[caldera_form_modal id="CF5e22845bd4950" type="button"]Book Now [/caldera_form_modal]

Tr Name

Branch

မြန်မာစာEnglishသင်္ချာသိပ္ပံလူမှုရေးဘဝတွက်တာ ကျွမ်းကျင်စရာစာရိတ္တ နှင့် ပြည်သူ့နီတိ

မြန်မာစာ

ပထမတန်း ၊ ဒုတိယတန်း တွင် ကလေးများသည် မြန်မာစာ စာပေ နှင့် ဘာသာစကားဆိုင်ရာ အခြေခံများကို သင်ကြားတတ်မြောက်ပြီး ဖြစ်ရာ တတိယတန်းတွင် အရွတ်အဖတ် ၊ အရေးအသား ၊ အပြောအဆို စသည့် ကျွမ်းကျင်မှုများ ပိုမို ရရှိစေရန်လေ့ကျင့်ပေးသော သင်ခန်းစာများကို သင်ယူကြရပါသည် ။ တတိယတန်း မြန်မာစာတွင် ဗဟုသုတ တိုးပွားစေသော အကြောင်းအရာပြ စကားပြေ (၁၃)ပုဒ် ၊ ကဗျာ (၈)ပုဒ် ၊ ပုံပြင် (၅) ပုဒ် အပြင် ကလေးများကို စဉ်းစား တွေးခေါ်မှုကိုပေးသော သင်ခန်းစာများ ၊ ယဉ်ကျေးလိမ္မာရေးကို ဖြစ်စေသော သင်ခန်းစာများ၊ ဝေါဟာရ ကြွယ်စေသော သင်ခန်းစာများ အပါအဝင် သင်ကြားရမည် ဖြစ်ပါသည် ။ တတိယတန်း မြန်မာစာ ကို သင်ယူတတ်မြောက်ခြင်းတွင် ကလေးများ အနေဖြင့် မြန်မာစာ မြန်မာစကားကို ချစ်မြတ်နိုးလာခြင်း ၊ ဝေါဟာရကြွယ်ဝခြင်း ၊ ဖတ်စာကို မှန်ကန်စွာ ရွတ်တတ်ခြင်း ၊ စာအမျိုး အစား သဘာဝ ကို နားလည်ခြင်း ၊ စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည် တိုးတက်လာခြင်း ၊ ရသခံစားနိုင်မှု စွမ်းရည် ဖွံ့ဖြိုးလာခြင်း များ ရရှိလာမည် ဖြစ်ပါသည် ။


English

The third grade curriculum is child – centered and communicative teaching methodology . Students learn words and phrases to each topic through listening , speaking , reading and writing . Students will develop in 4 language skills and cultures through learning activities and group discussion. There are 8 Units and they are My classmate, People /animals and things around us , The food I like , Fun and games , What my friend like and can do , Animals , What we wear , What I wear , Place to visit , Number and time , Where/ When / and how to go . Those units are organized with  six types of lessons .

  1. Language –focused lessons
  2. Skills – focused lessons
  3. Letters focused lessons
  4. Language review lessons
  5. Letter review lessons
  6. Project –based lessons.


သင်္ချာ

တတိယတန်း တွင် ကလေးများသည် ၁၀၀၀၀ အထိ ကိန်းများကို ပေါင်းခြင်း ၊ နုတ်ခြင်း ၊ ပုစ္ဆာဖြေရှင်းခြင်း ၊ တစ်သိန်းအထိ ကိန်းများ ရေတွက်ခြင်း ၊ ဖတ်ခြင်း ၊ ရေးခြင်း ၊နှိုင်းယှဉ်ခြင်း ၊ အစဉ်လိုက် စီစဉ်ခြင်း ၊ စက္ကန့် သင်ခန်းစာ ပါဝင်သော အချိန် နှင့် ကြာသော အချိန် ၊ အပိုင်းကိန်း သင်ခန်းစာများ ၊ အလျား အတိုင်း အတာ နှင့် အကွာအဝေး ၊ အမြောက်ဆိုင်ရာ ပုစ္ဆာများ ၊ ဗားဂရပ် နှင့် ဇယားများ ၊ အစားဆိုင်ရာ ပုစ္ဆာများ ၊ စက်ဝိုင်းများ ၊ တြိဂံများ ၊ ထုထည် အတိုင်းအတာများ အစရှိသော သင်ခန်းစာများကို သင်ယူတတ်မြောက်ကြမည် ဖြစ်ပါသည်။ တတိယတန်း သင်္ချာ ဘာသာရပ်များ သင်ယူခြင်းတွင် ကလေးများသည် သင်္ချာဆိုင်ရာ အသိသညာများ ၊ကျွမ်းကျင်မှုများ၊ ပြဿနာ ဖြေရှင်းခြင်းများ ၊ ဂျီသြမေတြီ ဆိုင်ရာ သင်္ချာ အခြေခံများ ၊ သင်္ချာ ဆိုင်ရာအတွေးအခေါ်များ ကို ရရှိနိုင်သည့် အပြင် ကလေးများသည် သင်္ချာ ဆိုင်ရာ အသိပညာများ ၊ ကျွမ်းကျင်မှုများ ကို လက်တွေ့ဘဝ တွင် စဉ်းစားတွေးခေါ်တတ်ပြီး အသုံးချနိုင်မည် ဖြစ်ပါသည်။


သိပ္ပံ

တတိယတန်းသိပ္ပံ ဘာသာရပ်တွင် ကလေးများသည် လူ၏ အစာလမ်းကြောင်းနှင့် လိုအပ်ချက်များ ၊ တိရစ္ဆာန် နှင့် အပင်များ၏ လိုအပ်ချက်များ ၊ မိုးလေဝသ နှင့် ဥတုပတ်ဝန်းကျင် ၊ အလင်း နှင့် အသံ ၊ မြေအမျိုးအစားများ ၊ မြေ၏ ရေထိန်းနိုင်မှု ၊ သံလိုက်အိမ်မြှောင် နှင့် နေ ကို အသုံးပြု၍ အရပ်မျက်နှာ ဖော်ထုတ်ခြင်း ၊ ရေတွင် မြုပ်နိုင် ၊ ပေါ်နိုင်သော အရာများ ၊ အလေးချိန် နှင့် ထုထည် စသော သင်ခန်းစာများကို သင်ကြားရမည် ဖြစ်ပါသည် ။ တတိယတန်းတွင် ကျောင်းသား ကျောင်းသူများသည် ပတ်ဝန်းကျင် ၌ ပျော်ရွှင်စွာ စူးစမ်းလေ့လာ မှုများ ပြုလုပ်ခြင်းဖြင့် သင်ယူရခြင်း၊ လက်တွေ့ လုပ်ဆောင်ခြင်းဖြင့် သင်ယူရခြင်း ၊ project များ ပြုလုပ်ခြင်းဖြင့် သင်ယူရခြင်းကြောင့် ကျောင်းသားများ အနေဖြင့် စူးစမ်းလေ့လာခြင်း ၊ နှိုင်းယှဉ်ခြင်း ၊ တိုင်းတာခြင်း ၊ ချိတ်ဆက်ခြင်း ၊ ကျိုးကြောင်းဆက်စပ်ခြင်း ၊ အခြေအနေတစ်ခုတွင် စူးစမ်းလေ့လာခြင်း စသော သိပ္ပံဆိုင်ရာ အခြေခံကျွမ်းကျင်မှုများကို ရရှိနိုင်မည် ဖြစ်ပါသည် ။


လူမှုရေး

တတိယတန်းတွင် ကလေးများသည် မောင်မောင်နေထိုင်သောမြို့ နှင့် မြို့၏ အိမ်တွင်းမှု လုပ်ငန်းများ ၊ မောင်မောင့် သူငယ်ချင်းနေထိုင်သောကျေးရွာ နှင့် ကျေးရွာ၏စိုက်ပျိုးရေး လုပ်ငန်း ၊ ဒေသ နှစ်ခုကို ဆက်စပ်လေ့လာခြင်း ၊ ကျွန်ုပ်အားကျဂုဏ်ယူရသော သမိုင်းဝင်ခေါင်းဆောင်များ (မင်းတုန်းမင်း ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၊ ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် ) စသော အကြောင်းအရာ သင်ခန်းစာများကို သင်ယူကြရမည် ဖြစ်ပါသည် ။ လူမှုရေး သင်ခန်းစာ တိုင်းကို သင်ကြားပြီးမြောက် ပြီးနောက်တွင် မိမိ ကျောင်းပတ်ဝန်းကျင်ရှိ အရာများ နှင့် လုပ်ငန်းများ ကို စူးစမ်းလေ့လာ လိုခြင်း ၊ စိတ်ပါဝင်စားလိုခြင်း ၊ ပါဝင်ဆောင်ရွက်လိုခြင်း ၊ ပေါင်းသင်းဆက်ဆံရေး ဆိုင်ရာ ကျွမ်းကျင် မှု များ ၊ စနစ်ပုံ များ နှင့် ရင်းနှီး ကျွမ်းကျင်မှု များ ၊ လူမှု ဘဝ ပတ်ဝန်းကျင်တွင် အရေးကြီးသော အရာများ ကို သိရှိ နားလည်လာမည် ။ ပါဝင်ဆောင်ရွက်လာမည် ဖြစ်ပါသည် ။ မြန်မာ့ သမိုင်းဝင် ခေါင်းစဉ်ကြီး များ ၏ လုပ်ဆောင်ချက်များ ကို အားကျဂုဏ်ယူ၍ အတုယူတတ်ကာ လက်တွေ့ ဘဝ တွင် အကောင်အထည်ဖော် ဆောင်ရွက်လာမည် ။ လူမှု အဖွဲ့အစည်းများတွင် မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်လာနိုင်ပြီး မိမိ ၏ ပါဝင်မှုကို ဂုဏ်ယူတတ်လာမည် ဖြစ်ပါသည် ။


ဘဝတွက်တာ ကျွမ်းကျင်စရာ

ဘဝတွက်တာ ကျွမ်းကျင်စရာ ဆိုသည်မှာ လူ့အဖွဲအစည်းမှ လူသားတစ်ဦး အနေဖြင့် ပိုမိုကောင်းမွန်သော အသက်ရှင်မှု နည်းလမ်း များနှင့် ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှင်ရပ်တည်နိုင်ရေး အတွက် လိုအပ်သော အသိပညာ ၊ ကျွမ်းကျင်မှု ၊ စိတ်နေသဘောထားများ ဖြစ်ပါသည် ။ ပထမတန်း ဘဝတွက်တာတွင် (၁) ရောဂါကင်းဝေး ကျန်းမာရေး ၊ (၂) လူမှုဘဝ မှာ ကျွမ်းကျင်စရာ ၊ (၃)သဘာဝ ဝန်းကျင်ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့ ဟူ၍ အပိုင်း (၃) ပိုင်း ခွဲခြားထားပါသည် ။

(၁)ရောဂါကင်းဝေး ကျန်းမာရေး

ရောဂါကင်းဝေး ကျန်းမာရေးတွင် ဂရုစိုက်ပါ ကိုယ်ခန္ဓာ ၊ ကြီးထွားလာသော ကိုယ်ခန္ဓာ ၊ အစာ အုပ်စု (၃) အုပ်စု ၊ ဆေးလိပ်မီးခိုး ၊ သွေးလွန်တုပ်ကွေး ဆိုတာ ဟူသော သင်ခန်းစာ များကို သင်ကြား သင်ယူရမည် ဖြစ်ပါသည်။ ဤသင်ခန်းစာ များကို သင်ကြား သင်ယူ ရခြင်းအားဖြင့် ကလေးများသည် ကျန်းမာရေးဆိုင်ရာ အခြေခံ ဗဟုသုတများ ၊ စားသင့်သော အစာ များ နှင့် မစားသင့်သော အစာများ ၊ ကျန်းမာရေးနှင့် ကိုက်ညီသော အစားအစာ အုပ်စု (၃) အုပ်စု ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အသိပညာ ဗဟုသုတများ စသည့် လက်တွေ့ဘဝ ၏ ဘဝ တစ်လျှောက်လုံး တွင် အသုံးချ၍ ရသော အသိပညာ ဗဟုသုတ များကို ရရှိစေပါသည် ။

(၂) လူမှုဘဝ မှာ ကျွမ်းကျင်စရာ

လူမှုဘဝ မှာ ကျွမ်းကျင်စရာတွင် ပျော်စရာကောင်းသော စာသင်ခန်း ၊ ငြင်းဖို့လိုတယ် ၊ မသိရင် ဘာလုပ်ကြမလဲ ၊ မုန်ဖိုး ၊ သတိပြုဖွယ် ယာဉ်အန ္တရာယ် ၊ အန ္တရာယ် ကင်းဖို့ ရှောင်ရှားစို့ ဟူသော သင်ခန်းများကို သင်ကြားရမည် ဖြစ်ပြီး ကလေးများသည် လူမှုနယ်ပယ်တွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာခြင်း ၊ မိမိကိုယ်ကိုယ် ကာကွယ်ရမည့် အကြောင်းအရာ များကို သိရှိနားလည် လက်ခံခြင်း ၊ တစ်ဦး နှင့် တစ်ဦး မထိခိုက်မိစေရန် သတိထားတတ်ခြင်း ၊ လူတိုင်း၏ မတူညီသော ကွဲပြားခြားနားချက်များကို နားလည်လက်ခံတတ်ခြင်း၊ တခြားသူ၏ အားနည်းချက်များကို သိရှိနားလည်လာပြီး သနားငဲ့ညှာတတ်ခြင်း ၊ ကိုယ်ချင်းစာ တရားထားခြင်း စသည့် ဘဝတစ်လျှောက်လုံး တွင် အသုံးချ နိုင်သော လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုများ ရှိလာမည် ဖြစ်ပါသည် ။

(၃)သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့ တွင် သဘာဝထဲမှာ အတူယှဉ်တွဲနေထိုင်ကြမယ် ၊ မြေပြို ရင်ဘာလုပ်ကြမလဲ ၊ ရေကြီး ရေလျှံရင် ဘာလုပ်ကြမလဲ ၊ လေဆင်နှာမောင်း နဲ့ ကြုံရင်ဘာလုပ်ကြမလဲ စသောသင်ခန်းစာ များကို သင်ကြားရမည်ဖြစ်ပြီး ကလေးများသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ပတ်သတ်သော အသိပညာ ဗဟုသုတများကို သိရှိနားလည်ခြင်း ၊သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ခြင်း ၊ တန်ဖိုးထားတတ်ခြင်း လက်တွေ့ဘဝတွင် အသုံးချနိုင်ခြင်း ၊ သဘာဝဘေးအန ္တရာယ် ဖြစ်ပေါ်လာခြင်းကို နားလည် သဘောပေါက်ပြီး ထိုသဘာဝ ဘေးအန ္တရာယ် ကြုံတွေ့လာချိန်တွင် မည်ကဲ့သို့ ကာကွယ်ရမည် မည်သည့် အရာများကို လုပ်ဆောင်ရမည်ကို သိရှိပြီး လက်တွေ့တွင် အသုံးချနိုင်ခြင်း စသော ကျွမ်းကျင်မှုများ ရရှိလာမည် ။

တတိယတန်း ဘဝ တွက်တာ သင်ခန်းစာများကို သင်ကြားသင်ယူပြီးနောက် ကလေးများသည် ဘဝတွက်တာ ကျွမ်းကျင်မှု ဆိုင်ရာများ ဖြစ်သော ပြဿနာ ဖြေရှင်းခြင်း ၊ တီထွင်ကြံဆခြင်း ၊ လေးနက်စွာဆန်းစစ် ဝေဖန်ခြင်း ၊ ဆုံးဖြတ်ချက်ချခြင်း ၊ ဆက်သွယ်ပြောဆိုခြင်း ၊ မိမိကိုယ်မိမိ သိရှိနားလည်ခြင်း ၊ တစ်ဦး နှင့် တစ်ဦး အပြန်အလှန် ဆက်ဆံခြင်း ၊ ကိုယ်ချင်းစာ တရား ထားရှိခြင်း ၊ စိတ်လှုပ်ရှားမှုများ နှင့် စိတ်ဖိစီးမှုများကို ထိန်းချုပ်တတ်ခြင်း စသည့် ကျွမ်းကျင်မှုများ တိုးတက်လာမည် ဖြစ်ပါသည် ။


စာရိတ္တ နှင့် ပြည်သူ့နီတိ

တတိတန်း စာရိတ္တ နှင့် ပြည်သူ့နီတိ တွင် ငယ်ရွယ်သူအား သနားညှာတာ ၊ ယဉ်ကျေးတဲ့ ဧည့်သည် ၊သင့်စွာသုံးပါ နည်းပညာ ၊ ယုံကြည်အားကိုးရသူ ၊ မျှတခြင်းဖြင့် သာယာစေ ၊ နားလည်ပေးဖို့ လိုအပ်တယ် ၊ ရည်မှန်းချက်ထား ကြိုးစားလုပ်ဆောင်၊ အများအကျိုး သယ်ပိုးရွက်ဆောင်၊ ရင်းနှီးပျူငှာ ဆက်ဆံပါ ၊ စည်းကမ်းရှိပါ ၊ လမ်း၌ ယဉ်ကျေးခြင်း ၊ ကိုယ့်နေရာ နဲ့ ကိုယ့် တာဝန်တာ ၊ အများပိုင် ပစ္စည်း တို့အလေးထား ၊ အမိမြေကို ချစ်မြတ်နိုးပါ ၊ သဘာဝ အလှ တသသ ၊ သန့်ရှင်းသာယာ လှပဖို့ စသော သင်ခန်းစာများကို သင်ကြားရမည် ဖြစ်ပြီး ကလေးများ အနေဖြင့် စာရိတ္တ နှင့် ပြည်သူ့နီတိကို သင်ယူရခြင်းအားဖြင့် ကလေးများသည် သင်ယူမှုတန်းဖိုး (၄)ရပ်ဖြစ်သော ယဉ်ကျေးမှု ၊လူမှုကျင့်ဝတ်များ ၊ အခွင့်အရေး နှင့် တာဝန်ကို နားလည်မှု ၊ စည်းကမ်းလိုက်နာမှု နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်တတ်မှု စသည့် တို့ကို ရရှိစေနိုင်ပါသည် ။ အများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်တတ်မှု ၊တာဝန်ယူတတ်မှုနှင့် မတူကွဲပြားမှု အပေါ် နားလည်လက်ခံလာပြီး သနားညှာတာ ထောက်ထား တတ်ခြင်း ၊ လူမှုပတ်ဝန်းကျင်တွင် လိုက်လျောညီထွေအောင် ပြုမူနေထိုင်တတ်ခြင်း စသော အပြုအမူကောင်းများကို ရရှိလာမည် ဖြစ်ပါသည် ။