School Information
- Location :Centre- 7, Centre- 11
- Duration :9 Months
- School Fee :MMK 250,000
- Materials fees :MMK 400,000(For 9 Months)
- Registration fees :MMK 100,000(For New Student)
[caldera_form_modal id="CF5e22845bd4950" type="button"]Book Now [/caldera_form_modal]
School Teachers
Tr Name
Branch
မြန်မာစာ
ကလေးများသည် မြန်မာစာ သင်ကြားခြင်းဖြင့် မြန်မာဘာသာ စကား၏ အနာ ၊ အကြား ၊ အပြောအဆို ၊ အရွတ်အဖတ် ၊ အရေးအသား နှင့် စဉ်းစားတွေးခေါ် ဖန်တီးမှုများ ရရှိလာရန် ရည်ရွယ်ပါသည် ။ ပထမတန်း မြန်မာစာ တွင်ဗျည်း (၃၃) လုံးနှင့် ဗျည်း ကဗျာများ ၊ အသုံးများသော အထူး အက္ခရာများ ( ၌ ၊ ၍ ၊ ၏ ၊ ဤ ) ၊ ကဗျာ (၁၅)ပုဒ် ၊ ပုံပြင် (၃)ပုဒ် အပါအဝင် မြန်မာစာ အခြေခံ အရွတ်အဖတ်ဖြစ်သော သရတွဲ (၈)မျိုး နှင့် ဗျည်းတွဲ (၄)မျိုး တို့ကို သင်ကြားတတ်မြောက်မှု ရှိမည် ဖြစ်ပါသည် ။ ပထမတန်း သင်ယူပြီးမြောက်လျှင် ထို ဗျည်းတွဲ ၊ သရ တွဲ များဖြင့် ရေးထားသော စာများကို ဖတ်တတ်မည် ဖြစ်ပါသည် ။ သင်ခန်းစာတွင် လိမ္မာ ယဉ်ကျေးသော ပြောဆိုဆက်သွယ်ခြင်း ဆိုင်ရာ သင်ခန်းစာများ သင်ယူရခြင်းကြောင့် ကလေးများသည် လိမ္မာ ယဉ်ကျေး၍ အကျင့်စာရိတ္တ ကောင်းမွန်သော သူများ ဖြစ်လာပါမည် ။
English
The first grade curriculum is child – centered and communicative teaching methodology . Students learn words and phrases to each topic through listening , speaking , reading and writing . Students will develop in 4 language skills and cultures through learning activities and group discussion. There are 8 Units and organized with six types of lessons .
- Language –focused lessons
- Skills – focused lessons
- Letters focused lessons
- Language review lessons
- Letter review lessons
- Project –based lessons.
သင်္ချာ
ပထမတန်း သင်္ချာသင်ခန်းစာတွင် ၁ မှ ၂၀ အထိ ကိန်းများကို ပေါင်းခြင်း၊ နှုတ်ခြင်း ၊ စိတ်တွက်ဖြင့် တွက်ခြင်း ၊ ပုစ္ဆာဖြေရှင်းခြင်း စသော သင်ခန်းစာများ ၊ ဂျီသြမေတြီ ဆိုင်ရာ အခြေခံများ ၊ တိုင်းတာခြင်း ဆိုင်ရာ သင်္ချာ အခြေခံများ ၊ နေရာအဆင့်ပြကိန်းများ ၊ pattern များ ၊ ၁ မှ ၁၀၀ ထိ လွယ်ကူသော ကိန်းများ ပေါင်းခြင်း ၊ နှုတ်ခြင်း ၊ ပုစ္ဆာဖြေရှင်းခြင်းများ သင်ယူတတ်မြောက်မည် ဖြစ်ပါသည် ။ ပထမတန်းသင်္ချာ ကို သင်ကြားခြင်းအားဖြင့် သင်္ချာဆိုင်ရာ အသိသညာများ ၊ကျွမ်းကျင်မှုများ၊ ပြဿနာ ဖြေရှင်းခြင်းများ ၊ ဂျီသြမေတြီ ဆိုင်ရာ သင်္ချာ အခြေခံများ ၊ သင်္ချာ ဆိုင်ရာအတွေးအခေါ်များ ကို ရရှိလာနိုင်မည် ။ ပထမတန်း သင်ယူပြီးမြောက်ပြီးနောက်တွင် ကလေးများသည် သင်္ချာ ဆိုင်ရာ အသိပညာများ ၊ ကျွမ်းကျင်မှုများ ကို လက်တွေ့ဘဝ တွင် စဉ်းစားတွေးခေါ်တတ်ပြီး အသုံးချနိုင်မည် ဖြစ်ပါသည်။
သိပ္ပံ
ပထမတန်း သိပ္ပံတွင် ပတ်ဝန်းကျင်ရှိ အရာများကို အုပ်စုဖွဲ့ခြင်း၊ပတ်ဝန်းကျင်ရှိပြောင်းလဲမှုများ နှင့် ပတ်ဝန်းကျင်ရှိ အသံများ ၊ ပတ်ဝန်းကျင်ရှိ အပင်များ၏ မတူညီမှုများ နှင့် ပေါက်ရောက်ရန် နေရာများ ၊ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ၊ တိရစ္ဆာန်များမြ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ၊ မတူညီသော နေရာမှ တိရစ္ဆာန်များ ၊ ကျွနု်ပ် ခန္ဓာကိုယ်အစိတ်အပိုင်း မတူညီမှုများ နှင့် အသုံးပြုခြင်း ၊ ကမ္ဘာမြေကြီး(မြေကြီး၊ကျောက်ခဲ၊ရေ ) ၊ ကောင်းကင်(သဘာဝ အတိုင်း တွေ့ရသည်များ နှင့် အခြားတွေ့သည်များ) စသည့် အကြောင်းအရာများနှင့် ဖွဲ့စည်းထားသည်။ ပထမတန်းသိပ္ပံ တွင် ကျောင်းသား ကျောင်းသူများ ပတ်ဝန်းကျင် ၌ ပျော်ရွှင်စွာ စူးစမ်းလေ့လာ မှုများ ပြုလုပ်ခြင်းဖြင့် သင်ယူရခြင်း၊ လက်တွေ့ လုပ်ဆောင်ခြင်းဖြင့် သင်ယူရခြင်း ၊ project များ ပြုလုပ်ခြင်းဖြင့် သင်ယူရခြင်းကြောင့် ကျောင်းသားများ အနေဖြင့် စူးစမ်းလေ့လာခြင်း ၊ နှိုင်းယှဉ်ခြင်း ၊ တိုင်းတာခြင်း ၊ ချိတ်ဆက်ခြင်း ၊ ကျိုးကြောင်းဆက်စပ်ခြင်း ၊ အခြေအနေတစ်ခုတွင် စူးစမ်းလေ့လာခြင်း စသော သိပ္ပံဆိုင်ရာ အခြေခံကျွမ်းကျင်မှုများကို ရရှိနိုင်မည် ဖြစ်ပါသည် ။
လူမှုရေး
လူမှုရေးသင်ခန်းစာကို မိမိ ၊ မိမိ မိသားစု ၊ မိမိ ပတ်ဝန်းကျင် ၊ မိမိ ရပ်ရွာ ၊ မိမိ မြို့ ၊ မိမိတိုင်း/ပြည်နယ် ၊ မိမိ နိုင်ငံ ၊ မိမိ ကမ္ဘာ စသည်ဖြင့် မိမိ ၏ အနီးဆုံး ပတ်ဝန်းကျင် မှ ကျယ်ပြန့်သော ပတ်ဝန်းကျင် သို့ သင်ခန်းစာများကို ဖွဲ့စည်းထားသည် ။ ပထမတန်း လူမှုရေးတွင် မောင်မောင်နှင့် သူငယ်ချင်းများ အကြောင်း ၊ မိသားစုနှင့် နေအိမ် ၊ ကျွနု်ပ်တို့ စားသုံးသော အစားအစာများ ၊ ကျွပ်နု်ပ်တို့ ဝတ်ဆင်သော အဝတ်အထည် နှင့် အသုံး အဆောင်များ ၊ မိုးလေဝသ အခြေအနေ အလိုက် ကျွနု်ပ်တို့၏ နေထိုင်မှု ၊ ကျွနု်ပ်အားကျဂုဏ်ယူရသော သမိုင်းဝင်ခေါင်းဆောင်များ ( ၁ ။ အနော်ရထာ ၂။ ဘုရင့်နောင် ၊ ၃။ အလောင်းမင်းတရား ၊) ဟူ၍ သင်ခန်းစာများကို သင်ယူ ရမည်ဖြစ်သည်။ ပထမတန်း လူမှုရေးသင်ခန်းစာများကို သင်ကြားရခြင်းဖြင့် ပေါင်းသင်းဆက်ဆံရေး စွမ်းရည်များ ၊ မိသားစု နှင့် မိသားစုဝင်များ၏ အရေးပါပုံ ၊ တန်ဖိုးထားပုံ ၊ မိမိ တို့စားသုံးသော အစားအစာများ နှင့် အစားအစာများ ရရှိပုံ ၊ ရာသီဥတု အလိုက် ဝတ်ဆင်ရသော အဝတ်အထည်များ နှင့်အဝတ်အထည်များ ရရှိပုံ ကို သိရှိပြီး လက်တွေ့ဘဝ တွင် အသုံးချနိုင်သော အချက်များကို နားလည် သိရှိလာမည် ။ မိမိ အကြောင်းကိုသာမက သူငယ်ချင်းများ၏ အကြောင်းများကိုပါ နားထောင်တတ်ခြင်း ၊ မျှဝေတတ်ခြင်း များ ပြုလုပ်လာနိုင်မည် ။ ရာသီဥတု အလိုက် အဝတ်အစား များ ပြောင်းလဲဝတ်ဆင်ရပုံကို နားလည် သိရှိကာ လက်တွေ့ဘဝတွင် အသုံးချတတ်လာမည် ။ အနော်ရထာမင်း ၏ စွမ်းဆောင်ချက် ၊ ဘုရင့်နောင် မင်းတရား ၏ စွမ်းဆောင်ချက် ၊ အလောင်းမင်းတရား ၏ စွမ်းဆောင်ချက်များ ကို သိရှိပြီး မင်းများ၏ ကောင်းသော စိတ်နေ သဘောထားများကို အတုယူကာ လက်တွေ့ လုပ်ဆောင်ရန် ကြိုးစာလိုစိတ်များ ဖြစ်ထွန်းလာစေမည် ။
ဘဝတွက်တာ ကျွမ်းကျင်စရာ
ဘဝတွက်တာ ကျွမ်းကျင်စရာ ဆိုသည်မှာ လူ့အဖွဲအစည်းမှ လူသားတစ်ဦး အနေဖြင့် ပိုမိုကောင်းမွန်သော အသက်ရှင်မှု နည်းလမ်း များနှင့် ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှင်ရပ်တည်နိုင်ရေး အတွက် လိုအပ်သော အသိပညာ ၊ ကျွမ်းကျင်မှု ၊ စိတ်နေသဘောထားများ ဖြစ်ပါသည် ။ ပထမတန်း ဘဝတွက်တာတွင် (၁) ရောဂါကင်းဝေး ကျန်းမာရေး ၊ (၂) လူမှုဘဝ မှာ ကျွမ်းကျင်စရာ ၊ (၃)ထိန်းသိမ်းအစဉ်တို့ဝန်းကျင် ဟူ၍ အပိုင်း (၃) ပိုင်း ခွဲခြားထားပါသည် ။
(၁)ရောဂါကင်းဝေး ကျန်းမာရေး
ရောဂါကင်းဝေး ကျန်းမာရေးတွင် တို့ရဲ့ခန္ဓာ သန့်ရှင်းပါ ၊ လက်ဆေးကြမယ် ၊ စုံအောင်စားမှ ခွန်အားရ ၊ မမြင်နိုင်တဲ့ အရာ ၊ဘာကြောင့် ဝမ်းလျှောတာလဲ စသည့် သင်ခန်းစာ များ သင်ယူရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အခြေခံ ဗဟုသုတများ ၊ စားသင့်သော အစာ များ နှင့် မစားသင့်သော အစာများ ၊ ကျန်းမာရေးနှင့် ကိုက်ညီသော အစားအစာ အုပ်စု (၃) အုပ်စု ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အသိပညာ ဗဟုသုတများ စသည့် လက်တွေ့ဘဝ ၏ ဘဝ တစ်လျှောက်လုံး တွင် အသုံးချ၍ ရသော အသိပညာ ဗဟုသုတ များကို ရရှိစေပါသည် ။
(၂) လူမှုဘဝ မှာ ကျွမ်းကျင်စရာ
လူမှုဘဝ မှာ ကျွမ်းကျင်စရာ အပိုင်းတွင် ကောင်းတဲ့ အချက်တွေ ရှိကြတယ် ၊ တစ်ယောက်တည်း မဟုတ်ပါ ၊ သူစိမ်းဆိုရင် သတိထားပါ ၊ ဒါတွေလုပ်သင့်သလား ၊ မတော်တဆ ဖြစ်မှု သတိပြု ၊ အချင်းချင်း အားပေးကြမယ် စသော သင်ခန်းစာများကို သင်ယူရမည် ဖြစ်သည် ။ ဤသင်ခန်းများကို သင်ကြားရခြင်းအားဖြင့် ကလေးများသည် လူမှုနယ်ပယ်တွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာခြင်း ၊ မိမိကိုယ်ကိုယ် ကာကွယ်ရမည့် အကြောင်းအရာ များကို သိရှိနားလည် လက်ခံခြင်း ၊ တစ်ဦး နှင့် တစ်ဦး မထိခိုက်မိစေရန် သတိထားတတ်ခြင်း ၊ လူတိုင်း၏ မတူညီသော ကွဲပြားခြားနားချက်များကို နားလည်လက်ခံတတ်ခြင်း၊ တခြားသူ၏ အားနည်းချက်များကို သိရှိနားလည်လာပြီး သနားငဲ့ညှာတတ်ခြင်း ၊ ကိုယ်ချင်းစာ တရားထားခြင်း စသည့် ဘဝတစ်လျှောက်လုံး တွင် အသုံးချ နိုင်သော လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုများ ရှိလာမည် ဖြစ်ပါသည် ။
(၃)ထိန်းသိမ်းအစဉ် တို့ဝန်းကျင်
ထိန်းသိမ်းအစဉ် တို့ဝန်းကျင်တွင် အပင်အလှ တန်ဖိုးထားကြ ၊ ငလျင်လှုပ်ရင် ဘာလုပ်မလဲ ၊ မိုးသည်းထန်ရင် ဘာလုပ်မလဲ ၊ မီးလောင်ရင် ဘာလုပ်ကြမလဲ စသည့် သင်ခန်းစာများကို သင်ယူရမည် ဖြစ်သည် ။ ထိုသင်ခန်းစာများကို သင်ကြားရခြင်းဖြင့် ကလေးများသည် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ပတ်သတ်သော အသိပညာ ဗဟုသုတများကို သိရှိနားလည်ခြင်း ၊သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ခြင်း ၊ တန်ဖိုးထားတတ်ခြင်း လက်တွေ့ဘဝတွင် အသုံးချနိုင်ခြင်း ၊ သဘာဝဘေးအန ္တရာယ် ဖြစ်ပေါ်လာခြင်းကို နားလည် သဘောပေါက်ပြီး ထိုသဘာဝ ဘေးအန ္တရာယ် ကြုံတွေ့လာချိန်တွင် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိရှိခြင်း ၊ လက်တွေ့တွင် အသုံးချနိုင်ခြင်း စသော ကျွမ်းကျင်မှုများ ရရှိလာမည် ။
ပထမတန်း ဘဝ တွက်တာ သင်ခန်းစာများကို သင်ကြားသင်ယူပြီးနောက် ကလေးများသည် ဘဝတွက်တာ ကျွမ်းကျင်မှု ဆိုင်ရာများ ဖြစ်သော ပြဿနာ ဖြေရှင်းခြင်း ၊ တီထွင်ကြံဆခြင်း ၊ လေးနက်စွာဆန်းစစ် ဝေဖန်ခြင်း ၊ ဆုံးဖြတ်ချက်ချခြင်း ၊ ဆက်သွယ်ပြောဆိုခြင်း ၊ မိမိကိုယ်မိမိ သိရှိနားလည်ခြင်း ၊ တစ်ဦး နှင့် တစ်ဦး အပြန်အလှန် ဆက်ဆံခြင်း ၊ ကိုယ်ချင်းစာ တရား ထားရှိခြင်း ၊ စိတ်လှုပ်ရှားမှုများ နှင့် စိတ်ဖိစီးမှုများကို ထိန်းချုပ်တတ်ခြင်း စသည့် ကျွမ်းကျင်မှုများ တိုးတက်လာမည် ဖြစ်ပါသည် ။
စာရိတ္တ နှင့် ပြည်သူ့နီတိ
စာရိတ္တ နှင့် ပြည်သူ့နီတိ တွင် ပိုပိုတို့ မိသားစု ၊ လူကြီးမိဘများကို ကူညီပါ ၊ အိမ်၌ယဉ်ကျေးခြင်း ၊ လိမ်ညာ၍ မပြောတော့ပါ ၊ ဖြူဖြူ၏ နောင်တ ၊ တာဝန်ကျေသူ ၊ ကျင့်ဝတ်လိုက်နာ ညီငယ်ရာ ၊ လူကလေး ရဲ့ ရိုးသားမှု ၊ ယဉ်ကျေးပျူငှာ ဆက်ဆံပါ ၊ ယုံကြည်ရသူ ၊ စာနာတတ်သူ စသော သင်ခန်းများကို သင်ယူရမည် ဖြစ်ပါသည် ။ စာရိတ္တ နှင့် ပြည်သူ့နီတိကို သင်ယူရခြင်းအားဖြင့် သင်ယူမှုတန်းဖိုး (၄)ရပ်ဖြစ်သော လူမှုကျင့်ဝတ် ၊ အခွင့်အရေး နှင့် တာဝန် ၊ စည်းကမ်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း တို့ကို ရရှိစေနိုင်ပါသည် ။ အများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်တတ်မှု ၊တာဝန်ယူတတ်မှုနှင့် မတူကွဲပြားမှု အပေါ် နားလည်လက်ခံလာမည် ဖြစ်ပါသည် ။