1.စိတ်ဝင်စားစရာ တခြားလုပ်စရာများကိုလည်း လုပ်ပါစေ။

ကလေးကို စာမှစာ တစ်ခုတည်း မလုပ်ထားဘဲနဲ့ ကလေးစိတ်ဝင်စာနိုင်လောက်မယ့် ဂီတ၊ပန်းချီ၊သိပ္ပံနဲ့ တခြား ကိုယ်လက်လှုပ်ရှားကစားရတဲ့ ကစားနည်းများကို ကလေး လုပ်ပါစေ။ကလေး လုပ်ချင်စိတ်ပေါ်အောင် လုပ်တတ်အောင်လို့ကိုယ်ကလည်း ကလေးနဲ့ အတူတူ တစ်ခုခုကိုလုပ်ခိုင်းမှာ လုပ်ကြည့် ပြောပြဖို့ လိုပါတယ်။ကလေးတို့ရဲ့ စိတ်ကလေးတွေဟာ ဗလာသက်သက်ပဲမို့ ဘာကိုပဲဖြစဖြစ် သူတို့ စူးစမ်းလိုကြ၊လုပ်လိုကြပါတယ်။သူတို့အတွက်ကတော့ အရာအားလုံးဟာကစားနေတာပါပဲ။ဂီတကို စည်းချက်နဲ့အတူ လှုပ်ယမ်းနားထောင်ရင်း၊ပန်းချီဆွဲရင်း၊ဆီနဲ့ရေကို ရောကြည့်ရင်းမှာပဲ ကစားရင်းနဲ့ သူတို့ဟာ သူတို့အနားက ဝန်းကျင်အကြောင်းကို သင်ယူလေ့လာနေတာပဲဖြစ်ပါတယ်။

 

2.ကလေးကို ချစ်ကြောင်းပြောပါ။

ကျွန်မတို့ ငယ်ငယ်က လူကြီးတွေ ပြောတာ ကြားဖူးပါတယ်။ကလေးကို ချစ်ရင် ကလေးအိပ်မှနမ်း ဆိုတဲ့ စကားပါ။အဲဒါဟာ တကယ်တော့ တက်တက်စင်အောင်ကို လွဲတဲ့အယူဆတစ်ခုပါပဲ။တကယ်တော့ ကလေးများကို လူကြီးများကချစ်ကြောင်း ခင်တွယ်ကြောင်းကိုအမူအရာအားဖြင့်ရော နှုတ်အားဖြင့်ပါ ပြောပြရမှာဖြစ်ပါတယ်။ကလေးကို ကြင်ကြင်နာနာ ယုယုယယနဲ့ ကိုင်တွယ်ပြီးတော့ ချစ်ခင်ကြောင်းပြောဆိုပြသခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုးမူအတွက် သိပ်ကိုမှ အရေကြီတဲ့ပြောဆိုမယ် ဆိုရင် ကလေးများကလည်း တခြားလူတို့အပေါ်မှာ ကြင်ကြင်နာနာ ချစ်ချစ်ခင်ခင်နဲ့ ဆက်ဆံတတ်လာပါလိမ့်မယ်။

 

3.ကလေးရဲ့ တကယ်အဖော် ဖြစ်ပါစေ။

ကလေးရဲ့ တကယ့်အဖော်ဆိုတာ ဘာကိုဆိုလိုသလဲဆိုတော့ ကလေးအနေနဲ့ဘာပြဿနာပဲဖြစ်လာတာ ကလေးစိတ်ခံစားချက်အတိုင်း ပြောနေဆိုနေတာကို ငြိမ်ငြမ်ကလေးနားထောင်ပေးဖို့ပါ။ကလေးတို့ဟာ သူရဲ့ အောင်မြင်မူ၊ရှုံးနှိမ့်မှုအပါအဝင် သူဖြစ်လာတာတွေကို လူကြီးတွေကို ပြောပြရင်ဖွင့် တတ်ပါတယ်။ကလေး ပြောတာကို တစ်စုံတစ်ရာ မှတ်ချက်မပေးဘဲနဲ့ ငြိမ်ငြိမ်ကလေးနားထောင်ပေးဖို့ပါပဲ။ “သားမင်းကဒီလိုမလုပ်လိုက်ဘူလား”ဟိုလိုလေး လုပ်လိုက်ရမှာကွာ စတဲ့ စကားများမပြောမိဖို့လိုပါတယ်။ကလေးရဲ့ကျဆုံမူအပေါ်မှာ တစ်စုံတစ်ရာ မှတ်ချက်မပြုဘဲနဲ့ ငြိမ်ငြိမ်လေးထိုင်နားထောင်ပေးခြင်းဖြင့် ကလေးကိုယ့်ကိုယ်ကိုယ် ယုံကြည်မူ ပြန်ရလာစေဖို့အတွက် ကူညီပေးရာရောက်ပါတယ်။

 

4.ကလေးပြောတာကို နားထောင်ပါ။

ကလေးတို့ဟာ မွေးစကတည်းကိုက လူကြီးတွေကို သူတို့လိုအပ်တာနဲ့လိုချင်တာကိုပြောပြတတ်ကြပါတယ်။မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကလေးအပေါ်မှာ ဖြစ်ချင်တာ၊ဖြစ်စေလိုတာ၊မျှော်လင့်တာတွေကို ခဏလောက် ဘေးဖယ်ထားပြီးတော့ ကလေးဘာကို လိုအပ်နေတယ်၊ဘာလုပ်ချင်နေတယ်ဆိုတာကိုသိဖို့ ကလေးပြောတာကို နားထောင်ပေးပါ။ကလေးကို လိုလေသေးမရှိအောင်လို့ နေရာတကာလိုက်လုပ်ပေးနေမယ့်အစား ကလေးပြောတာလေးကို နားထောင်ပေးမယ် ဆိုရင်ကလေးကိုယ်တိုင် သူတို့တကယ်လိုချင်တယ်။ ဘာကို တကယ်လုပ်ချင်တယ်ဆိုတာကိုသိပါတယ်။

 

5.ကလေးကိုဖိအားမပေးပါနဲ့။

ဒီကနေ့ခေတ် ကလေးအများစုဟာ အသက်ရွယ်ငယ်ငယ်လေးကတည်းကကျောင်းစာတွေကို ကလေး အရွယ်နဲ့ မမျှအောင် လုပ်ကြရပါတယ်။ ကျောင်းတစ်ဖက်၊ကျူရှင်တစ်ဖက် အပြင် ဟိုသင်တန်း၊ဒီသင်တန်းတွေကိုလည်း တတ်ကြရရှာပါသေးတယ်။အဲလို ကလေးအရွယ်နဲ့ မမျှအောင်လို့လုပ်နေကြရတဲ့ ကလေးတို့ကိုမိဘတို့က ထပ်ပြီးတော့ ဖိအားမပေးဖို့လိုပါတယ်။သားသမီးကို တော်စေချင်၊တတ်စေချင်တဲ့မှာနေရတဲ့ ကလေးမျိုးဟာကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်လာစေနိုင်တဲ့အပြင်မိဘကိုပါပုန်ကန်တတ်ပါတယ်။