ထမင်းစားပွဲကယဉ်ကျေးမှု
မိသားစု လက်ဆုံစားရတဲ့ ထမင်းဝိုင်းလေးက ပျော်စရာကောင်းလှပါတယ်။ ကလေးတွေကို ကလေးပဲ သူ့ဘာသာသူ ဇလုံနဲ့ထည့်ပေးပြီး တစ်နေရာမှာ စားပလေ့စေ ဆိုပြီးတော့ စားခိုင်းတာ ထက် ကိုယ်နဲ့အတူတူ ထမင်းဝိုင်းမှာ တစ်ခါတည်း ဝင်စားခိုင်းက ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ထမင်းဝိုင်းမှာ ကလေးကို ထမင်းစားပွဲရဲ့ ယဉ်ကျေးဖွယ်များကို စားရင်းသောက်ရင်းနဲ့ တစ်ခါတည်း သင်ကြားပေးခွင့်ရလို့ပါပဲ။ ထမင်းစားတိုင်းစားတိုင်းမှာပဲ ကလေးတို့ကို သင်ကြားပေးဖို့ အခွင့်အရေးတွေရ နေတာကိုး။ စားတာသောက်တာ ယဉ်ကျေးသိမ်မွေ့ဖို့ဆိုတာလည်း လူမှုအသိုင်းအဝိုင်းထဲဝင်မယ့် လူကလေးများအတွက် အရေးကြီးတဲ့ အရာပါပဲ။ကိုယ်နဲ့ ထမင်းအတူတူစားနေတဲ့ လူတွေ စိတ်အနှောင့်အယှက်မဖြစ်စေဖို့၊ စိတ်ပျက်မသွားဖို့အတွက် လူတစ်ယောက်အနေနဲ့ စောင့်စည်း ကျင့်ကြံရမယ့် ထမင်းဝိုင်းစည်းမျဉ်းတွေက လူမျိုးတိုင်းမှာရှိပါတယ်။ ကျွန်မတို့လို လက်နဲ့ ထမင်းစားတတ်တဲ့ မြန်မာလူမျိုးတွေဆိုရင် လက်ခုံပေါ်ထိ ထမင်းတွေဟင်းတွေပေပွနေအောင် မစားဖို့၊ သေသပ်စွာ စားတတ်ဖို့…
Continue Reading