မိဘတိုင်းက သားသမီးတွေကို ကောင်းမွန်တဲ့သူဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် တစ်ချို့မိဘတွေက ကလေးတွေရဲ့စိတ်ကို နားမလည်တာ ဒါမှမဟုတ် သားသမီးကို ထိန်းချုပ်တဲ့ အုပ်ထိန်းမှုတွေက မှားယွင်းတာ ကြာင့် ကလေးတွေမှာ ဒီလိုပြဿနာလေးတွေ အနည်းငယ်ဖြစ်တတ်ပါတယ်။

  • ငယ်စဉ်ကတည်းက အုပ်ထိန်းမှု မှန်ကန်မှသာ အရွယ်ရောက်လာတဲ့အခါ ကိုယ့်အားကိုယ်ကိုးပြီး ထက်မြတ်တဲ့ကလေးတွေ ဖြစ်လာနိုင်ပါတယ်။
    ကလေးတယောက်သည် ဒေါသထွက်ပြီး သည်းခံနိုင်စွမ်းမရှိတာက မိဘရဲ့ ဂရုစိုက်မှု မရခြင်းကြောင့်ဖြစ်ပါတယ်။ ကလေးသည် သတိပြုမိခံရဖို့ကို ဘာ်လိုလုပ်ရမလဲဆိုတာ ရိုးရှင်းစွာ မသိတာကြောင့်ဖြစ်ပါတယ် ။
  • သင့်ကလေးသည် မကြာခဏ ငြူစူခြင်းနှင့် မနာလိုစိတ်ကို ပြသလျှင် သင်သည် ကလေးကို တစ်စုံတစ်ယောက်နှင့် မကြာခဏ နှိုင်းယှဉ်လွန်းတာကြောင့် ဖြစ်ပါလိမ့်မယ်။
  • သင့်ကလေးသည် ခက်ခဲတဲ့ အခြေအနေတွေမှာ သူ့ဘာသာသူ မရပ်တည်နိုင်ခြင်းက အခြားသူများရဲ့ရှေ့မှာ သူ့ကိုနှိမ့်ချပြီး ပြောဆိုတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။ သူ့ မောင်နှမတွေရှေ့မှာတောင်မှ သင်ဘယ်တော့မှမပြောသင့်ပါဘူး ။
  • သင့်ကလေးသည် လျှို့ဝှက်ပြီး ယုံကြည်မှု ကင်းမဲ့နေခြင်းက သင့်ရဲ့ လွန်ကဲတဲ့ဒေါသထွက်မှုကြောင့် ဖြစ်ပါလိမ့်မယ်။
  • သင့်ကလေးသည် အလွန်အမင်းရှက်ကြောက်တက်ပြီး ဆုံးဖြတ်ချက်ပြတ်သားခြင်း မရှိတာက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရာတွေကို သင်ကူညီဖို့ အမြဲတမ်းကြိုးစားတာကြောင့် ဖြစ်ပါလိမ့်မယ် ။
  • သင့်ကလေးက လိမ်ညာနေပါက အရင်က သူလုပ်ခဲ့တဲ့ အမှားတွေကို သင်ဟာ ကြမ်းတမ်းစွာ တုံ့ပြန်လွန်းတာကြောင့် ဖြစ်ပါလိမ့်မယ် ။
  • သင့်ကလေးသည် အခြားသူတွေကို မလေးစားဘူး ဆိုပါက သင်သည် ကလေးရဲ့ ခံစားချက်တွေကို အသိအမှတ်မပြုပဲ ပြောဆိုခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ် ။
  • ကလေးတစ်ဦး ရိုင်းစိုင်းတယ်ဆိုပါက သူသည် သူ့မိဘများ သို့မဟုတ် မိသားစုဝင်တစ်ဦးဦးရဲ့ အပြုအမူကို အတုယူပြီး လိုက်လုပ်တာကြောင့် ဖြစ်နိုင်ပါတယ်။
  • သူမ လိုချင်တဲ့အရာရာတိုင်းကို သင်ဝယ်ပေးပေမဲ့ သူမက အမြဲတမ်း အခြားကလေးတွေရဲ့ အရုပ်တွေကိုပဲ ယူနေတယ်ဆိုရင် သင်သည် သူမကို ရွေးချယ်ဖို့ အခွင့်အရေး မပေးထားဘူးလို့ ဆိုလိုပါတယ် ။