Preschool Curriculum
ကလေးများ၏ လက်ချောင်းလေးများ၊ ကိုယ်လက်လှုပ်ရှားမှုတို့ ဖွံ့ဖြိုးစေရန်အတွက် အတွင်း/အပြင် ကစားရသော ကစားနည်းများ၊ များစွာ သော သင်ထောက်ကူပစ္စည်းများဖြင့် လေ့လာခြင်း၊ အိမ်သာသုံးတတ်စေရန်၊ ကိုယ့်ကိုကိုယ် လုပ်ဆောင်တတ်စေရန်နှင့် ကစားစရာများကို ဂရုတစိုက်ဖြင့် ကစားတတ်စေရန်တို့ကို သင်ကြားပေးပါသည်။
ဉာဏ
ကလေးများအတွက် လုပ်ဆောင်ရမည့် Activities များကို အကြာကြီး မသင်ကြားပဲ Activities တစ်ခုမှ တစ်ခုကို လွတ်လပ်စွာ ရွေးချယ်မှုများ၊ ပြုလုပ်နိုင်ကြပါသည်။ ကလေးများကို အာရုံငါးပါးဖြင့် သင်ကြားပေးပြီး ကဗျာသီချင်းများ ရွတ်ဆိုခြင်း၊ ကိုယ်လက်လှုပ်ရှားရသော ကစားနည်းများစွာတို့ဖြင့် သင်ကြားပေး ပါသည်။
စာရိတ္တ
မိမိ၏ လုပ်ဆောင်ချက်များ မှန်သည် မှားသည်ကို ဆင်ခြင်သုံးသပ်နိုင်သည့် စွမ်းရည်သည် စာရိတ္တဖွံ့ဖြိုးမှု ဖြစ်သည်။ ပြစ်ဒဏ်ပေးခံရသည်ကို ကြောက်သောကြောင့် ကလေးမှ စကားနားထောင်သည်မဟုတ်ဘဲ မိမိ၏ လိုလားချက်ဖြင့် လုပ်ဆောင်တတ်စေရန် ကလေးငယ်များ ဘယ်အရာမဆို မည်သို့လုပ်သင့်ကြောင်းနှင့် သူ၏အကျိုးဆက်တို့အား အမြဲရှင်းပြ၍ သင်ကြားပေးပါသည်။ ထို့နောက် ကလေးသည် ချီးကျူးခံလိုသော စိတ်လေးရှိသောကြောင့် သူတို့ အသက်အရွယ်အလိုက် အောင်မြင်မှုရှိစေရန်နှင့် ပျော်ရွှင်စွာ လုပ်ဆောင်တတ်သော Activities များကို အဓိက သင်ကြားပေးပါသည်။
ပေါင်းသင်းဆက်ဆံရေး
တစ်ယောက်တည်း ကစားခြင်းမှ ၂ ယောက်အတူ ကစားတတ်အောင် စတင်လေ့ကျင့်ပေးခြင်း၊ ကလေးများနှင့် ဆရာမများမှအတူ ရှိနေပြီး မှန်ကန် သော ပုံသက်သေများဖြင့် သွန်သင်ပေး ခြင်း၊ စကားလုံးများဖြင့် လိုချင်တာကို ပြောပြတတ်အောင် စတင် သင်ကြား ပေးပါသည်။
စိတ်လှုပ်ရှားဖွံ့ဖြိုးမှု
အတန်းရှိသူများအပေါ် ယုံကြည်မှုရှိလာ စေရန် တည်ဆောက်ပေး ပါသည်။ ရွေးချယ်မှုများပေး၍ မိမိလုပ်ဆောင်ချင် သော အရာများကို လုပ်ဆောင်စေခြင်း၊ ကလေးအသက်ရွယ်နှင့်ညီသော ကစား စရာများ ဆော့စေခြင်း၊ ကလေးများ လုံခြုံမှုရှိစေရန် သင်ထောက်ကူ ပစ္စည်း နှင့် နေရာတိုင်းကို ဆရာမများမှ ဂရု တစိုက် ကြည့်ပေးခြင်း၊ ကလေးများတို့ သည် ကျောင်းတွင် လုံခြုံမှုနှင့် နွေးထွေး မှုရှိသည်တို့ကို ဆရာမများမှ နွေးထွေး သော အပြုအမူများဖြင့် ပြသပြီး သင် ကြားပေးပါသည်။
အင်္ဂလိပ် သင်္ချာနှင့် မြန်မာ သင်္ချာ
၁ မှ ၁၀ ရေတွက်ခြင်း၊ လက်ချိုး ရေတွက်ခြင်းနှင့် ၁ ဆိုလျှင် ၁ ခုဆို သော သဘောတရားကိုသိခြင်း။
အင်္ဂလိပ် အက္ခရာနှင့် မြန်မာ အက္ခရာ
တစ်ပတ်တွင် Letter ၁ လုံးကိုသာ သေချာသင်ပေးပြီး Targeted Letter နှင့်ဆိုင်သော Vocabulary ကို ၁ လုံးမှ ၄ လုံးအထိ သင်ကြား ပေးပြီး ကလေး များ Letter အသံများ၊ ဆွဲနည်း များကို အမြင်ဖြင့် မှတ်မိအောင် သင်ကြားပေးပါ သည်။
Language
ကိုယ့်ကိုယ်ကို မိတ်ဆက်တတ်စေရန်၊ မိမိကျောင်း၊ အိမ်၊ မိသားစု၊ ကြိုက်/ မကြိုက်သောအရာ၊ ယဉ်ကျေးစွာ ပြောဆိုသော အသုံးအနှုန်းများ၊ သူ၊ သူမ၊ အရာဝတ္တုနှင့် မိမိကိုယ်ခန္ဓာတွင် ရှိသော အစိတ်အပိုင်းများကို ပြောဆို တတ်အောင် လေ့ကျင့်သင်ကြားပေး ပါသည်။
Social Studies
မိသားစုအကြောင်း အဖေ၊ အမေ မိသားစုဝင်များအမည်၊ လိပ်စာ၊ အလုပ် အကိုင်၊ မွေးနေ့၊ ကိုယ့်နိုင်ငံ ယဉ်ကျေး မှု၊ နေရာ၊ အစားအသောက်၊ အိမ်နီးချင်း နိုင်ငံ ၄ နိုင်ငံအကြောင်းကို ရှင်းပြပြီး သင်ကြားပေးပါသည်။
Science
သက်ရှိ၊ သက်မဲ့များ၊ အပင်၊ ရေ၊ သတ္တဝါ၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်တတ်မှု၊ ပြန်လည်အသုံးချလို့ ရသော အရာဝတ္တုများ၊ ကမ္ဘာကြီးကို ညစ်ညမ်းစေသောအရာများ၊ ကလေး၏ အသက်အရွယ်အလိုက် လွယ်ကူသော လက်တွေ့စမ်းသပ် လုပ်ဆောင်လို့ရ သော Activities များကို သင်ကြားပေး ပါသည်။
ကလေးများ လက်ချောင်းလေးများ၊ ကိုယ်လက်လှုပ်ရှားမှု ဖွံ့ဖြိုးစေရန်အတွက် အတွင်း/အပြင်ကစားရသော ကစားနည်းများ Movements မျိုးစုံတို့ကို သင်ကြားပေးသလို ရောင်စုံဖောင်တိန်အကြီး၊ ကတ်ကြေး၊ ဂျုံ၊ ပုံများ ဆက်ခြင်း၊ အတုံးများဆက်ခြင်း အစ ရှိသည်တို့အပြင် ကလေးများမိမိဘာသာ စားတတ်၊ ဝတ်တတ်အောင်နှင့် အိမ်သာတို့ကို ကောင်းစွာသုံးတတ်အောင် သင်ကြားပေးပါသည်။
ဉာဏ
တက်ကြွစွာသင်ယူနိုင်စေရန် အရောင် ဖြင့် ကစားနည်း၊ တစ်ခုနှင့်တစ်ခု ဆက်စပ်ခြင်း၊ အတန်းတွင်း၊ အိမ်တွင်း နှင့် ကျောင်းတွင် အသုံးပြုသော ပစ္စည်း များ၏ အခေါ်အဝေါ်၊ သီချင်းများ၊ လက်ချိုးရေတွက်ခြင်းများ၊ လုပ်ဆောင် ရမည့် Activities များကို အချိန်အနည်း ငယ် ကြာမြင့်စွာ သင်ယူရနိုင်သော ကြောင့် လက်တွေ့လုပ်ဆောင်ပြီး ပတ်ဝန်းကျင်နှင့် တိုက်ရိုက်စပ်ဆက်ပြီး သင်ယူလို့ရသော သင်ခန်းစာများကို ထည့်သွင်းသင်ကြားထားပါသည်။
စာရိတ္တ
မိမိ၏ လုပ်ဆောင်ချက်များမှန်သည် မှားသည်ကို ဆင်ခြင်သုံးသပ်နိုင်သည့် စွမ်းရည်သည် စာရိတ္တဖွံ့ဖြိုးမှု ဖြစ်သည်။ ပြစ်ဒဏ်ပေးခံရသည်ကို ကြောက်သော ကြောင့် ကလေးမှ စကားနားထောင် သည်မဟုတ်ဘဲ မိမိ၏လိုလားချက်ဖြင့် လုပ်ဆောင်တတ်စေရန် ကလေးငယ် များ ဘယ်အရာမဆို မည်သို့လုပ်သင့် ကြောင်းနှင့် သူ၏အကျိုးဆက်တို့အား အမြဲရှင်းပြ၍ သင်ကြားပေးပါသည်။ ထို့ နောက် ကလေးသည် ချီးကျူးခံလိုသော စိတ်လေးရှိသောကြောင့် သူတို့အသက် အရွယ်အလိုက် အောင်မြင်မှုရှိစေရန် နှင့် ပျော်ရွှင်စွာ လုပ်ဆောင်တတ်သော Activities များကို အဓိကသင်ကြား ပေးပါသည်။
ပေါင်းသင်းဆက်ဆံရေး
သူငယ်ချင်းများဖြင့် များများဝေငှ တတ်အောင် ဝေငှရသောကစားနည်း များ ပြင်ဆင်ပေးခြင်း၊ အတန်းထဲတွင် သုံးပြီးသား ပစ္စည်းများကို ရှင်းလင်း တတ်စေရန် သင်ပေးခြင်း၊ စိတ်ကူးယဉ် ပုံဖော်ရသော ကစားနည်းများ အတုယူ ကစားနည်းများစွာကို ထည့်သွင်းထားပြီး ကစားပြီး သူ့နေရာနှင့်သူ ထားတတ် အောင် သင်ကြားပေးပါသည်။
စိတ်လှုပ်ရှားဖွံ့ဖြိုးမှု
ကိုယ့်ကိုယ်တိုင် လုပ်ဆောင်တတ်ရန်သင်ကြားပေးပြီး အပြုသဘောဆောင်သော စကားလုံးနှင့် အပြုအမူများလုပ်ဆောင်တတ်အောင် သင်ကြားပေးပါသည်။ ကလေးများကို များများ အားပေးချီးကျူးပေးပြီး ကလေးများ အောင်မြင်စွာ လုပ်ဆောင်နိုင်သော Activities လေးများကို မကြာခဏ လုပ်ဆောင်စေပါသည်။ ပျော်ရွှင်စရာကောင်းသော ပုံပြင်သီချင်းများ စကားလုံးများဖြင့် သင်ကြား ပေးသလို၊ အတန်း စည်းကမ်းလေးများကို စတင်ထားရှိပြီး ကလေးများကို စည်းကမ်းအတိုင်း လုပ်ဆောင်စေပြီး နွေးထွေးစွာ သင် ကြားပေးပါသည်။
အင်္ဂလိပ် သင်္ချာနှင့် မြန်မာ သင်္ချာ
၁ မှ ၁၀ ကို လက်ချိုးရေတွက်ခြင်း နှင့် ၁ ဆိုလျှင် ၁ ခုဆိုသော Concepts တို့ကို သင်ကြားပေးပါသည်။
အင်္ဂလိပ် အက္ခရာနှင့် မြန်မာ အက္ခရာ
တစ်ပတ်တွင် Letter ၁ လုံးကိုသာ သေချာသင်ပေးပြီး Targeted Letter နှင့်ဆိုင်သော Vocabulary ကို ၁ လုံးမှ ၄ လုံးအထိ သင်ကြားပေးပြီး ကလေး များ Letter အသံများ၊ ဆွဲနည်းများကို အမြင်ဖြင့် မှတ်မိအောင် သင်ကြားပေးပါ သည်။
Language
ကိုယ့်ကိုယ်ကို မိတ်ဆက်တတ်စေရန်၊ မိမိကျောင်း၊ အိမ်၊ မိသားစု၊ ကြိုက်/ မကြိုက်သောအရာ၊ ယဉ်ကျေးစွာ ပြောဆိုသော အသုံးအနှုန်းများ၊ သူ၊ သူမ၊ အရာဝတ္တုနှင့် မိမိကိုယ်ခန္ဓာတွင် ရှိသော အစိတ်အပိုင်းများကို ပြောဆို တတ်အောင် လေ့ကျင့်သင်ကြားပေးပါ သည်။
Social Studies
မိသားစုအကြောင်း၊ အဖေ၊ အမေ၊ မိသားစုဝင်များအမည်၊ လိပ်စာ၊ အလုပ် အကိုင်၊ မွေးနေ့၊ ကိုယ့်နိုင်ငံယဉ်ကျေးမှု၊ နေရာ၊ အစားအသောက်၊ အိမ်နီးချင်း နိုင်ငံ ၄ နိုင်ငံအကြောင်းကို ရှင်းပြပြီး သင်ကြားပေးပါသည်။
Science
သက်ရှိ၊ သက်မဲ့များ၊ အပင်၊ ရေ၊ သတ္တဝါ၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်တတ်မှု၊ ပြန်လည်အသုံးချလို့ ရသော အရာဝတ္တုများ၊ ကမ္ဘာကြီးကို ညစ်ညမ်းစေသောအရာများ၊ ကလေး၏ အသက်အရွယ်အလိုက် လွယ်ကူသော လက်တွေ့စမ်းသပ် လုပ်ဆောင်လို့ရ သော Activities များကို သင်ကြားပေး ပါသည်။
ကလေးများကို လွတ်လပ်ပျော်ရွင်စွာ ကစားရသော အခွင့်များကို ပေးထားပြီး လက်ချောင်းလေးများ သန်မာအောင် စာရွက်၊ ခဲတံ၊ ကတ်ကြေး၊ ဂျုံ၊ စုတ်တံ အရွယ်အစားမျိုးစုံကို ပေးအပ်ထားပြီး လေ့ကျင့်ပေးပါသည်။ ထို့နောက် Tracing ဆွဲတတ်ရန်နှင့် ခဲတံကိုင်နည်း မှန်ကန်စွာကိုင်တတ်ရန်လည်း သင်ကြားပေးပါသည်။ မိမိဘာသာ အင်္ကျီႌႌဝတ်တတ်ချွတ်အောင်လည်း သင်ကြားပေးပါသည်။
ဉာဏ
ကလေးများကိုယ်တိုင် ရုပ်ပြသင်ခြင်းသာမဟုတ်ဘဲ ပစ္စည်းအစစ်များကို လက်တွေ့စမ်းသပ်ပြီး သင်ယူစေပါသည်။ Alphabets များကို ဆွဲနည်းမှန်ကန်စွာသာ မဟုတ်ဘဲ Letters အသံများဖြင့်လည်း သင်ကြားပေးပြီး အာရုံငါးပါးဖြင့် သင်ယူနိုင်သော သင်ခန်းစာများကို ထည့်သွင်းသင်ကြားပေးပါသည်။
စာရိတ္တ
မိမိ၏ လုပ်ဆောင်ချက်များမှန်သည် မှားသည်ကို ဆင်ခြင်သုံးသပ်နိုင်သည့် စွမ်းရည်သည် စာရိတ္တဖွံ့ဖြိုးမှု ဖြစ်သည်။ ပြစ်ဒဏ်ပေးခံရသည်ကို ကြောက်သော ကြောင့် ကလေးမှ စကားနားထောင် သည် မဟုတ်ဘဲ မိမိ၏လိုလားချက်ဖြင့် လုပ်ဆောင်တတ်စေရန် ကလေးငယ်များ ဘယ်အရာမဆို မည်သို့လုပ်သင့်ကြောင်းနှင့် သူ၏ အကျိုးဆက်တို့အား အမြဲရှင်းပြ၍ သင်ကြားပေးပါသည်။ ထို့နောက် ကလေးသည် ချီးကျူးခံလိုသော စိတ်လေးရှိသောကြောင့် သူတို့အသက်အရွယ်အလိုက် အောင်မြင်မှု ရှိစေရန်နှင့် ပျော်ရွှင်စွာ လုပ်ဆောင် တတ်သော Activities များကို အဓိကသင်ကြားပေးပါသည်။ စည်းမျဉ်း စည်းကမ်းဖြင့်လည်းကောင်း မိမိ၏ တာဝန်ကိုသိတတ်သောအရွယ်လည်း ဖြစ်သောကြောင့်လည်းကောင်း ကလေးများကို အပြုသဘောဆောင်သော စကားလုံးများဖြင့် များများချီးမွမ်းပြီး မိမိကိုယ်ကို စဉ်းစားဆုံးဖြတ်တတ်စေရန် သင်ကြားပေးပါသည်။
ပေါင်းသင်းဆက်ဆံရေး
အခန်းတွင်းနှင့် အခန်းပြင်တွင် ကစားရ သော ကစားနည်းများစွာကို ပြင်ဆင် ပေးပြီး ၂ ယောက်တစ်တွဲ ၃ ယောက် တစ်တွဲ၊ အဖွဲ့လေးများဖြင့် ကစားတတ် အောင် သင်ကြားပေးပါသည်။ မိမိ၏ ပြုမူ လုပ်ဆောင်ချက်တို့သည် သူ တစ်ပါး၏ အမြင်တွင်မည်သို့ အရေးကြီး ကြောင်း၊ စာရှင်းပြသောအခါတွင် ပါဝင် ဆွေးနွေးနားထောင်ရန်နှင့် အတန်း/ ကျောင်း/အိမ်စည်းကမ်းများကို လိုက်နာ ရန် သင်ကြားပေးပါသည်။
စိတ်လှုပ်ရှားဖွံ့ဖြိုးမှု
ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်တတ် ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ တစ်ဦးနှင့် တစ်ဦးအပေါ် နားလည်ပေးပြီး သည်းခံစိတ်လေးများထားတတ်အောင်သင်ပေးပါသည်။ ထို့နောက် Activities အသစ်လေးများကို လုပ်ဆောင်စေပြီး အောင်မြင်စွာလုပ်ဆောင်နိုင်စေရန် များများချီးကျူးပေးသလို ကလေးများကိုကိုယ်ဘာသာကိုယ်တီထွင်ဉာဏ်ဖြင့် ပုံပြင်များကိုပြောစေခြင်းတို့ဖြင့် သင်ကြားပေးပါ သည်။
အင်္ဂလိပ် သင်္ချာနှင့် မြန်မာ သင်္ချာ
၁ မှ ၂၀ ထွင်းထားသော နံပါတ်လေးများကို ရေးဆွဲခြင်းနှင့် ၁ မှ ၂၀ အထိရတွက်ခြင်းနှင့် Concepts တို့ကိုသင်ကြားပေးပါသည်။
အင်္ဂလိပ် အက္ခရာနှင့် မြန်မာ အက္ခရာ
တစ်ပတ်တွင် Letter ၁ လုံးကိုသာ သေချာသင်ပေးပြီး Targeted Letter နှင့် ဆိုင်သော Vocabulary ကို ၁ လုံးမှ ၆ လုံး အထိ သင် ကြားပေးပြီး ကလေးများ Letter အသံများရေးနည်းများကို မှတ်မိအောင်နှင့် Dotted Line များကို စတင်ရေးဆွဲခြင်းများကို သင် ကြားပေးပါသည်။
Language
ကိုယ့်ကိုယ်ကို မိတ်ဆက်တတ်စေရန်၊ ယဉ်ကျေးစွာပြောဆိုတတ်စေရန်၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ မိန်းကလေးနှင့် ယောက်ျားလေး ဝတ်ဆင်ပုံ၊ မိသားစု၊ ကျောင်း၊ အိမ်၊ အနည်းအများ၊ သူ၊ သူမ၊ အရာဝတ္တု၊ ညွှန်ပြရာတွင် သုံးသော စကားလုံး၊ အပတ်စဉ်၊ လစဉ်၊ အစရှိသည်တို့ကို နားလည်ပြီး ပြောဆို တတ်အောင် သင်ကြားပေးပါသည်။
Social Studies
မိမိ အမည်၊ ကျောင်း အမည်၊ ဆရာမ အမည်၊ အလုပ်အကိုင်၊ လိပ်စာ၊ မွေးနေ့၊ အိမ်နှင့်ကျောင်း၊ စည်းကမ်း အကူအညီ မည်သို့နှင့် မည်သူ့ကို တောင်းခံခြင်းများ၊ အတန်းဖော် အချင်း ချင်းကူညီခြင်း၊ ကုန်း၊ လေ၊ ရေတွင် သွားသောယာဉ်များ၊ အိမ်အမျိုးမျိုး၊ မျိုးတုံးသွားသေ သတ္တဝါများ၊ မိမိနိုင်ငံ အလံ၊ ယဉ်ကျေးမှု၊ အစားအသောက်၊ အထင်ကရနေရာနှင့် အိမ်နီးချင်းနိုင်ငံ ၄ နိုင်ငံ၏ အကြောင်းတို့ကို သင်ကြားပေး ပါသည်။
Science
လက်တွေ့ စမ်းသပ်လုပ်ဆောင်ပြီး လေ့လာရာတွင် Activities များကို အခန်းအတွင်း/ အပြင်တွင် လေ့ကျင့် လုပ်ဆောင်နိုင်စေရန် သင်ကြားပေးပါ သည်။
ခဲတံကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး လေးကြောင်းမျဉ်းလိုင်းတွင်ရေးနိုင်ရန် သင်ကြားပေးသလို၊ လှုပ်လှုပ်ရှားရှား၊ ကစားရသော ကစားနည်းများစွာကို ထည့်သွင်း သင်ကြားပေးပါသည်။ ကလေးများတို့သည် ကိုယ့်ကို ကိုယ်အားကိုးပြီး လုပ်ဆောင်တတ် သော ကြောင့် အပြုသဘောဆောင် ချီးကျူးပေးခြင်းများဖြင့် လိုအပ်သည်များကို သင်ကြားပေးသွားပါသည်။
ဉာဏ
ကလေးများကိုယ်တိုင် ကစားနည်းများကို တီထွင်ကြံဆစေပြီး ပစ္စည်းအစစ်များဖြင့် သင်ယူစေပါသည်။ အခန်းအတွင်း ပြင်ရှိပစ္စည်းများ အရာဝတ္တု၏ အခေါ်အဝေါ်များကိုလည်း သင်ကြားပေးပြီး အတွက်အချက် ကိန်းဂဏန်းများကိုလည်း Activities များစွာဖြင့် သင်ယူလ့လာကြပြီး သင်ခန်းစာများ ရေး တတ်ဖတ်တတ်အောင် သင်ကြားပေးပါ သည်။
စာရိတ္တ
မိမိ၏ လုပ်ဆောင်ချက်များ မှန်သည် မှားသည်ကို ဆင်ခြင်သုံးသပ်နိုင်သည့် စွမ်းရည်သည် စာရိတ္တဖွံ့ဖြိုးမှု ဖြစ်သည်။ ပြစ်ဒဏ်ပေးခံရသည်ကို ကြောက်သောကြောင့် ကလေးမှ စကားနားထောင်သည်မဟုတ်ဘဲ မိမိ၏ လိုလားချက်ဖြင့် လုပ်ဆောင်တတ်စေရန် ကလေးငယ်များ ဘယ်အရာမဆို မည်သို့လုပ်သင့်ကြောင်းနှင့် သူ၏အကျိုးဆက်တို့အား အမြဲရှင်းပြ၍ သင်ကြားပေးပါသည်။ ထို့နောက် ကလေးသည် ချီးကျူးခံလိုသော စိတ်လေးရှိသောကြောင့် သူတို့ အသက်အရွယ်အလိုက် အောင်မြင်မှုရှိစေရန်နှင့် ပျော်ရွှင်စွာ လုပ်ဆောင်တတ်သော Activities များကို အဓိကသင်ကြားပေးပါသည်။ စည်းမျဉ်း စည်းကမ်းဖြင့်လည်းကောင်း မိမိ၏ တာဝန်ကိုသိတတ်သောအရွယ်လည်း ဖြစ်သောကြောင့်လည်းကောင်း ကလေးများကို အပြုသဘောဆောင်သော စကားလုံးများဖြင့် များများချီးမွမ်းပြီး မိမိကိုယ်ကိုစဉ်းစားဆုံးဖြတ်တတ်စေရန် သင်ကြားပေးပါသည်။
ပေါင်းသင်းဆက်ဆံရေး
အတန်းစည်းကမ်းများတွင် ကလေးများ ကို ပါဝင်လုပ်ကိုင်စေခြင်း၊ များများဆော့ ကစားခြင်းဖြင့် သင်ယူခြင်း၊ သူငယ်ချင်း များနှင့် အတူတကွ ကစားပြီး ကစား နည်း အသစ်များကိုလည်း တီထွင် ကြံဆခြင်း၊ အတန်းနှင့် အိမ်တွင်ကူညီ တတ်သော စိတ်ဓာတ်လေးများ မွေးဖွား တတ်အောင် လေ့ကျင့်သင်ကြားပေးပါ သည်။
စိတ်လှုပ်ရှားဖွံ့ဖြိုးမှု
ကောင်းသော အကျင့်တို့ကိုနားလည် စွာဖြင့် လုပ်ဆောင်တတ်ပြီး မိမိဘာသာ ဆင်ခြင်စဉ်းစားပြီး လုပ်ဆောင်တတ်ရန်၊ ကလေးများမိမိ၏ အကြောင်းကိုကောင်း စွာပြောတတ်စေရန်၊ မိမိလုပ်ဆောင် သော Activities များကို အတန်းတွင် ဝေငှပြီး၊ ကူညီလိုသော သူများကို အတူ တကွကူညီခြင်းဖြင့် ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ နွေးထွေးသော အပြုအမူ များဖြင့် သင်ကြားပေးပြီး၊ ကလေးများ အောင်မြင်စွာ လုပ်ဆောင်နိုင်သော သင်ခန်းစာများ ပြင်ဆင်ပေးခြင်းတို့ဖြင့် သင်ကြားပေးပါသည်။
အင်္ဂလိပ် သင်္ချာနှင့် မြန်မာ သင်္ချာ
၁ မှ ၂၀ ကို ၄ ကြောင်းမျဉ်းတွင် ရေးသားခြင်း၊ နံပါတ်များကို အက္ခရာဖြင့် ရေးသားခြင်းနှင့် ၁ မှ ၂၀ ကို အပေါင်း အနုတ်တွက်ချက်ခြင်းများကို သင်ကြား ပေးပါသည်။
အင်္ဂလိပ် အက္ခရာနှင့် မြန်မာ အက္ခရာ
တစ်ပတ်တွင် Letter ၁ လုံးကိုသာ သေချာသင်ပေးပြီး Targeted Letter နှင့်ဆိုင်သော Vocabulary ကို ၁ လုံးမှ ၁၀ လုံးအထိ သင်ကြားပေးပြီး ကလေး များ Letter အသံများရေးနည်းများကို မှတ်မိအောင် လေးကြောင်းမျဉ်းတွင် သေသပ်စွာ ရေးတတ်အောင်တို့ကို သင်ကြားပေးပါသည်။
Language
ကိုယ့်ကိုယ်ကို မိတ်ဆက်တတ်စေရန်၊ ကိုယ့်အကြောင်း၊ သူတစ်ပါးအကြောင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများ မိမိ၏ မိသားစုဝင်များအကြောင်း၊ အိမ်/ ကျောင်းတွင် လုပ်ဆောင်ရသော အလုပ်အကိုင်မည်သို့နေထိုင်ပုံ၊ အနည်း အများ၊ ညွှန်ပြရာတွင် သုံးသော စကားလုံးများ၊ ရိုးရှင်းလွယ်ကူသော စာပိုဒ်လေးများ စတင်ပြုလုပ်ပုံ၊ အပတ် စဉ်၊ လစဉ်နှင့် အစရှိသည်တို့ကို နားလည်ပြီး သုံးနှုန်းတတ်အောင် သင်ကြားပေးပါသည်။
Social Studies
မိမိအမည်၊ ကျောင်းအမည်၊ ဆရာမ အမည်၊ အလုပ်အကိုင်၊ လိပ်စာ၊ မွေးနေ့၊ အိမ်နှင့် ကျောင်း၊ စည်းကမ်း၊ အကူအညီ မည်သို့နှင့် မည်သူ့ကို တောင်းခံခြင်းများ၊ အတန်းဖော် အချင်း ချင်း ကူညီခြင်း၊ ကုန်း၊ လေ၊ ရေတွင် သွားသော ယာဉ်များ၊ အိမ်အမျိုးမျိုး၊ မျိုးတုံးသွားသော သတ္တဝါများ၊ မိမိနိုင်ငံ အလံ၊ ယဉ်ကျေးမှု၊ အစားသောက်၊ အထင်ကရနေရာနှင့် အိမ်နီးချင်းနိုင်ငံ ၄ နိုင်ငံ၏ အကြောင်းတို့ကို သင်ကြားပေး ပါသည်။
Science
လက်တွေ့ စမ်းသပ်လုပ်ဆောင်ပြီး လေ့လာရာတွင် Activities များကို အခန်းအတွင်း/အပြင်တွင် လေ့ကျင့် လုပ်ဆောင်နိုင်စေရန် သင်ကြားပေးပါသည်။