ကိုယ့်ကလေးတွေနဲ့ပတ်သက်ဆက်နွယ်မှုရှိတဲ့လူကြီးတွေကိုလေ့လာတွေ့ရှိရသလောက်သူတို့မှာရှိတဲ့အဓိကပြဿနာတွေထဲကတစ်ခုကတော့ကလေးတွေရဲ့ခံစားချက်ကိုကောင်းကောင်းနားမလည်ခြင်းပဲ။
ဒါဟာသူတို့ကိုယ်တိုင်ရဲ့ခံစားချက်တွေကိုတောင်သူတို့သေချာ
မသိလို့လည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့်သင်ကိုယ်တိုင်သင့်ခံစားချက်ကိုတောင်သေချာမသိ
င်တော့သင့်ကျောင်းသားတွေရဲ့ခံစားချက်တွေကိုရောသင်ကောင်းကောင်းနားလည်နိုင်ပါ့မလားဆိုတာကတော့မေးခွန်းထုတ်စရာပါပဲ။
လူတစ်ဦးတစ်ယောက်တိုင်းဆီမှာရှိတဲ့စိတ်ခံစားမှုရဲ့အပေါ်ယံ
လိုအပ်ချက်တစ်ခုကတစ်ပါးသူဟာမိမိခံစားချက်သာမကအခြားသူတွေရဲ့ခံစားချက်ကိုပါ အလေးထားခြင်းပါပဲ။
ခံစားချက်တွေကိုအလေးထားမှုမရှိရင်တော့ဒါဟာလူတွေရဲ့စိတ်ခံစားမှုကိုကောင်းကောင်းအနှောင့်အယှက်ပေးနိုင်ပါတယ်။
ဆရာ၊ဆရာမတွေဟာ မိမိတို့လိုချင်တဲ့ပုံစံမျိုးနဲ့မကိုက်ညီတိုင်းသာကျောင်းသားတွေအတွက်ဘာမှလုပ်ဆောင်မပေးဘူးဆိုရင် ဒါဟာကျောင်းသားတွေရဲ့စိတ်ဓာတ်ကိုပျက်ပြားအောင်လုပ်ဆောင်နေခြင်းပါပဲ။
ဒါဆိုရင်ကျောင်းသားတွေဟာလည်းသူတို့ရဲ့စိတ်မကျေနပ်မှုတွေကိုနည်းလမ်းအသွယ်သွယ်နဲ့ပြလာပါလိမ့်မယ်။ဥပမာ-ဆိုးရွားတဲ့အပြူအမူအပြောအဆိုတွေလုပ်ဆောင်ခြင်းတွေလိုမျိုးပေါ့။
မိဘ၊ ဆရာသမားတွေသာ သူတို့ရဲ့အဓိကလိုအပ်ချက်တွေ၊
သူတို့စိတ်ကျေနပ်မယ့်အရာမျိုးလေးတွေကိုသာသေချာသိလေလေသူတို့ရဲ့မဆီလျော်တဲ့အပြုအမူတွေကိုလျော့ချနိုင်လေလေ ပါပဲ။
သေချာထိန်းကျောင်းလို့မရဘူးဆိုတဲ့ကလေးတွေရဲ့အခြေခံအချက်ကိုခြုံငုံကြည့်ရရင် သူတို့တွေဟာ ကျောင်းမှာ ဒါမှမဟုတ် အိမ်မှာ လျှစ်လျူရှုခံထားရတာနဲ့ လိုအပ်တာထက်ပိုပြီးစည်းကမ်းတင်းကြပ်တာတွေကြောင့်ဖြစ်ရတာများပါတယ်။
အကြောင်းပြချက်တွေထဲကတစ်ချက်ကတော့လူကြီးတွေဟာ
သူတို့ရဲ့ကိုယ်ပိုင်ဘဝကိုတောင်သေချာမသိခြင်းနဲ့ သူတို့ဘဝမှာဘာတွေဖြစ်ပျက်နေတယ်ဆိုတာကိုသေချာမသိလို့လည်းဖြစ်နိုင်ပါတယ်။
ဒါဆိုအပေါ်ကပြောသွားတဲ့အချက်တွေထဲကနေ ဆရာ၊ဆရာမတွေကရော ဘာတွေလေ့လာသိရှိခဲ့ရပါသလဲ။ အရေးအကြီးဆုံးအချက်ကတော့သင်ကိုယ်တိုင်သင်နဲ့သင့်ခံစားချက်ကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ကြည့်ပါ။
သင်သာသင့်ခံစားချက်တွေကိုနက်နက်ရှိုင်းရှိုင်းခံစားသိမြင်လာတယ်ဆိုရင် ဒါမှမဟုတ် သင်ဘာကိုဖြစ်ချင်တယ်၊ ဘာဖြစ်နေတယ်ဆိုတာကိုသာ သေချာသိပြီဆိုရင်တော့ သင်ဟာသင့်ကျောင်းသားတွေနဲ့ပိုမိုကောင်းမွန်သောဆက်ဆံရေးတစ်ခုကိုတည်ဆောက်လာနိုင်မှာပါ။
Source from * Teaching through the heart *
Translated by Elissa
**** English Version *****
A Special Message to Teachers
-------------------------------------
One of the major problems I have observed in adults dealing with children is that they do not acknowledge the child’s feelings. This could be because they are not in touch with their own feelings. If you are not in touch with your feelings, it is questionable whether you can understand what your students feel.
To have one’s feelings respected is a basic emotional need and in the absence of this, people can feel highly disturbed. Students, being powerless, become frustrated, as any of us will do when our needs are unmet.
They act out their frustration in various ways which are typically seen as ‘misbehavior’. The better you identify their unique needs and satisfy them, fewer the behavioral problems.
One of the things students who are aggressive and unmanageable seem to have in common is that they are emotionally neglected, over-controlled or abused at home/school.
One of the reasons for this could be that adults dealing with them do not have clarity about their own life and what is happening in their life.
What can a teacher learn from the above? It is of utmost importance that you build a meaningful relationship with yourself. If you were to reflect deeply and be in touch with your feelings and what is happening to you, you may be able to connect to the students better.
Source from * Teaching through the heart *