(၁) ကာယဖွံ့ဖြိုးတိုးတက်ခြင်း
(၂) ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ခြင်း
(၃) စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ခြင်း
(၄) ဘာသာစကားဖွံ့ဖြိုးတိုးတက်ခြင်း
(၅) သိမှု (သို့မဟုတ်) ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ခြင်း တို့ဖြစ်ပါတယ်။
တစ်ချက်စီကို ရှင်းလင်းဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။
(၁) ကာယဖွံ့ဖြိုးတိုးတက်မှု
ကာယဖွံ့ဖြိုးတိုးတက်မှုမှာ သားသားမီးမီးများအနေဖြင့် သူတို့မှာရှိတဲ့ကြွက်သားဆိုင်ကြီး များနှင့် ကြွက်သားဆိုင် ငယ်လေးများကို အသုံးပြုရတဲ့ လုပ်ငန်းများပါဝင်ပါတယ်။ ကြွက်သားဆိုင်ကြီးများမှာ လမ်းလျှောက် ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း၊ ပစ္စည်းများကို ပစ်ခြင်းစတဲ့ လုပ်ငန်းများပြုလုပ်ရာတွင် အသုံးပြုပါတယ်။ ကြွက်သားငယ်လေးများကိုတော့ ပုံဆွဲခြင်း၊ စာရေးခြင်း၊ အစာကိုယူစားခြင်း၊ အဝတ်ဝတ်ခြင်း၊ ဖိနပ်စီးခြင်းစတဲ့ လုပ်ငန်းများ ပြုလုပ်ရာတွင် သုံးပါတယ်။
(၂) ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ခြင်း
ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ သားသားမီးမီးများအနေဖြင့် သူတို့နေ့စဉ်ဘဝတွင် တခြားကလေးများ၊ လူကြီးများနှင့် အပြန်အလှန်ဆက်သွယ်လုပ်ဆောင်ခြင်းကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှုများတွင် မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ သတ်မှတ်ထားတဲ့စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းများ ပါဝင်ပါတယ်။
စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံဖြိုးတိုးတက်ခြင်းတွင် သားသားမီးမီးတို့အနေဖြင့် မိမိနှင့် ပတ်သက်တဲ့စိတ်ခံစားနေရခြင်း၊ မိမိကိုယ်မိမိ လေးစားတန်ဖိုးထားခြင်း၊ မိမိကိုယ်မိမိယုံကြည် အားထားခြင်းနှင့် သူတို့စိတ်မှာဖြစ်နေတဲ့ခံစားခြင်းများကို ထုတ်ဖော်ပြနိုင်တဲ့ စွမ်းရည်များပါဝင်ပါတယ်။
(၄) ဘာသာစကားဖွံ့ဖြိုးတိုးတက်ခြင်း
ဘာသာစကားဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာ ကလေးများအနေဖြင့် ပြောဆိုမှုကို နားထောင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ ပြောဆိုနိုင်ခြင်းနှင့် နောက်တဖြည်းဖြည်းစာရေး စာဖတ်နိုင်ခြင်း စွမ်းရည်များ ပါဝင်ပါတယ်။
(၅) သိမှု (သို့မဟုတ်) ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ခြင်း
ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ခြင်းတွင် သားသားမီးမီးများအနေဖြင့်
စဉ်းစားနိုင်ခြင်း၊
ကျိုးကြောင်းဆက်စပ် ချင့်ချိန်ဆင်ခြင်နိုင်ခြင်း၊
ကြုံတွေ့လာတဲ့ အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်များ တိုးတက်လာနိုင်ခြင်း၊
အယူအဆများ ပုံဖော်နိုင်ခြင်း၊
စိတ်ကူးများကို ပြန်လည်မှတ်မိနိုင်ခြင်း၊
အရာဝတ္ထုနှင့် ပစ္စည်းများကို မှတ်မိနိုင်ခြင်း
စတာတွေ ပါဝင်ပါတယ်။