Our Program

ကျွန်တော်တို့ကျောင်း၏အဓိကရည်ရွယ်ချက်မှာ “ကျောင်းနေပျော်၍ စဉ်းစားတွေးခေါ်တတ်သော ကလေးများ” အမှန်တကယ် လက်တွေ့ဖြစ်ပေါ်လာစေရန်ဖြစ်သည်။ ကျောင်းနေပျော်ရန်အတွက် သင်ယူစရာ သင်ခန်းစာများကို စာတွေ့သာမက လက်တွေ့သင်ခန်းစာများ၊ Games၊ Activities တို့ဖြင့်ကိုယ်တိုင်လေ့လာသင်ယူသူများဖြစ်အောင်သင်ကြားပေးပြီး (၂၁)ရာစု သင်ယူမှုစွမ်းရည် (၅)ရပ်ဖြစ်သော ဉာဏဗလ၊ ကာယဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တို့ကို ရရှိစေရန်စီစဉ်ထားပါသည်။

ကာယ

ကလေးများ၏ ကာယကိုယ်ခန္ဓာ ကျန်းမာရွှင်လန်းမှုသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ဖို့ရန် ကဲ့သို့ပင် လက်တွေ့ကျကျသင်ကြားပြသပေးရမည့်အရာဖြစ်ပါသည်။ အခြေခံသွေးပူ လေ့ကျင့်ခန်း နှင့် ကလေးများတို့၏ အသက်အရွယ်လိုက် ဖွံ့ဖြိုးတိုးတက်ရမည့် ကာယလေ့ကျင့်ခန်များ တို့ကို ကျောင်းနေအရွယ်မှ စတင်ပြီး သေသေချာချာ လေ့ကျင့်သင်ကြားပြသပေးမှသာလျှင် ကျောင်းနေပျော်ပြီး အတန်းလုပ်ဆောင်မှုများတို့တွင် တက်ကြွစွာဖြင့် ပါဝင်လုပ်ဆောင်နိုင်ကြမည်ဖြစ်ပါသည်။

ဉာဏ

ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ကျောင်းသူ ကျောင်းသားများကိုယ်တိုင်ကစားနည်းများကို တီထွင်ကြံဆစေပြီး ပစ္စည်းစစ်များဖြင့် သင်ယူစေပါသည်။ ကျောင်းသင်ဘာသာရပ်များသာမက အသက်အရွယ်လိုက် လုပ်ဆောင်နိုင်မည့် အခြားဉာဏ ပိုင်းဆိုင်ရာ သင်ခန်းစာများတို့ကိုလည်း ထည့်သွင်း သင်ကြားပေးခြင်း ၊ game and activities များထည့်သွင်းသင်ကြား ပေးခြင်း ဥပမာ . အရောင်နှစ်ရောင်ရှိ စက်ဝိုင်းများကို ခဏတာ ကြည့်ပြီးနောက် ရွေးခိုင်းသောစက်ဝိုင်း အရောင်၏တည်နေရာကို ရွေးချယ် ခြင်း ၊ puzzle , logic များ ပြုလုပ်ခြင်း ၊ Memory Game များ ၊ Observation activities များ ကိုလက်တွေ့ လုပ်ဆောင်စေခြင်းဖြင့် သင်ကြားပေးပါသည်။

ပေါင်းသင်းဆက်ဆံရေး

အတန်းတွင်း နှင့် အတန်းပြင် လုပ်ဆောင်မှုတိုင်းတို့တွင် ၁ဦးတည်းဖြစ်စေ၊ ၂ယောက်တစ်တွဲဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ကျောင်းသူ၊ ကျောင်းသားများကို ပါ ဝင်လုပ်ကိုင်စေခြင်း ၊သူငယ်ချင်းများနှင့် အတူတကွကစားပြီး ကစားနည်း အသစ်များကိုလည်း တီထွင်ကြံဆခြင်း၊ အချင်းချင်းကူညီရိုင်းပင်းတတ်သောစိတ်ဓာတ်များထားရှိတတ်ဖို့ရန် နှင့် မည်ကဲ့သို့ အရေး ပါကြောင်းတို့ကို အတန်းတွင်းလုပ်ဆောင်မှုများမှတစ်ဆင့် လက်တွေ့သင်ကြားပြသပေးပြီး၊ ကျောင်းတွင်းသာမက၊ အိမ်တွင်လည်း ပေါင်းသင်းဆက်ဆံမှုကောင်းစေရန် နှင့် ကူညီတတ်သော စိတ်ဓာတ်လေးများ မွေးဖွားတတ်စေရန် သင်ကြားပြသပေးသွားမည်ဖြစ်ပါသည်။

စိတ်လှုပ်ရှားမှု

ကောင်းသောအကျင့်တို့ကို နားလည်စွာလုပ်ဆောင်တတ်ပြီး မိမိ ဘာသာစဉ်းစားပြီးလုပ်ဆောင် တတ်ရန် ကလေးများမိမိ ၏ အကြောင်းကိုကောင်းစွာပြောတတ်စေရန် မိမိ လုပ်ဆောင်သော activity များကို အတန်းတွင်ဝေငှပြီးကူညီလို သူများကို အတူတကွ ကူညီခြင်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်ရန် နွေးထွေးသော အပြုအမူများဖြင့် သင်ကြားပေးပြီးကလေးများ အောင် မြင်စွာ လုပ်ဆောင်နိုင်သော သင်ခန်းစာများကိုပြင်ဆင်ပေးခြင်းတို့ဖြင့်သင်ကြားပေးပါသည်။ ကလေးများ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေရန် နှင့် အချင်းချင်းနားလည်စာနာသနားတတ်သော စိတ်ထားများထားရှိတတ်ဖို့ရန်နှင့် အမှား အမှန် တို့ကို ဆင်ခြင်သုံးသပ်တတ် စေရန်တို့ ကိုလည်း Living Values စာအားဖြင့်ဖြစ်စေ၊ အတန်းတွင်းလုပ်ဆောင်မှုများမှဖြစ်စေ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ပါသည်။

စာရိတ နှင့် ပြည်သူ့နီတိ

စာရိတ္တ၏အဓိပ္ပါယ်သတ်မှတ်ချက်မှာလူတို့၏အသိ၊အကျင့်နှင့်စရိုက်တို့ကိုဖော်ညွှန်းသည့်လူ့စွမ်းရည်ဖြစ်သည်။ ပြည်သူ့နီတိ၏အဓိပ္ပါယ်သတ်မှတ်ချက်မှာနိုင်ငံသားတိုင်းကျင့်ကြံရာ တာဝန်ဝတ္တရားနှင့်ထုံးဓလေ့များကိုဆိုလိုသည်။ သို့ဖြစ်ပါ၍၎င်းဘာသာရပ်ကို သင်ကြားရာတွင် မိမိနိုင်ငံ ၊ မိမိ ယဉ်ကျေးမှုတို့ကိုသိရှိနားလည်ပြီး လုပ်ဆောင်ရန်တာဝန်များ ကောင်းမှု ၊ မကောင်းမှု များကိုနားလည်သဘောပေါက်ပြီး မိဘကျေးဇူးကိုသိတတ်နားလည်သော သားကောင်းသမီးကောင်းများဖြစ်ပေါ်လာစေရန် ကျောင်းသူ ကျောင်းသားများ စိတ်ကောင်းစေတနာများတပါးသူအပေါ် ထားရှိရန် လုံ့လ ၊ ဝိရိယ ရှိစေရန် ၊ မိမိတို့၏လိုအပ်ချက်များနှင့်ရပိုင်ခွင့်များကိုခွဲခြားသိရှိစေရန် သင်ကြားရုံသာမက အလေ့အကျင့်ကောင်းများ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် ကြီးကြပ်ကွပ်ကဲပေးပါသည်။