1.ရွေးချယ်ခွင့်များများပေးပါ

လူကြီးဆိုတာမျိုးက ကလေးကို ဆုံးဖြတ်ခွင့် ဘယ်တော့မှ မပေးချင်ကြတာ များပါတယ်။ကလေး ကိစ္စမှန်သမျှကို သူတို့ဘာသာ သူတို့ပဲ ဆုံဖြတ်ချင်ကြတယ်။ကိုယ်ပိုင် ဆုံဖြတ်ခွင့်မပေးဘဲနဲ့ လူကြီးရဲ့ ဆုံဖြတ်ခွင့်အောက်မှပဲ နေလာခဲ့ရတဲ့ ကလေးများဟာ ကြီးပြင်းလာတာနဲ့ အမျှ ကန်လန့်တိုက် ပုန်ကန်ချင်တတ်လာပါတယ်။ ကလေးကို ဒါလုပ် ဒါလုပ်လို့ အမိန့်ပေးတာထက်စာရင် ရွေးချယ်ခွင့်များများ ပေးပါ။ဘဝမှ ရွေးချယ်ခွင့်များများရတဲ့ ကလေးဟာ ပုန်ကန်ချင်စိတ်လည်း နည်းလာတတ်ပါတယ်။

 

2.ဒဏ်ပေးခြင်းမှ ရှောင်ပါ။

ကလေးက ကိုယ်မကြိုက်တဲ့ မှားယွင်းတဲ့ အပြုအမူကို လုပ်လိုက်တိုင်း၊ ကိုင်လိုက်တိုင်းမှ ကလေးကို ဒဏ်ပေးမယ့်အစား ကလေးဘာကြောင့် ဒီလုပ် လုပ်လိုက်ရတာလဲ ဆိုတာကို ကလေးနဲ့ အတူတူ အဖြေရှာ ပြောဆိုတာက ပိုကောင်းပါတယ်။ ကလေးကို ဒဏ်ပေးလိုက်ခြင်း ဟာကလေးစိတ်ထဲ နာကျင်သွားစေနိုင်သလို ဘာကြောင့်သူတို့ ဒီလို အလုပ်ခံရတာလဲဆိုတာကို သိပ်နားမလည်နိုင်တာမို့ နောက်တစ်ကြိမ် အခွင့်အရေးများရမယ်ဆိုရင်ဖြင့် မှားယွင်းတဲ့ အပြုအမူတွေ၊အလုပ်အကိုင်တွေကိုကလေးကလွယ်လင့်တကူထပ်လုပ်နိုင်ပါသေးတယ်။ကလေးနားလည်အောင်လို့ အပြုအမူဆိုး တစ်ခုလုပ်တိုင်းမှ ဘာကြောင့် မလုပ်သင်ဘူးလဲ ဆိုတာကို လွယ်လွယ်ရှင်းရှင်း နဲ့ သဘောပေါက်အောင် ပြောဆိုပေးတာက ဒဏ်ပေးတာထက်စာရင် တိုက်ရိုက် ပိုကျတဲ့ အပြင်ပို့ပြီးတော့သိရပါတယ်။

 

3.ကလေးအပေါ်မှာ အာရုံစူးစိုက်မူပေးပါ။

ကလေးတို့ကို အချိန်ပေးဖို့နဲ့သူတို့ လုပ်တာကိုင်တာတွေ၊သူတို့ပြောချင် ဆိုချင်တာတွေကို အာရုံစိုက်ပြီးတော့ နားထောင်ပေးဖို့လိုပါတယ်။ကလေး ဆွဲလာတဲ့ပုံလေးတွေကို လာပြောရင်ပဲဖြစ်ဖြစ်၊အမူမဲ့ အမှတ်မဲ့ မနေရပါဘူး။ကလေးပြောတာကို ကိုယ်နဲ့ရွယ်တူ လူကြီးတစ်ယောက်လာပြောနေသလိုပဲ အာရုံစိုက်ပြီးတော့ နားထောင် အသိအမှတ်ပြုပေးရပါမယ်။ စာဖတ်နေရင်း တန်းလန်း၊သတင်းစာကြည့်နေရင်း တန်းလန်းနဲ့အေးအေးဆိုပြီးတော့ နားထောင်ရမှ မဟုတ်ပါဘူး။ကလေးဘက်ကို မျက်နှာလှည့်ပြီးတော့ ကလေးနဲ့အတူ မျက်လုံးချင်းဆိုင်ကာ သေသေချာချာ နားထောင်ပေးရမှာပါ။ကလေး ပြောတာကို အာရုံစိုက်ပြီးတော့နားမထောင်ပေးဘူးဆိုရင် ကလေးရင်ထဲမှ လစ်ဟာသွားတတ် ပါတယ်။ အဲဒီ့ လစ်ဟာမူကြီးဟာကလေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မူ မရှိအောင်နဲ့ကိုယ်ကိုယ်ကိုယ် အပြစ်တင်တတ်အောင်လို့ လုပ်ပေးလိုက်တော့တာပါပဲ။ပြီးတော့ ကလေးဟာ လူကြီးရဲ့ အာရုံစူးစိုက်မှုမရတာမို့ အာရုံစူးစိုက်မှုရအောင်လို့ အမျိုးမျိုးလုပ်လာပါတော့တယ်။ကလေးကို ကိုယ်ကအချိန်လေးပေးပြီးတော့ ကလေးလုပ်တာ ကိုင်တာ ပြောတာဆိုတာတွေကို အာရုံစိုက်ပြီးတော့ နားထောင်လိုက်မယ်ဆိုရင်တော့ လူကြီးရဲ့ အာရုံစူးစိုက်မှုရအောင်လို့ အမျိုးမျိုးပြုလုပ်နေတာတွေကို အကုန်လုံး အလိုလို ရပ်သွားပါလိမ့်မယ်။