လောကမှာ မင်းကို ပြုံးပြတတ်သူထက်
ဆုံးမတတ်သူက အလွန်နည်းပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ လူတော်တော်များများက
အမိုက်ခံပြီး လူတစ်ယောက်ကို ဆုံးမသွန်သင်ဖို့ ဝန်လေးတတ်ကြတယ်
လူတစ်ချို့ကတော့ ဆုံးမသွန်သင်တာကို မကြိုက်ကြဘူးလေ။

လူဆိုတာ အမှားမကင်းသလို ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး၊
ကိုယ့်ရဲ့လိုအပ်ချက်တွေကို စေတနာသန့်သန့်ဖြင့် ထောက်ပြသွန်သင်တတ်သူက တစ်ရာမှာ တစ်ယောက်လောက်ပဲ
ရှိနေပါလိမ့်မယ်။

ပြုံးပြတယ်ဆိုတာက ရင်ထဲက ပါချင်မှ ပါပါလိမ့်မယ်။
ဆုံးမတာကတော့ သေချာပါတယ် စေတနာအပြည့် ပါနေပါလိမ့်မယ်။

ကိုယ့်အပေါ်ကို ဆုံးမတတ်သူ တစ်ယောက်ရှိနေတာက
သူငယ်ချင်း အယောက်တစ်ရာထက် ပိုပြီး တန်ဖိုးရှိပါတယ်။
ဆုံးမတတ်သူကို စိတ်ပျက်အောင် မလုပ်မိစေနဲ့နော်။