သင့်ကလေးငယ် ခဏခဏဖျားနေသလား

မိုးရာသီချိန်ခါနဲ့ ဆောင်းအကုန်နွေအကူးကာလတွေဟာ ကလေးငယ်တွေ ဖျားနာမှုအဖြစ်အများဆုံးအချိန်တွေပဲဖြစ်ပါတယ်။ ဒီအချိန်တွေမှာ ကလေးတွေဟာ နှစ်ခါ၊သုံးခါခန့် ဖျားနာတဲ့အထိဖြစ်တတ်ကြပါတယ်။ အကယ်၍ ဒီ့ထက်များလာပြီဆိုရင်တော့ ကလေးငယ်မှာရှိသင့်တဲ့ ကိုယ်ခံအားရှိရဲ့လားဆိုတာရယ်၊ ကလေးရဲ့ပတ်ဝန်းကျင်ဟာ သဟဇာတမဖြစ်ဘဲ ကာလံ၊ဒေသံ၊ပယောဂံ မညီမျှမှုတွေများရှိနေမလားဆိုတာ စဉ်းစားရတော့မှာပါ။ ဒါကြောင့် ကလေးငယ်များ ခဏခဏဖျားနာရစေတဲ့အကြောင်းရင်းများကို တင်ပြလိုက်ပါတယ်။ ၁။ အာဟာရမမျှတခြင်း အာဟာရချို့တဲ့နေရှာတဲ့ ကလေးငယ်တွေဟာ လုံလောက်တဲ့ ကိုယ်ခံအားစံနစ်မရှိတဲ့အတွက် သာမန်ဖျားနာခြင်းကိုတောင် ပျောက်ကင်းဖို့အချိန်ကြာတတ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးတစ်ခါဝင်ပြီးတိုင်းမှာ အားပိုနည်းသွားတာကြောင့် နောက်တခါဝင်ဖို့လွယ်ကူပြီး ခဏခဏ ဖျားနာတတ်ကြပါတယ်။ ၂။ နာတာရှည်ရောဂါရှင် ကလေးငယ်တွေ မွေးရာပါရောဂါအချို့ဟာ ကလေးရဲကြီးထွားဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေပါတယ်။ ဥပမာ မွေးရာပါနှလုံးမှာအပေါက်ပိုပါနေတဲ့ ကလေးတွေဟာ ခဏခဏ ဖျားနာတတ်ပြီး ကြီးထွားမှုလည်းနှေးကွေးစေပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရောဂါရှင်ကလေးငယ်များ၊ သွေးရောဂါ၊ သူငယ်နာရောဂါအစရှိတဲ့ နာတာရှည်ရောဂါများဟာလည်း မကြာခဏ ဖျားနာစေတတ်တဲ့အျကြာင်းရင်းတွေဖြစ်ပါတယ်။ ၃။ ကလေးငယ်ရဲ့ပတ်ဝန်းကျင်နဲ့နေထိုင်မှု…

Continue Reading

ကလေးငယ်များ သန်စွမ်းထက်မြက် ဉာဏ်ရည်တက်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်

ကလေးငယ်များ သန်စွမ်းထက်မြက် ဉာဏ်ရည်တက်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ် ဒယိမ်းဒယိုင်နဲ့ လမ်းလျှောက်တတ်ခါစ တနှစ်ကနေ တောက်တောက် တောက်တောက်နဲ့လျှောက်သွားတတ်တဲ့ နှစ်နှစ်၊ သုံးနှစ်အရွယ်ကို ဆေးပညာအရ Toddler age (တော်ဒလာအရွယ်) လို့ခေါ်ပါတယ်။ ဒီတော်ဒလာ (toddler age) အရွယ်ကာလဟာ ကလေးတစ်ယောက်၏ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ ကာလတစ်ခုပါ။ ဒီကာလမှာ ကလေးရဲ့အရပ်ဟာ မွေးခါစထက် နှစ်ဆရှည်လာပြီး ကိုယ်အလေးချိန်ဟာလည်း မွေးတုန်းကအလေးချိန်ရဲ့ ငါးဆခန့်အထိ ကြီးထွားဖွံ့ဖြိုးပါတယ်။ ဒါ့အပြင် အဲ့ကာလအတွင်းမှာ ကိုယ်ခံအားစနစ်ကတည်ဆောက်နေဆဲ အချိန်ဖြစ်သောကြောင့် မျှတဲ့အာဟာရရှိဖို့ အထူးလိုအပ်ပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးမှုမှာ အရေးကြီးသော အစိတ်အပိုင်း (၅) ခုရှိပါတယ်။ အဲ့ဒါတွေကတော့ Bone (အရိုး), Brain (ဦးနှောက်ဉာဏ်), Vitality (ကြံခိုင်မှု), Digestion (အစာချေခြင်း)နဲ့ Immunity…

Continue Reading

ကလေးတွေဖျားတာနဲ့ပတ်သက်ပြီး မေမေတွေ သေချာမသိတဲ့အချက် ၇ ချက်

ကလေးတွေဖျားတာနဲ့ပတ်သက်ပြီး မေမေတွေ သေချာမသိတဲ့အချက် ၇ ချက် သားသားမီးမီးလေးတွေ မွေးထားတဲ့မေမေအများစုဟာ ကလေးတွေဖျားနာတာနဲ့ ပတ်သက်လို့ အတွေ့အကြုံ တွေ ရှိဖူးကြမှာပါ။ ဒီတခေါက်မှာတော့ သားသားမီးမီးတွေ ဖျားတာနဲ့ပတ်သက်ပြီး မေမေတွေ သိသလိုလိုနဲ့ တကယ်တမ်း သေချာမသိကြသေးတဲ့အချက် ၇ ချက်ကို ဖော်ပြပေးသွားပါမယ်။ ၁။ ကိုယ်ပူချိန် ဘယ်လောက်ဆို ဖျားတယ်လို့ ခေါ်သလဲ။ သာမိုမီတာနဲ့ တိုင်းကြည့်ပြီး ၁၀၀ .၄ ဒီဂရီဖာရင်ဟိုက် ကျော်မှသာ ဖျားတယ်လို့ သတ်မှတ်ပါတယ်။ ၂။ ကိုယ်ပူချိန်တိုင်းတာဖို့ အကောင်းဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းက ဘာလဲ။ ချိုင်းကြားမှာတိုင်းပြီး ၁၀၀ . ၄ ရှိယုံနဲ့ ကလေး ဖျားနေပြီလို့ ပြောလို့ မရတဲ့မခြေအနေအချို့ရှိနိုင်ပါတယ်။အတိကျဆုံးနေရာကတော့ စအိုပါပဲ။ သုံးလနဲ့အောက် ကလေးငယ်တွေမှာဆို စအိုအပူချိန်ဟာ ခန္ဓာကိုယ်အပူချိန်ကို အတိအကျဖော်ပြပေးနိုင်ပါတယ်။ ၃။ ကိုယ်ပူချိန်…

Continue Reading

ကလေးကို အော်တဲ့အခါ ဖြစ်လာနိုင်တဲ့ဆိုးကျိုး (၅) ချက်

ကလေးကို အော်တဲ့အခါ ဖြစ်လာနိုင်တဲ့ဆိုးကျိုး (၅) ချက် သင့်ကလေးကို မကြာခဏ အော်ဟစ်မိနေသလား။ ကလေးကို အော်တဲ့အခါ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေက ဘာဖြစ်မလဲ။ အော်ပြီး ဆုံးမခြင်းက ကလေးအတွက်ကော ထိရောက်ရဲ့လား။ ကလေးက သင်အော်ပြီးဆုံးမလိုက်တာနဲ့ သင့်ရဲ့စည်းကမ်းတွေကို လိုက်နာသွားနိုင်တယ်လို့ သင်ထင်ရင်မှားနေပါပြီ။ အဲဒါကြောင့် သင့်ကလေးကို အော်မိတဲ့အခါဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို ဖော်ပြပေးလိုက်ပါတယ်။   (၁) ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းခြင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုကျဆင်းခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးက သူရဲ့ပတ်ဝန်းကျင်မှာ အရေးမပါသလိုခံစားရပြီး သူ့ကိုယ်သူသိမြင်နိုင်မှုလည်း အားနည်းလာပါတယ်။ ဘာလုပ်လုပ် အဆင်ပြေမှာမဟုတ်ဘဲ အအော်ခံရမှာဆိုတဲ့စိတ်က ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှု လျော့နည်းလာစေပါတယ်။   (၂) အနိုင်ကျင့်တတ်သောကလေးဖြစ်လာနိုင်ခြင်း အနိုင်ကျင့်တတ်သောကလေးဖြစ်လာနိုင်ပါတယ်။ အသက် ၄နှစ်နဲ့ ၅နှစ်ကြားကလေးတွေမှာ အချင်းချင်းအော်ဟစ်မှုတွေ၊ အနိုင်ကျင့်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးက သူ့အပေါ်လူကြီးတွေအော်ဟစ်ခြင်းက အနိုင်ကျင့်ခြင်းတစ်ခုလိုခံစားရပြီး မကျေနပ်ချက်တွေကြောင့် အခြားသူများကိုလည်း…

Continue Reading

ကာကွယ်နည်းအကြောင်းအရာ

အခုတစ်လော ‘ကလေးပျောက်လို့’ ဆိုတဲ့အသံတွေကို မကြာခဏကြားနေရပါတယ်။ ကလေးတွေကိုရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဖြားယောင်းပြီးတစ်သွယ်၊ လိမ်လည်ပြီးတစ်မျိုး၊ ခြိမ်းခြောက်လို့တစ်ဖုံနဲ့ ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးစားတဲ့လူတွေရဲ့ရန်က တစ်ချိန်မဟုတ်တစ်ချိန် ကိုယ့်ကလေးဆီကို ရောက်လာလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မိဘတွေရင်ထဲမှာ ဖြစ်နေကြမှာပါပဲ။ အန္တရာယ်တွေမကျရောက်အောင် မိဘတွေကလည်း ကလေးတွေကို တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ အစွမ်းကုန်ဂရုစိုက် ကြပါတယ်။ ဒါပေမဲ့ မိဘတွေအနေနဲ့ ကလေးကိုအချိန်တိုင်း၊ အချိန်တိုင်း ကိုယ့်မျက်စိအောက်မှာ ထားဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ မိဘတွေရဲ့ မျက်ကွယ်ရာမှာ ကလေးတွေရဲ့ လုံခြုံမှုအတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ထားကြမလဲဆိုတာ ကြိုပြီးစီစဉ်ထားသင့်ပါတယ်။ ပြင်ဆင်ထားနိုင်တာတွေက……… ၁။ ကလေးရဲ့ကိုယ်ရေးမှတ်တမ်းကို အမြဲပြင်ဆင်ထားပါ ကလေးပျောက်သွားတယ်ဆိုတာ သိလျှင်သိချင်း ချက်ချင်းလုပ်ရမှာက သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားခြင်းပါပဲ။ မြန်လေကောင်းလေဖြစ်ပါတယ်။ အဲဒီလို အကြောင်းကြားတဲ့အခါမှာ အမြန်ဆုံးကစပြီး ရှာဖွေလို့ရအောင် ကလေးရဲ့ဓာတ်ပုံ၊ ပုံပန်သဏ္ဏာန်နဲ့ ထူးခြားချက်တွေကို ရေးထားတဲ့…

Continue Reading

ကလေးများအတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ

မိမိရဲ့ကလေးငယ်များကို အာဟာရ ပြည့်ဝအောင် ကျွေးချင်ကြတာ အမေတိုင်းပါပဲ။ တခါတလေ ကိုယ်က ကျွေးနေပေမယ့် အာဟာရ မစုံတာမျိုး မဖြစ်ရအောင် ကလေးငယ်များကို အစားအစာကျွေးရာမှာ ရွေးချယ်ရလွယ်ကူစေဖို့ အတွက် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝတဲ့ အစားအစာများကို စာရင်းပြုစုထားပါတယ်။ အစားအစာအုပ်စု များကို စုံလင်အောင် ကျွေးဖို့ က အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အသားဓာတ်ပြည့်ဝဖို့ လိုအပ်တဲ့ အပြင် အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်က ရတဲ့ ဓာတ်များဟာ ရောဂါကာကွယ်နိုင်တဲ့ အတွက် အရောင်အသွေးစုံလင်အောင် ကျွေးသင့်ပါတယ်။ ဗီတာမင် အေ (Vit A) ကြွယ်ဝသော အစားအစာများ – အသည်း၊ ကြက်ဥ ဘဲဥ အနှစ်၊ လိမ်မော်ရောင် အသီးအနှံများ နှင့် ဟင်းသီးဟင်းရွက်များ၊ အစိမ်းရင့်ရောင်…

Continue Reading

သက်ငယ်မုဒိမ်း ရန်ကနေ ကိုယ့်သားသမီးတွေကို ဘယ်လိုကာကွယ်မလဲ

သက်ငယ်မုဒိမ်း ရန်ကနေ ကိုယ့်သားသမီးတွေကို ဘယ်လိုကာကွယ်မလဲ ဒီနေ့ ဆိုရှယ်မီဒီယာပေါ်မှာ လူစိတ်ဝင်စားမှုအများဆုံးကိစ္စကိုပြပါဆိုရင် နေပြည်တော် မူကြိုကျောင်းတခုမှာ ဖြစ်သွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုအကြောင်းပဲလို့ ပြောရပါလိမ့်မယ်။ အမှုစစ်ဆေးချိန်ကြာမြင့်တာ၊ နောက်ကွယ်က မမြင်ရတဲ့ ဖိအားတချို့ ပါဝင်ဖွယ်ရှိတာ နဲ့ ခုနောက်ဆုံး ကျိုးကြောင်းဘယ်လိုမှ မဆီလျော်မဖြစ်နိုင်တဲ့ တရားခံကို ချပြလာတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ဖြစ်သွားပြီးတဲ့ကိစ္စကို အမှန်တရားရရှိဖို့ကို သက်သက်ထားပြီး ဒီလို အဖြစ်ဆိုးမျိုး မဖြစ်ရလေအောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာကို အလေးထားဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။   တချို့ကတော့ သက်ငယ်မုဒိမ်းမှုတွေ များလာရတာက အိုင်တီခေတ်မှာ ဖုန်းတွေပေါများလာကြ ဆိုရှယ်မီဒီယာတွေ အားကောင်းလာ (မကောင်းတဲ့ဝက်ဆိုဒ်၊ ‌ပေ့ချ်တွေကိုဆိုလိုတာပါ) တာကြောင့်လို့ ပြောကြပါတယ်။ ဒါဟာမှန်သင့်သလောက် မှန်ပါတယ်။ သို့သော် တဖက်ကပြန်ကြည့်ပြီး သုံးသပ်ရရင် သက်ငယ်မုဒိမ်းမှုဆိုတာက သိပ်မကြာခင် နှစ်တွေကမှဖြစ်တဲ့ ပြဿနာမဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်းအတွင်းမှာ…

Continue Reading

မိခင်များမှ ကလေးများအတွက် ဆောင်ရန် ရှောင်ရန်

1.ရွေးချယ်ခွင့်များများပေးပါ လူကြီးဆိုတာမျိုးက ကလေးကို ဆုံးဖြတ်ခွင့် ဘယ်တော့မှ မပေးချင်ကြတာ များပါတယ်။ကလေး ကိစ္စမှန်သမျှကို သူတို့ဘာသာ သူတို့ပဲ ဆုံဖြတ်ချင်ကြတယ်။ကိုယ်ပိုင် ဆုံဖြတ်ခွင့်မပေးဘဲနဲ့ လူကြီးရဲ့ ဆုံဖြတ်ခွင့်အောက်မှပဲ နေလာခဲ့ရတဲ့ ကလေးများဟာ ကြီးပြင်းလာတာနဲ့ အမျှ ကန်လန့်တိုက် ပုန်ကန်ချင်တတ်လာပါတယ်။ ကလေးကို ဒါလုပ် ဒါလုပ်လို့ အမိန့်ပေးတာထက်စာရင် ရွေးချယ်ခွင့်များများ ပေးပါ။ဘဝမှ ရွေးချယ်ခွင့်များများရတဲ့ ကလေးဟာ ပုန်ကန်ချင်စိတ်လည်း နည်းလာတတ်ပါတယ်။   2.ဒဏ်ပေးခြင်းမှ ရှောင်ပါ။ ကလေးက ကိုယ်မကြိုက်တဲ့ မှားယွင်းတဲ့ အပြုအမူကို လုပ်လိုက်တိုင်း၊ ကိုင်လိုက်တိုင်းမှ ကလေးကို ဒဏ်ပေးမယ့်အစား ကလေးဘာကြောင့် ဒီလုပ် လုပ်လိုက်ရတာလဲ ဆိုတာကို ကလေးနဲ့ အတူတူ အဖြေရှာ ပြောဆိုတာက ပိုကောင်းပါတယ်။ ကလေးကို ဒဏ်ပေးလိုက်ခြင်း ဟာကလေးစိတ်ထဲ နာကျင်သွားစေနိုင်သလို ဘာကြောင့်သူတို့…

Continue Reading

မိဘများ ဂရုစိုက်သင့်သည့်အရာများ

1.စိတ်ဝင်စားစရာ တခြားလုပ်စရာများကိုလည်း လုပ်ပါစေ။ ကလေးကို စာမှစာ တစ်ခုတည်း မလုပ်ထားဘဲနဲ့ ကလေးစိတ်ဝင်စာနိုင်လောက်မယ့် ဂီတ၊ပန်းချီ၊သိပ္ပံနဲ့ တခြား ကိုယ်လက်လှုပ်ရှားကစားရတဲ့ ကစားနည်းများကို ကလေး လုပ်ပါစေ။ကလေး လုပ်ချင်စိတ်ပေါ်အောင် လုပ်တတ်အောင်လို့ကိုယ်ကလည်း ကလေးနဲ့ အတူတူ တစ်ခုခုကိုလုပ်ခိုင်းမှာ လုပ်ကြည့် ပြောပြဖို့ လိုပါတယ်။ကလေးတို့ရဲ့ စိတ်ကလေးတွေဟာ ဗလာသက်သက်ပဲမို့ ဘာကိုပဲဖြစဖြစ် သူတို့ စူးစမ်းလိုကြ၊လုပ်လိုကြပါတယ်။သူတို့အတွက်ကတော့ အရာအားလုံးဟာကစားနေတာပါပဲ။ဂီတကို စည်းချက်နဲ့အတူ လှုပ်ယမ်းနားထောင်ရင်း၊ပန်းချီဆွဲရင်း၊ဆီနဲ့ရေကို ရောကြည့်ရင်းမှာပဲ ကစားရင်းနဲ့ သူတို့ဟာ သူတို့အနားက ဝန်းကျင်အကြောင်းကို သင်ယူလေ့လာနေတာပဲဖြစ်ပါတယ်။   2.ကလေးကို ချစ်ကြောင်းပြောပါ။ ကျွန်မတို့ ငယ်ငယ်က လူကြီးတွေ ပြောတာ ကြားဖူးပါတယ်။ကလေးကို ချစ်ရင် ကလေးအိပ်မှနမ်း ဆိုတဲ့ စကားပါ။အဲဒါဟာ တကယ်တော့ တက်တက်စင်အောင်ကို လွဲတဲ့အယူဆတစ်ခုပါပဲ။တကယ်တော့ ကလေးများကို လူကြီးများကချစ်ကြောင်း ခင်တွယ်ကြောင်းကိုအမူအရာအားဖြင့်ရော နှုတ်အားဖြင့်ပါ…

Continue Reading

မိဘများ သိထားသင့်သည့် အချက်များ

1.ကလေးကို မရိုက်ပါနဲ့ အမြင်မတော်တာတွေ့တိုင်း ကလေးကို ဖိုးကနဲဖက်ခနဲနဲ့ရိုက်တတ်တဲ့ အကျင့်ဟာ ကလေးကို အော်ဟစ်ပြောဆိုသလိုပဲ လုပ်ကို မလုပ်ရမယ် အရာပဲဖြစ်ပါတယ်။ရိုက်တတ်နှက်တတ်တဲ့ မိဘတွေရဲ့ အုပ်ချုပ်မူအောက်မှာ နေရတဲ့ ကလေး များဟာ သူတို့ကိုယ်တိုင်ရိုက်ချင်နှက်ချင်တတ် တဲ့စိတ်တွေ ဝင်လာတတ်ပါတယ်။ကလေးအချင်းချင်းကစားတဲ့အခါမှာလည်းတွန်းထိုးကန်ကြောက်တာမျိုးတွေလုပ်ချင်လာတတ်ကြတယ်။ ကလေးဆိုတာမျိုးကလည်း တစ်ခါ တလေမှာ စိတ်မရှည်ချင်စရာ ကောင်းလောက်အောင်ပဲ ရိုက်ချင်စရာ အမူရာမျိုးလေးတွေ လုပ်တတ်ကြပါတယ်။ ကလေးကို မရိုက်မိအောင်လို့ ကိုယ်စိတ်ကိုထိန်းပါ။ ကိုယ့်စိတ်ကို ထိန်းလို့ မရဘူးဆိုရင်တော့ မရိုက်မိအောင်လို့ ကလေးအနားကနေ ထွက်သွားတာအကောင်းဆုံးပါပဲ။   2.ကလေးကိုချီးကျူးပါ ကလေးလုပ်လိုက်တဲ့ ၊ ကိုင်လိုက်တဲ့ ၊ပြုမူပြောဆိုလိုက်တဲ့ အရာတွေထဲမှာ ကောင်းတာလေးတွေကို တွေ့တိုင်းတွေ့တိုင်းမှာပဲ လူကြီးမိဘများအနေနဲ့ ချီးကျူးပြောဆိုပေးရပါမယ်။ဘာလို့လဲဆိုတော့ ကလေးဆိုတာမျိုးက သူတို့ သဘာဝအရ စိတ်ထဲရှိသလို ပြောဆိုနေထိုင်ကြပေမယ့် ဘယ်ဟာကတော့ ကောင်းတဲ့အပြုအမူ၊ဘယ်ဟာကတော့ မကောင်းဘူးရယ်လို့…

Continue Reading