ဘယ်လိုမျိုးလေးတွေ ဝတ်ပေးသင့်သလဲ?
ကလေးငယ်သက်တောင့်သက်သာရှိစေမယ့် ချည်သားပါးပါးလေးတွေဟာ အသင့်တော်ဆုံးပါ။ပတ်ဝန်းကျင်အပူချိန်နဲ့လိုက်လျောညီထွေရှိမယ့် အဝတ်အစားမျိုးတွေဝတ်ဆင်ပေးရပါမယ်။အရောင်ဖျော့ဖျော့လေးတွေဟာ နွေရာသီမှာဝတ်ဆင်သင့်တဲ့အရောင်လေးတွေပါ။ဒါပေမယ့် ပတ်ဝန်းကျင်အပူချိန်ကိုလည်း ဂရုစိုက်ပါ။နေပူထဲထွက်ချိန်ဝတ်ထားတဲ့အဝတ်အစားနဲ့ Air con ခန်းထဲဝင်မယ်ဆိုရင်တော့ ကလေးငယ်ရဲ့အပူချိန်ကို မကြာမကြာစမ်းသပ်ပြီး လိုအပ်ရင်အကျီၤထပ်ဝတ်ပေးဖို့လိုပါလိမ့်မယ်။
လေဝင်လေထွက်ကောင်းအောင်ဂရုစိုက်ပါ။
ပြတင်းပေါက်တွေဖွင့်ထားပါ။နေရောင်သိပ်ရှိန်လွန်းတဲ့အခါမျိုးမှာ နေရောင်ကိုလိုက်ကာစတာမျိုးနဲ့ကာထားပြီး လျှပ်စစ်ပန်ကာရဲ့အကူအညီကိုယူနိုင်ပါတယ်။လေအေးအေးလေးဖြစ်အောင်ပန်ကာရဲ့ရှေ့မှာ ရေအေးဇလုံတစ်ခုကိုထားနိုင်ပါတယ်။
အိပ်ရာခင်းကလည်း အရေးကြီးပါတယ်။
ပိုးသား ဖဲသားအိပ်ရာခင်းလှလှတွေကိုမေ့လိုက်ပါ။ ချည်သားအိပ်ရာခင်းလေးတွေကအကောင်းဆုံးပါ။
ရေချိုးပေးပါ။
ကလေးငယ်ကို တစ်နေ့ကိုရေအေးအေးလေးနဲ့ ၂ ကြိမ်အနည်းဆုံးချိုးပေးသင့်ပါတယ်။
ရေခဲတုံးလေးတစ်တုံးကလည်း အထောက်အကူပြုစေပါတယ်။
ကလေးငယ်အိပ်တဲ့အခန်းမှာ ရေခဲတုံးကြီးကြီးတစ်တုံးကို ဇလုံထဲထည့်ထားပေးရင် လေထုကအေးမြနေမှာပါ။
ကလေးကိုဂျီမကျအောင်ထားပါ။
ကလေးငယ်စိတ်မကြည်ဘဲ ဂျီကျနေရင် ခန္ဓာကိုယ်အပူချိန်တက်လာတဲ့အတွက် ဂျီမကျအောင်ထားသင့်ပါတယ်။
အခန်းထဲမှာ သာမိုမီတာတစ်ချောင်းဆောင်ထားပါ။
ကလေးငယ်ရဲ့ ခန္ဓာကိုယ်ပူလားအေးလားမှန်းဆရခက်နေရင်သာမိုမီတာတစ်ချောင်းဆောင်ထားတာအကောင်းဆုံးပါပဲ။
အရည်များများတိုက်ပါ။
နို့စို့အရွယ်ကလေးဆိုရင်လည်း နို့မကြာခဏတိုက်ပေးပါ။နို့စို့အရွယ်မဟုတ်ရင်တော့ ရေ နဲ့သစ်သီးဖျော်ရည် နွားနို့တို့လိုမျိုး အရည်များများတိုက်ပေးပါ။
နေရောင်ကာလိမ်းဆေးကတော့ အသက် ၆လအောက်ကလေးတွေမှာ မလိမ်းပေးသင့်ပါဘူး။၆ လအထက်ကလေးတွေကိုလိမ်းပေးမယ်ဆိုရင်လည်း တည့်မတည့်အရင်စမ်းပြီးမှ လိမ်းပေးသင့်ပါတယ်။ SPF 15 မကျော်တဲ့ နေရောင်ကာလိမ်းဆေးမျိုးကိုအသုံးပြုပါ။
ဒေါက်တာပွင့်ဖြိုးကျော်