဘဝမှာတော့ ကျောင်းတုန်းကလို semesters ခွဲထားတာတွေ နွေရာသီ ကျောင်းပိတ်ရက်တွေလို အနားယူချိန် သိပ်ရှိမှာ မဟုတ်ပါဘူး။

၇။ TVတွေက တကယ့်ဘဝမဟုတ်ပါဘူး။ ကော်ဖီဆိုင်တွေကို ကျောခိုင်းပြီး လုပ်ငန်းခွင်ဝင်ကြရတာကမှ တကယ့်ဘဝပါ..။

၈။ ကမ္ဘာလောကကြီးက မင်း တစ်စုံတစ်ခုကို ဖြစ်မြောက်အောင် မလုပ်နိုင်မချင်း မင်းရဲ့ ဂုဏ်သိက္ခာတွေကို အလေးအနက်ထားနေမှာ မဟုတ်ပါဘူး..။

၉။ ကျောင်းပြီးပြီးချင်းတော့ တစ်နှစ် ဒေါ်လာ (၆)သောင်းကျော် လစာရဖို့ မမျှော်လင့်ထားပါနဲ့..။

၁၀။ ဟမ်ဘာဂါ ရောင်းရလို့ မင်းရဲ့ သိက္ခာတွေ မထိခိုက်ပါဘူး။ မင်းရဲ့ အဖိုးအဖွားတွေက ဒါကို အခွင့်အရေးတွေလို့ ခေါ်ခဲ့ ကြတာကိုး..။

၁၁။ မွေးဖွားတဲ့အချိန်မှာ မင်းဆင်းရဲနေတာဟာ မင်းရဲ့ အပြစ် မဟုတ်ပါဘူး..။အေး ဒါပေမဲ့ မင်းဟာ ဆင်းဆင်းရဲရဲနဲ့ သေးဆုံးခဲ့ရရင်တော့ မင်းရဲ့ အပြစ်ဖြစ်သွားပြီ..။