အစာသိပ်ရွေးတဲ့ကလေးများကို စတင်ကျွေးတဲ့အခါမှာ အစာနည်းနည်းသာ ထည့်ပေးပါ။ နည်းနည်းစီထပ်ထည့်ပေးပြီးစားစေတာဟာ အစာတွေအများကြီးထည့်ပြီး စားစေတာ လောက် စိတ်အနှောက်အယှက် မဖြစ်ပါ။
အစာစားနေချိန်မှာ အစားအစာ အသစ်တစ်ခုခုကိုစတင်စားရတာဟာ ကလေးတွေအတွက် ကြည့်လိုက်ရင် မကောင်းဘူးလို့ ထင်ရတဲ့အစာတွေကို စတင်စားရတာ မလွယ်ကြောင်း ကလေးကို ပြောပြပေးပါ ။ ကျွေးထဲကအစားအစာသစ်ကို စားကြည့်တဲ့အတွက် အစားအစာအသစ်ကို စားရဲတဲ့ သတိ္တကို ချီးကျူးပါ ၊ အသိအမှတ်ပြုပေးပါ။
ဘယ်ကလေးကိုမှ အစားအစာတစ်ခုခုကို စားရန်ထိအားပေးခိုင်းတာမျိူး ၊ ကျွေးတာမျိုး လုံးဝ မလုပ်ပါနဲ့ ။ စားစေချင်တာကို ချိုချိုသာသာ ၊ အေးအေးသာသာ ပြောပါ ။ ကောင်းတဲ့ စားသောက်တဲ့ အလေ့အကျင့်ကို နမူနာပြပါ ။ အစားစားချိန်တွင် ကလေးများ ကိုယ်တိုင် လုပ်ဆောင်ခွင့်ပေးပါ ။ ( ဥပမာ ။ ။ စားစရာများကို သူတို့လေးတွေကိုယ်တိုင်ထည့်စေခြင်း ၊ သူတို့လေးတွေ အဆင်သင့်ဖြစ်တဲ့ အချိန်မှ စားစေခြင်း ၊ ဝသွားပါက စားစေတဲ့လုပ်ငန်း ပြီးစေခြင်း ) တို့ လုပ်ဆောင်ပေးပါ ။
တချို့ကလေးများအစားကို ရွေးတယ်ဆိုတာ အကြောင်းရှိပါတယ်။ ကလေးများသာမက လူကြီးတွေလည်း အစားအစာဟာ စားချင်စရာ မကောင်း တဲ့အစာတွေကို သိနေကြပါတယ် ။ အစားချင်ကြပါဘူး ။ ထို့ကြောင့် ကလေးများစာချင်စရာဖြစ်စေမည့် မိမိတို့ကလေးများအတွက်လည်း အဟာရမျှတ စေမည့် အစားအစားများ နှင့် လတ်ဆတ် သန့်ရှင်းပြီး အရည်အသွေးမြင့်မားကောင်းမွန်သော အစားအစာများ ကျွေးခြင်းဟာ ကလေးများကို အမှန်တကယ် ဂရုစိုက်စောင့်ရှောက်ခြင်းနှင့် တန်ဖိုးထားခြင်း ဖြစ်ပါသည်။