ပင်လုံစာချုပ် နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားကိုယ်စားလှယ် (၂၃) ဦး တို့သည် တောင်တန်း နှင့် ပြည်မ ကွဲပြား ခွဲခြားမှုမရှိသည့် ပြည်ထောင်စုကြီးကို တည်ထောင်ကြရန် သဘောတူညီခဲ့ကြသည့်အလျှောက် အချုပ်အချာအာဏာပိုင် လွတ်လပ်သည့် "မြန်မာနိုင်ငံတော်ကြီး" ကို တိုင်းရင်းသားများအားလုံး စုပေါင်းပြီး ဖွဲ့စည်းတည်ထောင်နိုင်ရန် နှင့် တောင်တန်းဒေသ နှင့် ပြည်မ ပူးပေါင်းပြီး အင်္ဂလိပ် ကိုလိုနီနယ်ချဲ့များထံမှ လွတ်လပ်ရေး အတူတကွ ရယူကြရန် သဘောတူညီပြီး (၁၉၄၇ ခုနှစ်) ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် စာချုပ် ချုပ်ဆိုခဲ့ကြသောကြောင့် "ပင်လုံစာချုပ်” ဟု ခေါ်ခြင်းဖြစ်ပါသည်။
ပင်လုံစာချုပ်ကို ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြသောနေ့ (၁၉၄၇ ခုနှစ်) ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို “ပြည်ထောင်စုနေ့” ဟု သတ်မှတ်ခဲ့ကြသည်။
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။