အမှတ်တရ အချိန်လေးများ...

မူကြိုကျောင်းရဲ့ နောက်ဆုံးနေ့ရက်လေးများဟာ ကလေးအတွက် အမှတ်တရ မှတ်တမ်းတင်ပေးဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။ နောက်ပညာသင်နှစ် အစဆိုရင် သူဟာ နောက်ထပ် စွန့်စားမှု တစ်ရပ်အနေနဲ့ မူလတန်းကျောင်းခရီးကို စတင်ရတော့မှာ ဖြစ်ပါတယ်။ မူကြိုတက်ရမဲ့ လ အနည်းငယ်ကို သူ့အတွက် တစ်သက်တာ အမှတ်တရဖြစ်အောင် ဂုဏ်ပြုမှတ်တမ်းတင်ပေးသင့်ပါတယ်...။

 

၁။ ဓာတ်ပုံမှတ်တမ်းလေးထားပါ။

ကလေးရဲ့ အခန်းထဲမှာ သူကိုယ်တိုင်သိမ်းထားနိုင်ဖို့ မူကြိုကျောင်းက ဓာတ်ပုံလေးတွေကို ဖိုင်လေးတစ်ဖိုင် တွဲထားပေးပါ။ ဓာတ်ပုံလေးတွေကို ဆရာ/မ၊ သူငယ်ချင်း၊ ဂိမ်းပြိုင်ပွဲ၊ လေ့လာရေးခရီး၊ ကျောင်းကပွဲ စသည်ဖြင့် ခွဲထားနိုင်ပါတယ်။ နောင်တစ်ချိန်မှာ ဒီပုံလေးတွေကို အမှတ်တရ ကြည့်ပြီး ပျော်ရွှင် နှစ်ခြိုက်ပါလိမ့်မယ်။

 

၂။ အမှတ်တရ လက်ဆောင်လေးတွေ ဖန်တီးပေးပါ။

ကလေးကို ဆရာ/မ တွေ အတွက် သူလုပ်ထားတဲ့ လက်ဆောင်လေးတွေပေးဖို့ အကြံပြုပါ။ သူကိုယ်တိုင်လုပ်တဲ့ လက်ဆာင်လေးဆိုရင်ပိုကောင်းပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ မူကြိုကျောင်းက ဆရာ/မ တွေဟာ သူ့ဘ၀မှာ အရေးပါတယ် ဆိုတာ အာရုံစိုက်မိစေဖို့ ရည်ရွယ်ခြင်းပဲ ဖြစ်ပါတယ်။

 

၃။ နှုတ်ဆက်ပွဲ

မူကြိုကျောင်းက ပြုလုပ်ပေးတဲ့ နှုတ်ဆက်ပွဲ အပြင် မိဘတွေ အနေနဲ့လည်း ကလေးရဲ့ သူငယ်ချင်းတွေကို အိမ်မှာ စုစည်းပြီး မူကြိုနှုတ်ဆက်ပွဲလေး လုပ်ပေးနိုင်ပါတယ်။ အကောင်းဆုံးအချိန်ကတော့ မူကြိုကျောင်းပြီးခါနီး နောက်ဆုံး သီတင်းပတ်လောက်မှာ ဖြစ်ပါတယ်။

 

၄။ Video မှတ်တမ်းတင်ပါ။

မူကြိုကျောင်းက ခွင့်ပြုချက်တောင်းပြီး ကျောင်းမပိတ်မီ တစ်ရက်မှာ Video မှတ်တမ်းတင်ထားနိုင်ပါတယ်။ ဥပမာ - အိပ်ယာထ၊ အဝတ်အစားလဲ၊ ကျောင်းသွား၊ ကျောင်းမှ အပြန်တံခါးကနေ ထွက်ခွာလာခဲ့ပုံ စသည်ဖြင့် မူကြိုကျောင်းရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်နိုင်ပါတယ်။

ကလေးအတွက် အမှတ်တရလေးတွေ ဖန်တီးပေးလိုက်ကြရအောင်...။