🌏 ကမ္ဘာကြီးကို ကယ်တင်ဖို့ Superman ဖြစ်စရာမလိုပါဘူး။ 🌍
Plastic အိတ်တွေ အမှိုက်တွေကို မလျော့ဘဲ ဒီထက်ပိုပြီး သုံးစွဲနေမယ်ဆိုရင် 2050 ရောက်တဲ့ အခါ ပင်လယ် ထဲ မှာ ငါးတွေထက် Plastic အိတ်တွေ များနေလိမ့်မယ်လို့ 2016 ခုနှစ်တုန်းက Washington Post သတင်းဌာန ကို သိပ္ပံပညာရှင်များက ပြောကြားခဲ့ပါတယ်။
ယခု ဆိုလျှင် Plastic အိတ်( ကြွပ်ကြွပ်အိတ်) လျော့ချသုံးစွဲဖို့ နေရာတော်တော်များများနှင့် နိုင်ငံ တော်တော် များများမှာ အရှိန် အဟုန်မြင့် လုပ်ဆောင်လာကြပြီ ပဲ ဖြစ်ပါတယ်…။
ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးကို အောက်ပါနည်းလမ်း (၃) ခုကို အသုံးပြုပြီး ကယ်တင်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်….။
🚫 Reduce (လျော့ချသုံးစွဲပါ) 🚫
Plastic အိတ်( ကြွပ်ကြွပ်အိတ်) သုံးစွဲမှုအားလျော့ချပါ။ စက္ကူအိတ်များ၊ ချည်သားဖြင့်ပြုလုပ်ထားသော အိတ်များ ကို အသုံးပြုခြင်းဖြင့် လျော့ချနိုင်ပါတယ်။
အစားအစာများ ဝယ်ယူပါက Plastic အိတ်( ကြွပ်ကြွပ်အိတ်) အစား ဂျိုင့်ဖြင့်ထည့်၍ ဝယ်ယူပါက အန္တရယ်ကင်းစေသည့်အပြင် Plastic အိတ်( ကြွပ်ကြွပ်အိတ်) လည်း လျော့ချရာရောက်ပါတယ်…။
🚫 Reuse (ပြန်လည်အသုံးပြုပါ) 🚫
သုံးစွဲပြီးသား Plastic အိတ်( ကြွပ်ကြွပ်အိတ်) များကို ပြန်လည် အသုံးပြုနိုင်ပါတယ်။
Plastic အိတ်( ကြွပ်ကြွပ်အိတ်) အသစ်အသုံးပြုရန် ငြင်းဆန်ပြီး Plastic အိတ်( ကြွပ်ကြွပ်အိတ်) အဟောင်းကို ပြန်လည် အသုံးပြုကာ Plastic အိတ်( ကြွပ်ကြွပ်အိတ်) အသုံးပြုမှုများ လျော့ချနိုင်ပါတယ်…။
🚫 Recycle (Plastic ကုန်ကြမ်းမှ အသစ်ပြန်လည်ထုတ်လုပ်ပါ) 🚫
Plastic အိတ်( ကြွပ်ကြွပ်အိတ်) များကို ကုန်ကြမ်း အဖြစ်မှ အသစ် ပြန်လည် ထုတ်လုပ်ခြင်းဖြင့်လည်း Plastic အိတ်( ကြွပ်ကြွပ်အိတ်) အသုံးပြုမှုများ လျော့ချနိုင်ပါတယ်။ Plastic အိတ်( ကြွပ်ကြွပ်အိတ်) အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ကူညီနိုင်ပါတယ်…။
💥 သင် ကမ္ဘာကြီး ကို ကယ်တင်နိုင်တယ်ဆိုတာ ယုံပါသလား ? 💥
ယခုပဲ ကျွန်တော်တို့ Plastic အိတ်( ကြွပ်ကြွပ်အိတ်) များလျော့ချသုံးစွဲခြင်းဖြင့် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးကို ကယ်တင်လိုက်ကြပါစို့…။
လွတ်လပ်စွာ ဝေမျှခြင်းဖြင့် အခြားသူများကိုပါ သိရှိပါစေ။
(Nurture Preschool)