ဆဲတတ်တဲ့ အကျင့် ပျောက်အောင် 

ကလေးဟာ စကားတတ်လာပြီ ဆိုရင် သူစိတ်ဆိုးတဲ့ အချိန်၊ စိတ်အလိုမကျတဲ့ အချိန်တွေမှာ ဆဲဆိုတဲ့ စကားလုံးတွေ သူ့ပါးစပ်က ထွက်လာနိုင်ပါတယ်။

ဒီလိုကြားရတဲ့ အခါ တုံပြန်လိုက်တဲ့ မိဘတွေရဲ့ တုံ့ပြန်မှုက ကလေးကို ဒီလိုစကားလုံးတွေ ထပ်မသုံးအောင်၊ ထပ်သုံးစွဲအောင် အကျိုးသက်ရောက်စေပါလိမ့်မယ်။

အောက်ပါ အချက်လေးတွေ (၃) ချက်ကို လေ့လာကြည့်ကြရအောင်...။

၁။ မချုပ်တီးဘဲ ပြုံးရယ်မိနေခြင်း

ကလေးဆီက ဆဲဆိုတာလို ရိုင်းပြတဲ့ စကားလုံးမျိုးကြားရတဲ့အခါ သဘောကျလို့ ပြုံးမိ ရယ်မိ သွားမယ် ဆိုရင်တောင် သူ့ရှေ့မှာ မပြုံးမိပါစေနဲ့။ ကလေးက သူဆဲတာကို သဘောကျတယ် ဆိုပြီး နားလည်သွားနိုင်ပါတယ်။

၂။ ကလေးကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခြင်း

ကလေးဆဲဆိုနေတာကို ပြင်းပြင်း ထန်ထန် ဆူပူကြိမ်းမောင်းမယ်၊ လွန်လွန်ကဲကဲ ဂရုစိုက်ပေးလိုက်မယ် ဆိုရင် ကလေးအနေနဲ့ ဆဲဆိုခြင်းက လူကြီးရဲ့ ဂရုစိုက်မှုရနိုင်တယ် လို့ တွေးထင်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီလိုလုပ်ခြင်းက ကလေးကို နောက်ထပ်ဆဲဆိုမှုတွေ လုပ်ဖို့ အားပေးသလို ဖြစ်နေ နိုင်ပါတယ်။

၃။ လျစ်လျူရှုထားခြင်း

ကလေးဆဲနေတာကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ဖို့ မိဘတွေအတွက် အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် လျစ်လျူရှုထားခြင်းက ဗျူဟာကောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 ကလေးမဆဲအောင် ဘယ်လို ထိန်းမလဲ? 

 အေးအေးဆေးဆေး တုံ့ပြန်ပါ။
 လေးလေးနက်နက်ပြောပါ။
 သူ့စကားလုံးကြောင့် မိဘဖြစ်သူ စိတ်မချမ်းသာ ဖြစ်ရတာကို သိသွားပါစေ။
 ဆဲရေးခြင်း၊ ရိုင်းပြတဲ့ စကားလုံးများကို သုံးစွဲခြင်းကြောင့် ကျရောက်မယ့်
အကျိုးဆက်တွေကို ပြောပြပါ။

ကိုးကား - မိဘအုပ်ထိန်းမှုနှင့် ကလေး၏ ပင်ကိုစွမ်းရည်ဖွံ့ဖြိုးမှု (ဒေါက်တာမြင့်လွင်)

 ‘’ကျောင်းနေပျော်၍ စဉ်းစားတွေးခေါ်တတ်ရမည်’’