သင်ကောအဲဒီအချက်က မှန်ကန်တယ်လို့ မှတ်ယူထားပါသလား ?
လူအများစုရဲ့ဦးနှောက်မှာ အမြဲတစ်သတ်မတ်တည်း သတ်မှတ်ထားချက်တွေ၊ မှတ်ယူထားတဲ့အကြောင်းအရာတွေ အများကြီးရှိပါတယ်။ အဲ့ထဲမှာမှ မှားယွင်းစွာ မှတ်ယူနေကြတဲ့ အကြောင်းအရာတချို့ကို ဖော်ပြပေးသွားပါမယ်ရှင့်။
တစ်နေ့ကို အနည်းဆုံး ဖန်ခွက် (၈) ခွက်ရေသောက်ဖို့လိုအပ်တယ်ဆိုတဲ့အချက်က တကယ်တော့ လုပ်ကိုလုပ်ရမယ်ဆိုတဲ့စည်းမျဉ်းချထားခြင်းမဟုတ်ပါဘူး။ တကယ့်တော့ ကျန်းမာတဲ့ လူနေမှုဘ၀အတွက်တော့ မလိုအပ်ပါဘူး။
Mayo Clinic ရဲ့အဆိုအရနေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏဟာ လူတွေရဲ့ ကျန်းမာမှု၊ လှုပ်ရှားမှု၊ နေထိုင်တဲ့နေရာဒေသတွေရဲ့ မတူညီတဲ့အကြောင်းအရာအပေါ်မှာမူတည်နေပါတယ်။ တစ်ချို့သောလူတွေဟာ ဖန်ခွက် (၈)ခွက်အောက်နည်းတဲ့ ရေဓာတ်ပမာဏက ပြည့်စုံလုံလောက်ပြည့်၀မှုရှိနေပြီး လူတချို့ကျတော့ ဖန်ခွက် (၈)ခွက်ထက်မကပိုပြီး ရေဓာတ်ပမာဏလိုအပ်တဲ့သူတွေရှိပါတယ်။