Making a better furture
ကျွန်တော်တို့ GETC သင်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ထားသောသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော အင်္ဂလိပ်စာ သင်တန်းများရှိပါသည်။ သင်တန်းများကို မြန်မာနိုင်ငံကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ လိုအပ်ချက်နှင့် ကိုက်ညီသင့်တော်သည့် နောက်ဆုံးပေါ် သင်ရိုးနှင့် သင်ကြားရေးနည်းစနစ်ကို အသုံးပြုထားပြီး နိုင်ငံတကာ အဆင့်အတန်းမီ စီစဉ်ထားပါသည်။
နိုင်ငံတကာ ပညာရေး၊ လူမှုရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး၏ အသက်သွေးကြောဖြစ်သော အင်္ဂလိပ်ဘာသာစကားကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်စေရန် GETC မှ အောက်ပါ ရည်ရွယ်ချက်များထားရှိ၍ သင်ကြားပါမည်။
သင်တန်းအမျိုးအစားအလိုက် Level ၃ ခုမှ ၆ ခု အထိ ခွဲထားပါသည်။ Level တစ်ခုကို နာရီပေါင်း ၆၅ နာရီမှ ၃၆၀ နာရီကြာ သင်ယူရပါသည်။
ကျောင်းသား/သူ များ အမှန်တကယ်ပြောဆို၊ ရေးသားလုပ်ဆောင်နိုင်မှု၊ အတန်းတွင်းပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ ကြိုးစားအားထုတ်မှုနှင့် စာမေးပွဲရလဒ်အပေါ် အခြေခံပါသည်။ သင်တန်းတက်ရောက်သည့်နေ့ မှစ၍ ကျောင်းသားတစ်ဦးချင်းစီ၏ တိုးတက်မှု၊ လိုအပ်ချက်များကို မှတ်တမ်းတင်ထားမည် ဖြစ်ပြီး လိုအပ်သောပံ့ပိုးမှုများ ပေးသွားပါမည်။ သင်တန်းပြီးဆုံး၍ သတ်မှတ်ချက်ပြည့်မှီသော ကျောင်းသားများကို certificate ထုတ်ပေးသွားပါမည်။ (မိဘများအနေဖြင့်လည်း မိမိသားသမီး၏ တိုးတက်မှုနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို အတန်းပိုင်ဆရာ/မ (သို့မဟုတ်) သက်ဆိုင်ရာတာဝန်ရှိသူနှင့် မည်သည့်အချိန်မဆို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးနိုင်ပါသည်။)
ပြည်တွင်း ပြည်ပမှ မဟာဘွဲ့တွေအပြင် Dip in ELTM, Dip in TEFL, Dip in TESOL, CELTA အစရှိသည့် နိုင်ငံတကာ အသိအမှတ်ပြု အဂလိပ် ဘာသာဆရာအဖြစ် သင်တန်းအောင်လက်မှတ် ရရှိထားသည့် အတွေ့အကြုံနှင့် အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမ များမှ သင်ကြား ပေးလျက်ရှိပါသည်။