ADULT LEARNER

Our Mission

Your child is IMPROVING, HAPPY and SAFE with us!

Our Vision

We Promise You Excellent Education!

CORE VALUE

PASSION
PATIENCE
FLEXIBILITY
CREATIVITY
SUBJECT KNOWLEDGE
TEACHING SKILLS
CONTINUOUS PROFESSION DEVELOPMENT
LIFE-LONG LEARNING

ဘယ္သူအတြက္လဲ?

 

ကျွန်တော်တို့ GETC သင်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ထားသောသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော အင်္ဂလိပ်စာ သင်တန်းများရှိပါသည်။ သင်တန်းများကို မြန်မာနိုင်ငံကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ လိုအပ်ချက်နှင့် ကိုက်ညီသင့်တော်သည့် နောက်ဆုံးပေါ် သင်ရိုးနှင့် သင်ကြားရေးနည်းစနစ်ကို အသုံးပြုထားပြီး နိုင်ငံတကာ အဆင့်အတန်းမီ စီစဉ်ထားပါသည်။

ဘယ်လိုရည်ရွယ်ချက်များ ထားရှိပါသလဲ?

                နိုင်ငံတကာ ပညာရေး၊ လူမှုရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး၏ အသက်သွေးကြောဖြစ်သော အင်္ဂလိပ်ဘာသာစကားကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်စေရန် GETC မှ အောက်ပါ ရည်ရွယ်ချက်များထားရှိ၍ သင်ကြားပါမည်။

 

  •   အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာတတ်မြောက်စေရန်။
  •   မိမိကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် အခြားသူများနှင့် ပြောဆိုဆက်ဆံသည့် စွမ်းရည်များ ဖွံ့ဖြိုးစေရန်။
  •   အင်္ဂလိပ်ဘာသာစကားဖြင့် လေ့လာသင်ယူရသော နိုင်ငံတကာ အသိအမှတ်ပြု ပြည်တွင်းပြည်ပသင်တန်း၊ ကောလိပ်နှင့် တက္ကသိုလ်များ မတက်မီ လိုအပ်သော အင်္ဂလိပ်စာ အခြေခံကောင်းများ ရရှိစေရန်။
  •   အင်္ဂလိပ်ဘာသာစကားသင်ကြားရေးမှတဆင့် မြန်မာကျောင်းသား၊ ကျောင်းသူများ၏ အတွေးအခေါ် အယူအဆများကို မြှင့်တင်ပေးရန်။
  •   မြန်မာ့လူ အဖွဲ့အစည်းအတွက် လိုအပ်လျက်ရှိနေသော နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် အရည်အသွေးနှင့် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်။

သင်ရိုးနှင့်သင်ကြားမှုကို ဘယ်လိုစီစဉ်ထားသလဲ?

  •   နိုင်ငံတကာ အသိအမှတ်ပြု Cambridge University Press, Oxford University Press, Macmillan Publisher မှထုတ်သော Course Book များဖြင့် သင်ကြားပေးပါမည်။
  •   သင်ကြားမှုတွင် ကျောင်းသားဗဟိုပြု ချဉ်းကပ်သင်ကြားရေးနည်းကို အခြေခံ၍ Cambridge တက္ကသိုလ်၏ သင်ကြားရေးနည်းစနစ်အတိုင်း လေ့ကျင့်သင်ကြားပေးသွားပါမည်။
  •   ဆန်းစစ်ဝေဖန်စဉ်းစားမှုကို အားပေးသည့် ယဉ်ကျေးမှုဆိုင်ရာ ခေါင်းစဉ်များနှင့် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများကို သင်ကြားပေးပါမည်။
  •   အရေးအသားနှင့် လေ့လာမှုစွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် သင်ကြားပေးပါမည်။
  •   လူငယ်တစ်ဦးစီ၏ အရည်အချင်းအလိုက် တစ်ဦးချင်းလိုအပ်မည့် ပံ့ပိုးမှုများကို ပေးပါမည်။

အဆင့်များကို ဘယ်လို ခွဲထားပါသလဲ?

                     သင်တန်းအမျိုးအစားအလိုက် Level ၃ ခုမှ ၆ ခု အထိ ခွဲထားပါသည်။ Level တစ်ခုကို နာရီပေါင်း ၆၅ နာရီမှ ၃၆၀ နာရီကြာ သင်ယူရပါသည်။

တိုးတက်မှု ဘယ်လိုအကဲ ဖြတ်သလဲ?

                       ကျောင်းသား/သူ များ အမှန်တကယ်ပြောဆို၊ ရေးသားလုပ်ဆောင်နိုင်မှု၊ အတန်းတွင်းပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ ကြိုးစားအားထုတ်မှုနှင့် စာမေးပွဲရလဒ်အပေါ် အခြေခံပါသည်။ သင်တန်းတက်ရောက်သည့်နေ့ မှစ၍ ကျောင်းသားတစ်ဦးချင်းစီ၏ တိုးတက်မှု၊ လိုအပ်ချက်များကို မှတ်တမ်းတင်ထားမည် ဖြစ်ပြီး လိုအပ်သောပံ့ပိုးမှုများ ပေးသွားပါမည်။ သင်တန်းပြီးဆုံး၍ သတ်မှတ်ချက်ပြည့်မှီသော ကျောင်းသားများကို certificate ထုတ်ပေးသွားပါမည်။ (မိဘများအနေဖြင့်လည်း မိမိသားသမီး၏ တိုးတက်မှုနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို အတန်းပိုင်ဆရာ/မ (သို့မဟုတ်) သက်ဆိုင်ရာတာဝန်ရှိသူနှင့် မည်သည့်အချိန်မဆို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးနိုင်ပါသည်။)

မည်သည့်ဘွဲ့ရ ဆရာများနှင့် သင်ကြားပေးပါသလဲ?

                     ပြည်တွင်း ပြည်ပမှ မဟာဘွဲ့တွေအပြင် Dip in ELTM, Dip in TEFL, Dip in TESOL, CELTA အစရှိသည့် နိုင်ငံတကာ အသိအမှတ်ပြု အဂလိပ် ဘာသာဆရာအဖြစ် သင်တန်းအောင်လက်မှတ် ရရှိထားသည့် အတွေ့အကြုံနှင့် အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမ များမှ သင်ကြား ပေးလျက်ရှိပါသည်။