ဆရာကောင်းဖြစ်ဖို့ "စ" ငါးလုံးဆောင် "အ" ငါးလုံးရှောင်
••••••••••••••••••••••••••••••••••••••••••••••••••••••
>> ဆောင်ရမည့် 'စ' ငါးလုံး <<
စ … စိတ်ဓာတ်မွန်မြတ်ခိုင်မာခြင်း။
စ … စေတနာမှန်ခြင်း ။
စ … စည်းကမ်းရိုသေလိုက်နာခြင်းနှင့် စာရိတ္တကောင်းခြင်း။
စ … စာပေကိုစနစ်တကျ လေ့လာခြင်း။
စ … စိစစ်ဝေဖန်သည့် အလေ့အကျင့်ပျိုးထောင်ခြင်း။
>> ရှောင်ရမည့် 'အ' ငါးလုံး <<
အ … အဂတိတရားလေးပါးရှောင်ပါ။
အ … အရှက်မရှိလူမျိုး အလဇ္ဇီဖြစ်ချင်းကို ရှောင်ပါ။
အ … အချောင်ခိုမှုကိုရှောင်ပါ။
အ … အစွန်းရောက်မှုကိုရှောင်ပါ။
အ … အသပြာလောက၏ လွှမ်းမိုးမှုကို ရှောင်ပါ။