လူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း ဆင်တွေကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ ဆင်တွေရဲ့ရှေ့လက်မှာ ကြိုးတစ်ချောင်းနဲ့ ချည်ထားပြီး မြေပြင်ပေါ်မှာ တုတ်ရိုက်ထားတာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ်။ သူ အံ့သြသွားပါတယ်။

“ ဒီ ဧရာမသတ္တဝါကြီးတွေကို ဘာဖြစ်လို့ ကြိုးသေးသေးနဲ့ ချည်ထားတာတောင် ဆင်တွေမပြေးတာလဲ၊ သံမဏိကြိုးလည်း မဟုတ်၊ လှောင်အိမ်လည်း မဟုတ်ဘဲနဲ့ ဒီကောင်ကြီးတွေ အလွယ်တကူရုန်းပြီး ထွက်ပြေးနိုင်တာကို ဘာလို့ မပြေးကြတာလဲ” လို့ တစ်ယောက်တည်း တွေးမိလိုက်ပါတယ်။

အဲလိုနဲ့ အနီးနားမှာရှိတဲ့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ “ အကိုဆင်ထိန်း ဆင်ဆိုတဲ့သတ္တဝါက တော်တော်အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ ထိန်းထားတာကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မကြောက်ဖူးလား၊ သံကြိုးလည်း မဟုတ်ဘဲနဲ့ဗျာ၊ အံပါရဲ့” လို့ မေးလိုက်ပါတယ်။

ဆင်ထိန်းက
“ ကောင်းပြီ ကျွန်တော်ရှင်းပြမယ်၊ ဒီဆင်တွေ ငယ်ငယ်တုန်းက ဆင်ပေါက်စ ဘဝတုန်းက ပေါ့ဗျာ၊ အဲဒီကြိုးလေးနဲ့ ချီထားတာ၊ သူတို့ မရုန်းနိုင်ခဲ့ပါဘူး၊ အားက မသန်သေးတာကို၊ အခု ကြီးလာတော့လည်း အဲဒီကြိုးလေးနဲ့ပဲ ချီထားလိုက်တာပဲ၊ ဆင်တွေရဲ့စိတ်ထဲမှာ ဒီကြိုးကို သူတို့ဘယ်တော့မှာ မရုန်းနိုင်ဘူးလို့ စိတ်စွဲနေတာဗျ”
လို့ ပြန်ဖြေလိုက်ပါတယ်။

လူ့ဘဝဆိုတာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ကိုယ်မစွမ်းဆောင်ခဲ့နိုင်တာကို တစ်သက်လုံး ငါဘယ်တော့မှ မလုပ်နိုင်ဘူးလို့ အရှုံးပေးလက်လျှော့တတ်ကြပါတယ်။ တကယ်တော့ ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းလိုပါပဲ။ ကြမ်းပြင်ပေါ် လဲသွားတာကို ကြိုးဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ်ပါဘူး။

သင်ပြန်မထလာမှ အရှုံးလို့ သတ်မှတ်လိုက်တာပါ။ အရှုံးဆိုတာကို ရင်ဝယ်ပိုက်ထားရင် တစ်သက်လုံးရှုံးမှာ သေချာပါတယ်။