မူကြိုမပို့ခင် ဘာတွေပြင်ဆင်ပေးရမလဲ? 

အငြိမ်းစား မူကြိုကျောင်းဆရာမကြီး မစ္စဖီလာကတော့ "မူကြိုကျောင်းကို မရောက်ဖူးသေးတဲ့ ကလေးတွေ အတွက် မူကြိုကျောင်းကသင်တဲ့ အရေးအဖတ်စာလုံးတွေ၊ ညွှန်ကြားမှုတွေကို လိုက်နာရမှု စတာတွေကို အိမ်မှာ ကြိုတင်လေ့ကျင့်မထားရင်၊ ကျောင်းကိုရောက်မှ စသင်ရရင် သူများတွေထက် စာမှာရော၊ လူမှုဆက်ဆံရေးမှာပါ နောက်ကျတော့တာပဲ" ဟုပြောထားပါတယ်...။

မူကြိုပို့ဖို့စဉ်းစားနေတဲ့ ဖေဖေမေမေတို့အတွက် မူကြိုမပို့ခင် ပြင်ဆင်ပေးရမယ့် အချက် (4) ချက်ကို Nurture မှ ဖော်ပြပေးလိုက်ပါတယ်...။

1 အခြားသူများနှင့် ပြောဆိုတတ်သော စွမ်းရည်

ကလေးတွေဟာ အတန်းထဲမှာ မိမိလိုအပ်ချက်တွေကို နှုတ်က ဖွင့်ပြောတတ်ဖို့လိုပါတယ်။ ဒါ့အပြင် လက်ညှိုးထောင်ပြတာ၊ လက်ထောင်ပြတာ၊ ခွင့်ပန်တာ စတာတွေ လုပ်တတ်ဖို့လိုပါတယ်...။

2 ညွှန်ကြားချက်ကို လိုက်နာခြင်း

ကလေးများဟာ အလွန်ငယ်ရွယ်တဲ့ အချိန်က စလို့ အခြေခံညွှန်ကြားချက်တွေကို လိုက်နာဖို့သင်ယူကြရတာပါ။ မူကြိုကျောင်းမှာတော့ ဘာလုပ်ပြီးရင် ဘာလုပ်ရမယ် ဆိုတဲ့ ညွှနိကြားချက်တွေကို နားထောင်ဖို့လိုပါတယ်။ ညွှန်ကြားချက်အတိုင်းလိုက်လုပ်ဖို့လည်း လိုပါလိမ့်မယ်...။

3 အဖော်များနှင့် လုပ်ကိုင်ရခြင်း

မူကြိုကျောင်း အများစုမှာ ကလေးငယ်များဟာ ကျောင်းချိန်အတွင်း အုပ်စုလေးတွေ ဖွဲ့ပြီး သင်ကြားရပါလိမ့်မယ်။ အုပ်စုလိုက် အလှည့်ကျ စာဖတ်ခြင်း၊ Computer သင်ခြင်း စတာတွေကို လုပ်ကြရတဲ့ အခါ မိမိအလှည့်ကျ ယူဖို့၊ စကားပြောဖို့၊ သည်းခံစိတ်ရှည်စွာ စောင့်နေတတ်ဖို့လိုပါတယ်...။

4 အခြေခံနေထိုင်မှု စွမ်းရည်

အင်္ကျီဝတ်တတ် ချွတ်တတ်ခြင်း၊ လွယ်အိတ် လွယ်တတ် ချိတ်တတ်ခြင်း၊ ဇစ်ဆွဲတတ်ခြင်း စသည့် အခြေခံ နေထိုင်မှုတွေကို တတ်မယ်ဆိုရင် ကလေးက အမှီအခို ကင်းသူ ပိုဖြစ်ပါလိမ့်မယ်။