🔸 ကော်ဖီက သားသားမီးမီးတွေရဲ့ ဖွံ့ဖြိုးမှုတွေကို ဟန့်တားစေနိုင်တယ်ဆိုတာမဟုတ်ပါဘူး။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က အရိုးပွရောဂါကိုဖြစ်စေနိုင်ပြီး အရိုးတွေကို ပျက်စီးနိုင်တဲ့အပြင် vitamin-D ဓာတ်ကိုလဲ ချို့တဲ့စေနိုင်ပါတယ်။
🔸 သို့သော်လည်း မြောက်များစွာသောလေ့လာချက်တွေအရ ကော်ဖီသောက်ခြင်းကြောင့် ဖွံ့ဖြိုးမှုချို့ယွင်းခြင်းနှင့် ပတ်သက်တဲ့အကြံပြုချက်တွေဟာ ခိုင်လုံစွာတွေ့ရှိထားခြင်းမရှိပါဘူး CCS Medical ရဲ့ nutrition ပညာရှင် Kristen Scheney ကပြောထားပါတယ်။
🔸 သားသားမီးမီးတွေ ကော်ဖီသောက်လိုက်တဲ့အခါ စိုးရိမ်စရာတစ်ခုကတော့ ကဖိန်းဓာတ် လွန်ကဲမှုကြောင့် အိပ်စက်ခြင်းမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါမှမဟုတ်ပူပင်သောကမှုတွေလဲရှိလာနိုင်ပါတယ်။