Job Description

ရည်ရွယ်ချက်။        ။အထက်လူကြီး၏ နေ့တဒူဝကိစ္စရပ်များ လစ်ဟင်းမှုမရှိ အဆင်ပြေချောမွေ့စွာ အလျင်မှီပြီးစီးအောင်မြင်မှုရှိအောင် လိုအပ်သည့် ကိစ္စအဝဝကို အဓိကနှင့်သာမညခွဲ၍ ပျော့ပြောင်းညင်သာ ထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်ရန်။         
၁။    သက်ဆိုင်ရာဌာနတာဝန်ခံများနှင့် အရာရှိများမှ ဒါရိုက်တာထံသို့ပေးပို့ရမည့် စာရွက်စာတမ်းများ၊ ရီပို့ (Report)များအချိန်မီပေးပို့ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ပြန်လည် တင်ပြခြင်း၊ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုထိရောက်ပြီးစီးအောင် ဆောင်ရွက်ခြင်း၊ ညွှန်ကြားချက် ထုတ်ပြန်ခြင်း။
၂။    ကျောင်းနှင့်လုပ်ငန်းခွင်များသို့ သွားရောက်စစ်ဆေးရာတွင်တွေ့ရှိချက်များ၊ အကြံပြုချက်များ၊ ညွှန်ကြား ချက်များကို မှတ်တမ်းတင်ခြင်း။ ဆက်လက်လုပ်ဆောင်ရမည့်အရာများကို စီစဉ်ဆောင်ရွက်ပေးခြင်း၊ စောင့်ကြည့်လေ့လာတင်ပြခြင်း။
၃။    ပညာရေးတာဝန်ခံများထံမှ ပေးပို့လာသည့်ပညာရေးဆိုင်ရာ ရီပို့(Reports) များကိုလက်ခံမှတ်တမ်း ရယူခြင်း၊ ပြည့်စုံမှုရှိမရှိ စစ်ဆေးတင်ပြခြင်း၊ လိုအပ်သည့်ညွှန်ကြားချက်များကို အကောင်အထည်ဖော် ပေးခြင်း။
၄။    အစည်းအဝေးမတိုင်မီဒါရိုက်တာလိုအပ်သည့် စာရွက်စာတမ်းများကိုပြုစုပြင်ဆင်ထားရှိခြင်း၊ ၄င်းကြိုတင် သိရှိထားရမည့် သတင်းအချက်အလက်များကိုတင်ပြခြင်း၊ အစည်းအဝေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆွေးနွေးချက်များကိုအကောင်အထည် ဖော်နိုင်အောင်လိုအပ်သည်တို့ကို ကူညီ ဆောင်ရွက်ခြင်း။
၅။    အထက်လူကြီး ထံသို့ပေးပို့လာသည့်ကိစ္စရပ်များ ကိုစုစည်းစစ်ဆေးသုံးသပ်တင်ပြခြင်း။
၆။    အထက်လူကြီး ကိစ္စရပ်များအချိန်မှီပြီးစီးထိရောက်အောင် ဆောင်ရွက်မှုရှိမရှိ စောင့်ကြည့် လေ့လာ စစ်ဆေးတင်ပြခြင်း၊ အရေးယူဆောင်ရွက်နိုင်အောင် သက်ဆိုင်ရာဌာနသို့တင်ပြခြင်း။
၇။    အထက်လူကြီး စာချုပ်စာတမ်းများ၊ မှတ်တမ်းများလုံခြုံစနစ်တကျရှိအောင်ဆောင်ရွက်ခြင်း၊ လိုအပ်သည့် စာချုပ်၊ စာတမ်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ထွက်စာ၊ ဝင်စာများကိုမှတ်တမ်းထားရှိခြင်း။
၈။    အထက်လူကြီး ခရီးသွားသည့်ကာလများတွင် ကိုယ်စားလိုအပ်သည့်ကိစ္စအဝဝကို သက်ဆိုင်ရာဌာနတာဝန်ရှိ သူများ နှင့် လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တင်ပြခြင်း၊ ခွင့်ပြုချက်နှင့် အတည်ပြုချက်များ ရယူခြင်း။
၉။    အရေးကြီးပြီးလျို့ဝှက်ထားရှိရမည့် သတင်းအချက်အလက်များ၊ အစည်းအဝေး မှတ်တမ်းများစသည့် ကိစ္စရပ်များပေါက်ကြားမှုမရှိအောင်ဆောင်ရွက်ခြင်း။
၁၀။    အလှူငွေများ၊ လက်ဆောင်ပစ္စည်းများစသည့်လုပ်ငန်းနှင့်ဆက်စပ်မှုရှိသည့် လူမူရေးကိစ္စရပ်များကို စီစဉ် ဆောင်ရွက်ပေးခြင်း၊ ကိုယ်စားလှယ်အနေဖြင့်သွားရောက်တွေ့ဆုံခြင်း။
၁၁။    ငွေအဝင်အထွက်မှန်ကန်မှုရှိမရှိ စစ်ဆေးရာတွင်လိုအပ်သည့် ပံ့ပိုးမှုများအားလုံးကိုပံ့ပိုးဆောင်ရွက်ပေးခြင်း။
၁၂။    သက်ဆိုင်ရာဌာနခွဲအသီးသီးရှိ တာဝန်ခံများနှင့် အမြဲမပြတ်ထိတွေ့ဆက်ဆံ၍ လိုအပ်သည်တို့ကိုကူညီပံ့ပိုး ညှိနှိုင်း ဆောင်ရွက်ပေးခြင်း။
၁၃။    အရေးကြီးသည့်ကြိုတင်ပြင်ဆင်လုပ်ဆောင်ရမည့်ကိစ္စရပ်များအားလုံးကို ကြိုတင်လေ့လာပြင်ဆင်စီစဉ် ဆောင်ရွက်ထားရှိခြင်းနှင့်အချိန်မီတင်ပြခြင်း။
၁၄။    အထက်ပါကိစ္စတာဝန်ဝတ္တရားများအပြင် ညွှန်ကြားလာသည့်ကိစ္စအဝဝများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

Job Specification

လိုအပ်သောအရည်အချင်းများ

  • ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
  • အဂ်လိပ်စာကို ကျွမ်းကျင်စွာ ရေး၊ ဖတ်၊ ပြော နိုင်ရမည်။
  • Computer ကိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
  • Excel ကိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
  • မြန်မာtyping ရိုက်နိုင်ရမည်။
  • အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် ပေါင်းသင်းဆက်ဆံနိုင်ရမည်။
  • ပညာရေး ဝန်ဆောင်းမှုလုပ်ငန်းဖြစ်သဖြင့် တစ်လလျှင်အနည်းဆုံး စာအုပ် (၄) အုပ်ဖတ်ရှုလေ့လာပြန်လည်လက်တွေ့အသုံးချနိုင်သူဖြစ်ရမည်။

Salary : ၄၀၀၀၀၀-၅၀၀၀၀၀

[caldera_form_modal id="CF5bbdc791b41d3" type="button"]Apply Now [/caldera_form_modal]