ကလေးတွေကို မဖြစ်မနေ သင်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း (၁၀) မျိုး
ကလေးတွေကို မဖြစ်မနေ သင်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း (၁၀) မျိုး မေမေတို့အနေနဲ့ သားသားမီးမီးတွေကို ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းလေးတွေ သင်ထားပေးသင့်ပါတယ်။ အလေ့အကျင့်ကောင်းလေးတွေ ပျိုးထောင်ထားပေးမှ သူတို့ကျောင်းနေအရွယ်ရောက်တဲ့အခါ ကောင်းမွန်တဲ့ ကလေးလေးတွေ ဖြစ်လာမှာပါ။ မေမေတို့ ကလေးအတွက် ကျန်းမာတဲ့ အလေ့အထတွေကို စောနိုင်သမျှ စောစော မိတ်ဆတ်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ- တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်ပြီး အစာမစားခင် လက်ကိုသေချာဆေးတာတို့၊ ကစားပြီးရင် လက်ဆေးတာတို့ဟာ အခြေခံသင်ပေးထားရမယ့် အလေ့အကျင့်လေးတွေပါ။ ဒါ့အပြင် ကျောင်းစတက်ရတော့မယ့် မေမေတို့ကလေးတွေအတွက် သင်ပေးထားသင့်တဲ့ အလေ့အထကောင်းလေးတွေရှိပါသေးတယ်။ ၁။ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာ စားသောက်ခြင်း ဒါက သူတို့အားလုံးအတွက် အခက်အခဲဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တခြားကလေးတွေလိုပဲ မေမေတို့ရဲ့ကလေးဟာ ဆိုးဆေးပါတဲ့ ဇီးထုပ်တွေ၊ အချဉ်ထုပ်တွေ၊ မသန့်တဲ့…
Continue Reading