ကလေးတွေ ဘ၀အတွက်လိုအပ်တဲ့ စွမ်းရည်များ

ဘ၀အတွက် စွမ်းရည် (Life Skills) ဆိုတာ ဘာတွေလဲ ??

စဉ်းစားတွေးခေါ်တတ်ခြင်းစွမ်းရည်

စဉ်းစားတွေးခေါ်တယ်ဆိုတာ ကလေးရဲ့ စိတ်တွင်း ကမ္ဘာလောကထဲမှာ အစီအစဉ် တကျ လုပ်ဆောင်နေတာတွေကို ရည်ညွှန်းတာပါ။ ကလေးရဲ့ တွေးခေါ်စဉ်းစားပုံဟာ သူရဲ့ နေ့စဉ်ဘ၀ လုပ်ငန်းတွေအတွက် ဆုံးဖြတ်ချက်ချရာမှာ မှန်ကန်စေဖို့ မရှိမဖြစ် အရေးပါပါတယ်။
ကလေးကို စူးစမ်းတဲ့ မေးခွန်းများ မေးချင်လာအောင် လေ့ကျင့်ပေးခြင်း၊ အားပေးခြင်းတို့က သူရဲ့ စဉ်းစားတွေးခေါ်တတ်မှုစွမ်းရည် ဖွံ့ဖြိုးလာဖို့ အထောက်အကူပေးပါလိမ့်မယ်။

လူမှုဆက်ဆံရေးစွမ်းရည်

လူမှုဆက်ဆံရေးစွမ်းရည်ဟာ အားရကျေနပ်ဖွယ်ရာ လူမှုသံယောဇဉ်တစ်ခုကို တည်ဆောက်ရာမှာ မရှိမဖြစ် အရေး ပါပါတယ်။ သင့်တော်တယ်လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ လူမှုဆက်ဆံရေး အပြုအမူတွေကို သင်ယူထားဖို့ ကလေးအတွက် အရေးကြီးပါတယ်။
ကြီးပြင်းရင့်ကျက်လာတာနဲ့ အမျှ မိမိရဲ့ ဆက်ဆံရေး စွမ်းရည်တွေ ပိုကောင်းမွန်လာအောင် ပြုပြင် လုပ်ဆောင်ရပါတယ်။

မှန်ကန်စွာ စိတ်လှုပ်ရှားတတ်ခြင်းစွမ်းရည်

စိတ်လှုပ်ရှားမှု စွမ်းရည်ဆိုတာ ထင်ရှားပေါ်လွင်ကောင်းမှ ပေါ်လွင်ပါလိမ့်မယ်။ ဒါပေမယ့် ကလေးရဲ့ အနာဂတ် အောာင်မြင်မှု တွေအတွက် အထောက်အကူပြုရာမှာ အလွန်ပဲ အရေးကြီးပါတယ်။ စိတ်လှုပ်ရှားမှု စွမ်းရည်တွေထဲမှာ စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ် ဆိုတဲ့ နည်းတွေ၊ ကိုယ့်ကို သူများက မခိုင်းရဘဲ လုပ်စရာရှိတာတွေကို ကိုယ်တိုင်လုပ်ဖို့သိမြင်မှုတွေ၊ ပြောစရာဆိုစရာ ရှိတာကို ရဲရဲဝံ့ဝံ့ ပြောဆိုရဲတဲ့ စွမ်းရည်တွေ ပါဝင်ပါတယ်။