ကလေးတွေ ဘဝအတွက်လိုအပ်တဲ့ စွမ်းရည်များ
ကလေးတွေ ဘ၀အတွက်လိုအပ်တဲ့ စွမ်းရည်များ ဘ၀အတွက် စွမ်းရည် (Life Skills) ဆိုတာ ဘာတွေလဲ ?? စဉ်းစားတွေးခေါ်တတ်ခြင်းစွမ်းရည် စဉ်းစားတွေးခေါ်တယ်ဆိုတာ ကလေးရဲ့ စိတ်တွင်း ကမ္ဘာလောကထဲမှာ အစီအစဉ် တကျ လုပ်ဆောင်နေတာတွေကို ရည်ညွှန်းတာပါ။ ကလေးရဲ့ တွေးခေါ်စဉ်းစားပုံဟာ သူရဲ့ နေ့စဉ်ဘ၀ လုပ်ငန်းတွေအတွက် ဆုံးဖြတ်ချက်ချရာမှာ မှန်ကန်စေဖို့ မရှိမဖြစ် အရေးပါပါတယ်။ ကလေးကို စူးစမ်းတဲ့ မေးခွန်းများ မေးချင်လာအောင် လေ့ကျင့်ပေးခြင်း၊ အားပေးခြင်းတို့က သူရဲ့ စဉ်းစားတွေးခေါ်တတ်မှုစွမ်းရည် ဖွံ့ဖြိုးလာဖို့ အထောက်အကူပေးပါလိမ့်မယ်။ လူမှုဆက်ဆံရေးစွမ်းရည် လူမှုဆက်ဆံရေးစွမ်းရည်ဟာ အားရကျေနပ်ဖွယ်ရာ လူမှုသံယောဇဉ်တစ်ခုကို တည်ဆောက်ရာမှာ မရှိမဖြစ် အရေး ပါပါတယ်။ သင့်တော်တယ်လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ လူမှုဆက်ဆံရေး အပြုအမူတွေကို သင်ယူထားဖို့ ကလေးအတွက် အရေးကြီးပါတယ်။ ကြီးပြင်းရင့်ကျက်လာတာနဲ့…
Continue Reading