သားသားမီးမီးတွေ အတွက် အရေးကြီးတဲ့ အဓိကဖွံ့ဖြိုးခြင်းကဏ္ဍ (၅) ချက်

(၁) ကာယဖွံ့ဖြိုးတိုးတက်ခြင်း (၂) ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ခြင်း (၃) စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ခြင်း (၄) ဘာသာစကားဖွံ့ဖြိုးတိုးတက်ခြင်း (၅) သိမှု (သို့မဟုတ်) ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ခြင်း တို့ဖြစ်ပါတယ်။ တစ်ချက်စီကို ရှင်းလင်းဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။   (၁) ကာယဖွံ့ဖြိုးတိုးတက်မှု       ကာယဖွံ့ဖြိုးတိုးတက်မှုမှာ သားသားမီးမီးများအနေဖြင့် သူတို့မှာရှိတဲ့ကြွက်သားဆိုင်ကြီး များနှင့် ကြွက်သားဆိုင် ငယ်လေးများကို အသုံးပြုရတဲ့ လုပ်ငန်းများပါဝင်ပါတယ်။ ကြွက်သားဆိုင်ကြီးများမှာ လမ်းလျှောက် ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း၊ ပစ္စည်းများကို ပစ်ခြင်းစတဲ့ လုပ်ငန်းများပြုလုပ်ရာတွင် အသုံးပြုပါတယ်။ ကြွက်သားငယ်လေးများကိုတော့ ပုံဆွဲခြင်း၊ စာရေးခြင်း၊ အစာကိုယူစားခြင်း၊ အဝတ်ဝတ်ခြင်း၊ ဖိနပ်စီးခြင်းစတဲ့ လုပ်ငန်းများ ပြုလုပ်ရာတွင် သုံးပါတယ်။ (၂) ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ခြင်း       ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ သားသားမီးမီးများအနေဖြင့်…

Continue Reading

သားသားမီးမီးတွေရဲ့ ဖွံ့ဖြိုးမှုတွေကို ကော်ဖီက ဟန့်တားစေနိုင်ပါသလား ?

🔸 ကော်ဖီက သားသားမီးမီးတွေရဲ့ ဖွံ့ဖြိုးမှုတွေကို ဟန့်တားစေနိုင်တယ်ဆိုတာမဟုတ်ပါဘူး။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က အရိုးပွရောဂါကိုဖြစ်စေနိုင်ပြီး အရိုးတွေကို ပျက်စီးနိုင်တဲ့အပြင် vitamin-D ဓာတ်ကိုလဲ ချို့တဲ့စေနိုင်ပါတယ်။ 🔸 သို့သော်လည်း မြောက်များစွာသောလေ့လာချက်တွေအရ ကော်ဖီသောက်ခြင်းကြောင့် ဖွံ့ဖြိုးမှုချို့ယွင်းခြင်းနှင့် ပတ်သက်တဲ့အကြံပြုချက်တွေဟာ ခိုင်လုံစွာတွေ့ရှိထားခြင်းမရှိပါဘူး CCS Medical ရဲ့ nutrition ပညာရှင် Kristen Scheney ကပြောထားပါတယ်။ 🔸 သားသားမီးမီးတွေ ကော်ဖီသောက်လိုက်တဲ့အခါ စိုးရိမ်စရာတစ်ခုကတော့ ကဖိန်းဓာတ် လွန်ကဲမှုကြောင့် အိပ်စက်ခြင်းမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါမှမဟုတ်ပူပင်သောကမှုတွေလဲရှိလာနိုင်ပါတယ်။

Continue Reading

လူတစ်ယောက်မှာ တစ်နေ့ကို ရေပမာဏအနည်းဆုံး ဖန်ခွက် (၈) ခွက်သောက်ဖို့လုံလောက်ပြီလို့ သင်ထင်ပါသလား ?

သင်ကောအဲဒီအချက်က မှန်ကန်တယ်လို့ မှတ်ယူထားပါသလား ? လူအများစုရဲ့ဦးနှောက်မှာ အမြဲတစ်သတ်မတ်တည်း သတ်မှတ်ထားချက်တွေ၊ မှတ်ယူထားတဲ့အကြောင်းအရာတွေ အများကြီးရှိပါတယ်။ အဲ့ထဲမှာမှ မှားယွင်းစွာ မှတ်ယူနေကြတဲ့ အကြောင်းအရာတချို့ကို ဖော်ပြပေးသွားပါမယ်ရှင့်။ တစ်နေ့ကို အနည်းဆုံး ဖန်ခွက် (၈) ခွက်ရေသောက်ဖို့လိုအပ်တယ်ဆိုတဲ့အချက်က တကယ်တော့ လုပ်ကိုလုပ်ရမယ်ဆိုတဲ့စည်းမျဉ်းချထားခြင်းမဟုတ်ပါဘူး။ တကယ့်တော့ ကျန်းမာတဲ့ လူနေမှုဘ၀အတွက်တော့ မလိုအပ်ပါဘူး။ Mayo Clinic ရဲ့အဆိုအရနေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏဟာ လူတွေရဲ့ ကျန်းမာမှု၊ လှုပ်ရှားမှု၊ နေထိုင်တဲ့နေရာဒေသတွေရဲ့ မတူညီတဲ့အကြောင်းအရာအပေါ်မှာမူတည်နေပါတယ်။ တစ်ချို့သောလူတွေဟာ ဖန်ခွက် (၈)ခွက်အောက်နည်းတဲ့ ရေဓာတ်ပမာဏက ပြည့်စုံလုံလောက်ပြည့်၀မှုရှိနေပြီး လူတချို့ကျတော့ ဖန်ခွက် (၈)ခွက်ထက်မကပိုပြီး ရေဓာတ်ပမာဏလိုအပ်တဲ့သူတွေရှိပါတယ်။

Continue Reading

ပင်လုံစာချုပ် နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ

ပင်လုံစာချုပ် နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ  ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားကိုယ်စားလှယ် (၂၃) ဦး တို့သည် တောင်တန်း နှင့် ပြည်မ ကွဲပြား ခွဲခြားမှုမရှိသည့် ပြည်ထောင်စုကြီးကို တည်ထောင်ကြရန် သဘောတူညီခဲ့ကြသည့်အလျှောက် အချုပ်အချာအာဏာပိုင် လွတ်လပ်သည့် “မြန်မာနိုင်ငံတော်ကြီး” ကို တိုင်းရင်းသားများအားလုံး စုပေါင်းပြီး ဖွဲ့စည်းတည်ထောင်နိုင်ရန် နှင့် တောင်တန်းဒေသ နှင့် ပြည်မ ပူးပေါင်းပြီး အင်္ဂလိပ် ကိုလိုနီနယ်ချဲ့များထံမှ လွတ်လပ်ရေး အတူတကွ ရယူကြရန် သဘောတူညီပြီး (၁၉၄၇ ခုနှစ်) ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် စာချုပ် ချုပ်ဆိုခဲ့ကြသောကြောင့် “ပင်လုံစာချုပ်” ဟု ခေါ်ခြင်းဖြစ်ပါသည်။ ပင်လုံစာချုပ်ကို ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြသောနေ့ (၁၉၄၇ ခုနှစ်) ဖေဖော်ဝါရီလ…

Continue Reading

🔥🔥🔥 ဝူဟန်ဗိုင်းရပ်စ် ဘယ်ကနေ စဖြစ်တာလဲ ??? 🔥🔥🔥

🔥🔥🔥 ဝူဟန်ဗိုင်းရပ်စ် ဘယ်ကနေ စဖြစ်တာလဲ ??? 🔥🔥🔥 ကိုရိုနာဗိုင်းရပ်စ် (ခေါ်) ဝူဟန်ဗိုင်းရပ်စ်ဟာ ၂၀၁၉ ဒီဇင်ဘာမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာလို့ ကနဦး သတင်းများအရသိရပါတယ်။ ရေထွက်ပစ္စည်းတွေကနေ ဒီဗိုင်းရပ်စ်ကို ရတယ်လို့ ကောက်ချက်ချထားပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ဟာ ၂၀၀၂ ၊၂၀၀၃ ခုနစ်တွေမှာ ကမ္ဘာတဝန်းက လူပေါင်းထောင်ချီကူးစက်ပျံနှံ့ပြီး ၇၀၀ ကျော်အသက်ဆုံးရှုံးခဲ့ရတဲ့ ဆားရောဂါဖြစ်စေ တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ် (Corona Virus) ထဲကပဲဖြစ်တာမို့ သတိထားသင့်ပါတယ်။ တရုတ်နိုင်င်ငံမှာ ဒီ ဗိုင်းရပ်စ်ဟာ ဆက်လက် ပြန့်ပွားနေပြီး ရောဂါ ကူးစက်သူပေါင်း ၁၃၀၀ ကျော်အထိ မြင့်တက်လာကာ သေဆုံးသူ ၄၁ ဦးထိ ရှိနေပြီဖြစ်ကြောင်းကို နောက်ဆုံးရ သတင်းအနေနဲ့ သိရပါတယ်။ သေဆုံးသူများမှာလည်း တရုတ်နိုင်ငံ တစ်နိုင်ငံတည်းကသာ…

Continue Reading

✨✨✨ ဆဲတတ်တဲ့ အကျင့် ပျောက်အောင် ✨✨✨

✨✨✨ ဆဲတတ်တဲ့ အကျင့် ပျောက်အောင် ✨✨✨ ကလေးဟာ စကားတတ်လာပြီ ဆိုရင် သူစိတ်ဆိုးတဲ့ အချိန်၊ စိတ်အလိုမကျတဲ့ အချိန်တွေမှာ ဆဲဆိုတဲ့ စကားလုံးတွေ သူ့ပါးစပ်က ထွက်လာနိုင်ပါတယ်။ ဒီလိုကြားရတဲ့ အခါ တုံပြန်လိုက်တဲ့ မိဘတွေရဲ့ တုံ့ပြန်မှုက ကလေးကို ဒီလိုစကားလုံးတွေ ထပ်မသုံးအောင်၊ ထပ်သုံးစွဲအောင် အကျိုးသက်ရောက်စေပါလိမ့်မယ်။ အောက်ပါ အချက်လေးတွေ (၃) ချက်ကို လေ့လာကြည့်ကြရအောင်…။ ✨၁။✨ မချုပ်တီးဘဲ ပြုံးရယ်မိနေခြင်း ကလေးဆီက ဆဲဆိုတာလို ရိုင်းပြတဲ့ စကားလုံးမျိုးကြားရတဲ့အခါ သဘောကျလို့ ပြုံးမိ ရယ်မိ သွားမယ် ဆိုရင်တောင် သူ့ရှေ့မှာ မပြုံးမိပါစေနဲ့။ ကလေးက သူဆဲတာကို သဘောကျတယ် ဆိုပြီး နားလည်သွားနိုင်ပါတယ်။ ✨၂။✨ ကလေးကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခြင်း ကလေးဆဲဆိုနေတာကို ပြင်းပြင်း ထန်ထန် ဆူပူကြိမ်းမောင်းမယ်၊ လွန်လွန်ကဲကဲ…

Continue Reading

✨✨✨ တိုးတက်မှုကို ဘယ်လို အကဲဖြတ် တင်ပြမှာလဲ ??? ✨✨✨

✨✨✨ တိုးတက်မှုကို ဘယ်လို အကဲဖြတ် တင်ပြမှာလဲ ??? ✨✨✨ Nurture Private Primary School ရဲ့ ကျောင်းသား/သူများ၏ တိုးတက်မှုကို အကဲဖြတ်တင်ပြသည့် အပိုင်း (Assessment) ကို ဖေဖေ၊ မေမေတို့ သိစေရန် မျှဝေပေးလိုက်ပါတယ်…။ ✨ Nurture Private Primary School တွင် ကျောင်းသား/သူ များတိုးတက်မှုကို အကဲဖြတ်ရန် အတန်းတွင်းစစ်ဆေးခြင်း၊ အခန်းဆုံးစစ်ဆေးခြင်း၊ လပတ်နှင့် နှစ်ဝက်ဆုံး စာမေးပွဲ စစ်ဆေးခြင်းများကို ပုံမှန်လုပ်ဆောင်ပေးသွားမှာဖြစ်ပါ တယ်…။ ✨ အတန်းတွင်းစစ်ဆေးခြင်းတိုးတက်မှု အကဲဖြတ်မှတ်တမ်းကို ကလေးများ၏ လေ့ကျင့်ခန်းစာအုပ်များတွင် ကြည့်ရှုနိုင်ပါတယ်…။ ✨ အခန်းဆုံးစစ်ဆေးခြင်း တိုးတက်မှု အအကဲဖြတ်မှတ်တမ်းကို Progress Report များ ဖြင့် တင်ပြမှာ ဖြစ်ပါတယ်…။ ✨ လပတ် နှစ်ဝက် စစ်ဆေးခြင်း အကဲဖြတ်မှတ်တမ်းကို Monthly…

Continue Reading

🌏 ကမ္ဘာကြီးကို ကယ်တင်ဖို့ Superman ဖြစ်စရာမလိုပါဘူး။ 🌍

🌏 ကမ္ဘာကြီးကို ကယ်တင်ဖို့ Superman ဖြစ်စရာမလိုပါဘူး။ 🌍 Plastic အိတ်တွေ အမှိုက်တွေကို မလျော့ဘဲ ဒီထက်ပိုပြီး သုံးစွဲနေမယ်ဆိုရင် 2050 ရောက်တဲ့ အခါ ပင်လယ် ထဲ မှာ ငါးတွေထက် Plastic အိတ်တွေ များနေလိမ့်မယ်လို့ 2016 ခုနှစ်တုန်းက Washington Post သတင်းဌာန ကို သိပ္ပံပညာရှင်များက ပြောကြားခဲ့ပါတယ်။ ယခု ဆိုလျှင် Plastic အိတ်( ကြွပ်ကြွပ်အိတ်) လျော့ချသုံးစွဲဖို့ နေရာတော်တော်များများနှင့် နိုင်ငံ တော်တော် များများမှာ အရှိန် အဟုန်မြင့် လုပ်ဆောင်လာကြပြီ ပဲ ဖြစ်ပါတယ်…။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးကို အောက်ပါနည်းလမ်း (၃) ခုကို အသုံးပြုပြီး ကယ်တင်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်….။ 🚫 Reduce (လျော့ချသုံးစွဲပါ) 🚫…

Continue Reading

မူကြိုမပို့ခင် ဘာတွေပြင်ဆင်ပေးရမလဲ?

✨✨✨ မူကြိုမပို့ခင် ဘာတွေပြင်ဆင်ပေးရမလဲ? ✨✨✨ အငြိမ်းစား မူကြိုကျောင်းဆရာမကြီး မစ္စဖီလာကတော့ “မူကြိုကျောင်းကို မရောက်ဖူးသေးတဲ့ ကလေးတွေ အတွက် မူကြိုကျောင်းကသင်တဲ့ အရေးအဖတ်စာလုံးတွေ၊ ညွှန်ကြားမှုတွေကို လိုက်နာရမှု စတာတွေကို အိမ်မှာ ကြိုတင်လေ့ကျင့်မထားရင်၊ ကျောင်းကိုရောက်မှ စသင်ရရင် သူများတွေထက် စာမှာရော၊ လူမှုဆက်ဆံရေးမှာပါ နောက်ကျတော့တာပဲ” ဟုပြောထားပါတယ်…။ မူကြိုပို့ဖို့စဉ်းစားနေတဲ့ ဖေဖေမေမေတို့အတွက် မူကြိုမပို့ခင် ပြင်ဆင်ပေးရမယ့် အချက် (4) ချက်ကို Nurture မှ ဖော်ပြပေးလိုက်ပါတယ်…။ ✨1✨ အခြားသူများနှင့် ပြောဆိုတတ်သော စွမ်းရည် ကလေးတွေဟာ အတန်းထဲမှာ မိမိလိုအပ်ချက်တွေကို နှုတ်က ဖွင့်ပြောတတ်ဖို့လိုပါတယ်။ ဒါ့အပြင် လက်ညှိုးထောင်ပြတာ၊ လက်ထောင်ပြတာ၊ ခွင့်ပန်တာ စတာတွေ လုပ်တတ်ဖို့လိုပါတယ်…။ ✨2✨ ညွှန်ကြားချက်ကို လိုက်နာခြင်း ကလေးများဟာ အလွန်ငယ်ရွယ်တဲ့ အချိန်က စလို့ အခြေခံညွှန်ကြားချက်တွေကို လိုက်နာဖို့သင်ယူကြရတာပါ။…

Continue Reading

ဘဝအတွက် စွမ်းရည် (Life Skills) ဆိုတာ ဘာတွေလဲ ??

ဘ၀အတွက် စွမ်းရည် (Life Skills) ဆိုတာ ဘာတွေလဲ ?? စဉ်းစားတွေးခေါ်တတ်ခြင်းစွမ်းရည် စဉ်းစားတွေးခေါ်တယ်ဆိုတာ ကလေးရဲ့ စိတ်တွင်း ကမ္ဘာလောကထဲမှာ အစီအစဉ် တကျ လုပ်ဆောင်နေတာတွေကို ရည်ညွှန်းတာပါ။ ကလေးရဲ့ တွေးခေါ်စဉ်းစားပုံဟာ သူရဲ့ နေ့စဉ်ဘ၀ လုပ်ငန်းတွေအတွက် ဆုံးဖြတ်ချက်ချရာမှာ မှန်ကန်စေဖို့ မရှိမဖြစ် အရေးပါပါတယ်။ ကလေးကို စူးစမ်းတဲ့ မေးခွန်းများ မေးချင်လာအောင် လေ့ကျင့်ပေးခြင်း၊ အားပေးခြင်းတို့က သူရဲ့ စဉ်းစားတွေးခေါ်တတ်မှုစွမ်းရည် ဖွံ့ဖြိုးလာဖို့ အထောက်အကူပေးပါလိမ့်မယ်။ လူမှုဆက်ဆံရေးစွမ်းရည် လူမှုဆက်ဆံရေးစွမ်းရည်ဟာ အားရကျေနပ်ဖွယ်ရာ လူမှုသံယောဇဉ်တစ်ခုကို တည်ဆောက်ရာမှာ မရှိမဖြစ် အရေး ပါပါတယ်။ သင့်တော်တယ်လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ လူမှုဆက်ဆံရေး အပြုအမူတွေကို သင်ယူထားဖို့ ကလေးအတွက် အရေးကြီးပါတယ်။ ကြီးပြင်းရင့်ကျက်လာတာနဲ့ အမျှ မိမိရဲ့ ဆက်ဆံရေး…

Continue Reading