ကျွန်တော်တို့၏ သင်တန်းကျောင်းတွင် ကလေးငယ်များအတွက် အတန်းဆရာ/ဆရာမများမှ ကလေး တစ်ဦးချင်းစီ၏ တိုးတက်မှုကို လစဉ်အကဲဖြတ်မှတ်တမ်းဖြစ်သော Monthly Progress Report နှင့် ၃ လ ၁ ကြိမ် မိဘများကို ပြသသော Report Card များဖြင့် ထားရှိထားပါသည်။
Monthly Progress Report သည် မိဘများကို ပြသခြင်းမရှိသေးဘဲ ဆရာမများမှ ကလေးငယ်၏ တစ်လနှင့် တစ်လတိုးတက်မှုများကို မှတ်တမ်းတင်ပြီး လိုအပ်သော သင်ကြားမှုများကို နောက်လများတွင် ဆက်လက် သင်ကြားသွားကြပါသည်။ Open house ရက်တွင် မိဘများကို ၃လ ၁ ကြိမ် မိဘများကိုပြသသော Report Card များဖြင့် ထားရှိထားပါသည်။
Monthly Progress Report သည် မိဘများကို ပြသခြင်းမရှိဘဲ ဆရာမများမှ ကလေးငယ်၏ တစ်လနှင့် တစ်လတိုးတက်မှုများကို မှတ်တမ်းတင်ပြီး လိုအပ်သော သင်ကြားမှုများကို နောက်လများတွင် ဆက်လက်သင်ကြားသွားကြပါသည်။ Open house ရက်တွင် မိဘများကို ၃ လအတွင်းအတွင် ကလေးငယ်၏ တိုးတက်မှု မှတ်တမ်းဖြစ်သော Report Card ကို ပြသပြီး မိဘများမှ သိရှိကြောင်း လက်မှတ်ရေးထိုးပေးရပါသည်။
သို့သော် အကြောင်းကြောင်းကြောင့် မိဘမှ အိမ်သို့ယူဆောင်သွားပြီး ပြန်လည်ပေးအပ်ခြင်းမရှိလျှင် သော်လည်းကောင်း၊ ပျက်ဆီး/ ပျောက်ဆုံးလျှင်သော်လည်းကောင်း ထို့အတွက် ဒဏ်ငွေ ၁၀၀၀၀ ကျပ်ကောက်ခံသွားမည်ဖြစ်ပါသည်။ စာသင်နှစ် တစ်နှစ်ပြီးဆုံးတိုင်းမိဘများကို Test Paper များနှင့် Report Card အတူတကွ ပေးအပ်ပါမည်။