ကိုယ့်ကလေးတွေနဲ့ပတ်သက်ဆက်နွယ်မှုရှိတဲ့လူကြီးတွေကိုလေ့လာတွေ့ရှိရသလောက်သူတို့မှာရှိတဲ့အဓိကပြဿနာတွေထဲကတစ်ခုကတော့ကလေးတွေရဲ့ခံစားချက်ကိုကောင်းကောင်းနားမလည်ခြင်းပဲ။ ဒါဟာသူတို့ကိုယ်တိုင်ရဲ့ခံစားချက်တွေကိုတောင်သူတို့သေချာ မသိလို့လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်သင်ကိုယ်တိုင်သင့်ခံစားချက်ကိုတောင်သေချာမသိ င်တော့သင့်ကျောင်းသားတွေရဲ့ခံစားချက်တွေကိုရောသင်ကောင်းကောင်းနားလည်နိုင်ပါ့မလားဆိုတာကတော့မေးခွန်းထုတ်စရာပါပဲ။ လူတစ်ဦးတစ်ယောက်တိုင်းဆီမှာရှိတဲ့စိတ်ခံစားမှုရဲ့အပေါ်ယံ လိုအပ်ချက်တစ်ခုကတစ်ပါးသူဟာမိမိခံစားချက်သာမကအခြားသူတွေရဲ့ခံစားချက်ကိုပါ အလေးထားခြင်းပါပဲ။ ခံစားချက်တွေကိုအလေးထားမှုမရှိရင်တော့ဒါဟာလူတွေရဲ့စိတ်ခံစားမှုကိုကောင်းကောင်းအနှောင့်အယှက်ပေးနိုင်ပါတယ်။ ဆရာ၊ဆရာမတွေဟာ မိမိတို့လိုချင်တဲ့ပုံစံမျိုးနဲ့မကိုက်ညီတိုင်းသာကျောင်းသားတွေအတွက်ဘာမှလုပ်ဆောင်မပေးဘူးဆိုရင် ဒါဟာကျောင်းသားတွေရဲ့စိတ်ဓာတ်ကိုပျက်ပြားအောင်လုပ်ဆောင်နေခြင်းပါပဲ။ ဒါဆိုရင်ကျောင်းသားတွေဟာလည်းသူတို့ရဲ့စိတ်မကျေနပ်မှုတွေကိုနည်းလမ်းအသွယ်သွယ်နဲ့ပြလာပါလိမ့်မယ်။ဥပမာ-ဆိုးရွားတဲ့အပြူအမူအပြောအဆိုတွေလုပ်ဆောင်ခြင်းတွေလိုမျိုးပေါ့။ မိဘ၊ ဆရာသမားတွေသာ သူတို့ရဲ့အဓိကလိုအပ်ချက်တွေ၊ သူတို့စိတ်ကျေနပ်မယ့်အရာမျိုးလေးတွေကိုသာသေချာသိလေလေသူတို့ရဲ့မဆီလျော်တဲ့အပြုအမူတွေကိုလျော့ချနိုင်လေလေ ပါပဲ။ သေချာထိန်းကျောင်းလို့မရဘူးဆိုတဲ့ကလေးတွေရဲ့အခြေခံအချက်ကိုခြုံငုံကြည့်ရရင် သူတို့တွေဟာ ကျောင်းမှာ ဒါမှမဟုတ် အိမ်မှာ လျှစ်လျူရှုခံထားရတာနဲ့ လိုအပ်တာထက်ပိုပြီးစည်းကမ်းတင်းကြပ်တာတွေကြောင့်ဖြစ်ရတာများပါတယ်။ အကြောင်းပြချက်တွေထဲကတစ်ချက်ကတော့လူကြီးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ဘဝကိုတောင်သေချာမသိခြင်းနဲ့ သူတို့ဘဝမှာဘာတွေဖြစ်ပျက်နေတယ်ဆိုတာကိုသေချာမသိလို့လည်းဖြစ်နိုင်ပါတယ်။ ဒါဆိုအပေါ်ကပြောသွားတဲ့အချက်တွေထဲကနေ ဆရာ၊ဆရာမတွေကရော ဘာတွေလေ့လာသိရှိခဲ့ရပါသလဲ။ အရေးအကြီးဆုံးအချက်ကတော့သင်ကိုယ်တိုင်သင်နဲ့သင့်ခံစားချက်ကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ကြည့်ပါ။ သင်သာသင့်ခံစားချက်တွေကိုနက်နက်ရှိုင်းရှိုင်းခံစားသိမြင်လာတယ်ဆိုရင် ဒါမှမဟုတ် သင်ဘာကိုဖြစ်ချင်တယ်၊ ဘာဖြစ်နေတယ်ဆိုတာကိုသာ သေချာသိပြီဆိုရင်တော့ သင်ဟာသင့်ကျောင်းသားတွေနဲ့ပိုမိုကောင်းမွန်သောဆက်ဆံရေးတစ်ခုကိုတည်ဆောက်လာနိုင်မှာပါ။ Source from * Teaching through the heart * Translated by Elissa **** English Version ***** A Special…
Continue Reading