🔥🔥🔥 ဝူဟန်ဗိုင်းရပ်စ် ဘယ်ကနေ စဖြစ်တာလဲ ??? 🔥🔥🔥

ကိုရိုနာဗိုင်းရပ်စ် (ခေါ်) ဝူဟန်ဗိုင်းရပ်စ်ဟာ ၂၀၁၉ ဒီဇင်ဘာမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ
စတင်တွေ့ရှိခဲ့တာလို့ ကနဦး သတင်းများအရသိရပါတယ်။
ရေထွက်ပစ္စည်းတွေကနေ ဒီဗိုင်းရပ်စ်ကို ရတယ်လို့ ကောက်ချက်ချထားပါတယ်။
ဝူဟန်ဗိုင်းရပ်စ်ဟာ ၂၀၀၂ ၊၂၀၀၃ ခုနစ်တွေမှာ ကမ္ဘာတဝန်းက လူပေါင်းထောင်ချီကူးစက်ပျံနှံ့ပြီး ၇၀၀ ကျော်အသက်ဆုံးရှုံးခဲ့ရတဲ့ ဆားရောဂါဖြစ်စေ တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ် (Corona Virus) ထဲကပဲဖြစ်တာမို့ သတိထားသင့်ပါတယ်။

တရုတ်နိုင်င်ငံမှာ ဒီ ဗိုင်းရပ်စ်ဟာ ဆက်လက် ပြန့်ပွားနေပြီး ရောဂါ ကူးစက်သူပေါင်း
၁၃၀၀ ကျော်အထိ မြင့်တက်လာကာ သေဆုံးသူ ၄၁ ဦးထိ ရှိနေပြီဖြစ်ကြောင်းကို နောက်ဆုံးရ သတင်းအနေနဲ့ သိရပါတယ်။
သေဆုံးသူများမှာလည်း တရုတ်နိုင်ငံ တစ်နိုင်ငံတည်းကသာ ဖြစ်ပါတယ်။

ယခု လို ကူးစက်မှုတွေဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ် ၂၉ ခုထဲမှာ ဖြစ်ပွားနေတာဖြစ်ပြီး ဝူဟန်မြို့ကိုလဲ ပိတ်ထားကြောင်း သိရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကူးစက်သူ ၅ ဦးတွေ့ထားတယ်လို့ သိရပါတယ်။
ပညာရှင်တွေကတော့ ဆက်လက်လေ့လာနေပါတယ်။

🔥🔥🔥ဝူဟန်ဗိုင်းရပ်စ် ရဲ့ လက္ခဏာတွေက ဘာတွေလဲ ??? 🔥🔥🔥

🔥 ကိုယ်ပူခြင်း
🔥 ချောင်းဆိုးနှာစေးခြင်း
🔥 ချမ်းတုန်ခြင်း
🔥 ခေါင်းကိုက်ခြင်း
🔥 လည်ချောင်းနာခြင်း
🔥 အသက်ရှုရခက်ခြင်း တို့အပြင် သေဆုံးသည် အထိ ဖြစ်နိုင်ပါတယ်။

🔥🔥🔥 ဝူဟန်ဗိုင်းရပ်စ်ကို ဘယ်လို ကာကွယ်မလဲ ??? 🔥🔥🔥

🔥 ဗိုင်းရပ်စ် အသစ်မို့ ကာကွယ်ဆေး မရှိသေးပါဘူး။
🔥 လူထူထပ်သော နေရာများသို့ သွားလျှင် Mask တပ်ပါ။
🔥 လူလူချင်း ကူးစက်နိုင်တာမို့ လူထူထပ်သောနေရာများကို အတတ်
နိုင်ဆုံးရှောင်ပါ။
🔥 လက် ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပေးပါ။

ကိုယ်ခံအားကသာ ဒီ ဗိုင်းရပ်စ်ကို ကာကွယ် တိုက်ထုတ်ပေးနိုင်တာမို့

🔥 အိပ်ရေး၀အောင်အိပ်ပါ။
🔥 ၀၀ လင်လင် စားပါ။
🔥 ကိုယ်ခံအားကောင်းအောင်နေပါ။
🔥 ဂျင်းရေနွေး ကြိုက်တတ်ရင်သောက်ပေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများအရ ဝူဟန်မြို့ပေါ်ကို လေယာဉ်နဲ့ ဆေးဖြန်းဖို့ လုပ်ဆောင်နေတယ် လို့လည်း သိရပါတယ်။

International Health Regulation ကတောင် တရုတ်၊ ထိုင်းနှင့် ဂျပန်ကို အထူးစောင့်ကြည့်နေရတဲ့ အဆင့်ရောက်နေပြီ မို့ မပေါ့ဆပဲ အထူးသတိထားကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
(Entrustment)