Daily Routines
ကျောင်းသို့ စောစီးစွာရောက်သော ကလေးများတို့သည် မိမိကြိုက်ရာ Cartoon ကြည့်ခြင်း၊ စာရွက်ညှပ်ခြင်း၊ ပုံဆွဲခြင်း၊ ကစားခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ မနက်ပိုင်းတွင် ကလေးများကို ရွေးချယ်မှုများ ပြုလုပ်စေပြီး သူတို့ရဲ့ တစ်နေ့တာလေးကို ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်အောင် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကလေးများကို ကျောင်းချိန်ထက် နောက်ကျစွာမပို့ရန် မေတ္တာရပ်ခံအပ်ပါသည်။
၉ : ၀၀-၉ : ၁၅ (ဘုရားရှိခိုးချိန်)
မိမိကိုးကွယ်ရာဘာသာအလိုက်ဆိုင်ရာ ဆရာမများနှင့်အတူတကွ ဘုရားရှိခိုးကြပြီး ဘာကြောင့် ဘုရားရှိခိုး ရလဲ မည်သို့ ဘုရားရှိခိုးရလည်း အစရှိသည်တို့ကိုလည်း ပြောပြပါသည်။ ဘုရားရှိခိုးပြီးသော အခါတွင် ၅မိနစ်တာ တရားထိုင်ပါသည်။ တရားထိုင်ခြင်းကြောင့် ကလေးတို့၏ စိတ်ကိုတည်ငြိမ်မှုရှိစေပြီး၊ တည်ငြိမ်ရင့်ကျက်စွာ နေတတ်သော အကျင့်ကလေးများရအောင် ဆရာများနှင့်အတူ ကိုယ်ကျင့်တရားနှင့် ပက်သက်သောပုံပြင်များ ပြောပြပါသည်။ ကလေးငယ်များကို ငယ်စဉ်ကတည်းကပင် မိမိကိုးကွယ်ရာ ဘာသာကို ရိုသေလေးစား ကိုင်းရှိုင်းတတ်အောင် ဗုဒ္ဓဘာသာ ကလေးများကို ဗုဒ္ဓအလိုကျ လမ်းညွှန်အဆုံးအမစာအုပ်များနှင့် ငါးရာ့ငါးဆယ်ဇာတ်တော်စာအုပ်များတို့ကို ဖတ်ပြပြီး ကလေးများလိမ္မာယဉ်ကျေးစေရန် သွန်သင်ပေးပါသည်။ အခြားဘာသာဝင် ကလေးများတို့ကိုလည်း မိမိဘာသာတူ ဆရာမများရှိလျှင် သူတို့နှင့်အတူ ဘုရားရှိခိုးစေပြီး၊ ဘာသာတူ ဆရာမများမရှိလျှင် ကလေးငယ်တို့ကို ဆရာမတစ်ယောက်နှင့် ပုံဆွဲခြင်း၊ စာရွက်ခေါက်ခြင်း၊ Learning corner တွင် ကစားခြင်းတို့ကို ပြုလုပ်စေပါသည်။
၉ : ၁၅-၉ : ၃၀ (ဂီတဖြင့် သင်ယူသောအချိန်)
Music Teacher မှ ကလေးများအတွက် အပတ်စဉ် သီချင်းအသစ်လေးများ သင်ကြားပေးပါသည်။ သီချင်းများမှာ- ကလေးသီးချင်းများ၊ Letter Phonetic သီချင်းများ သာမက ကျောင်းမှ ပြုလုပ်သောကပွဲအတွက် အကနှင့်သီချင်းများကို သင်ကြားပေးပါသည်။ ကလေးများ သီချင်းသီဆိုသော အချိန်တွင် ပါဝင်ခြင်းဖြင့် တစ်နေ့တာကို ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်ခြင်း၊ သီချင်းများဖြင့် English & Myanmar စကားပြောလေးများကို သင်ယူမှုမြန်ဆန်စေခြင်း၊ သီချင်းများဖြင့် မိမိပတ်ဝန်းကျင်နှင့် အတန်းတွင် သင်ယူသည့်အရာများကို ပို၍ ဆက်စပ်သင်ယူနိုင်စေခြင်းတို့ကို ဖွံ့ဖြိုးနိုင်စေပါသည်။
၉ : ၃၀-၁၁ : ၃၀ (သင်ခန်းစာအချိန်)
တစ်ပတ်တာတွင် သင်ကြားသော ဘာသာရပ် ၇ခုရှိပါသည်။ ဘာသာရပ်များမှာ Letter, Math, Language, Physical, EQ, Social Studies & Science တို့ဖြစ်ပါသည်။ မနက်ပိုင်းတွင် English လိုကို အထူးဂရုပြုသင်ကြား ပေးပြီး ဆရာမများမှာလည်း English လိုနားမလည်မှသာလျှင် ဆရာ/မများမှ မြန်မာလိုဘာသာပြန်ပြီး သင်ကြားပေး ပါသည်။ ကလေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်လှုပ်ရှား ဖွံ့ဖြိုးမှုတို့ကို ဖွံ့ဖြိုးစေရန် အတွက် သင်ကြားသော ဘာသာရပ်ကြီး ၇ရပ်တွင် Group Work, Pair Work Activities များဖြင့် သင်ယူစေခြင်း၊ Letters, Number, Color, Shapes တို့ကို မှတ်မိအောင် ကစားနည်းဖြင့် (Learning through play) သင်ယူစေပါသည်။
၁၁ : ၃၀-၁၂ : ၁၅ (နေ့လည်စာသုံးဆောင်သောအချိန်)
ကလေးများတို့ နေ့လည်စာ ပြင်ဆင်ပေးပြီး နေ့လည်စာ စားသောအချိန်ဖြစ်ပါသည်။ (မှတ်ချက်။ ။ နေ့လည်စာကို ဆရာမနှင့် ဝန်ထမ်းများမှ ပြင်ဆင်ပေးပြီး၊ ကလေးငယ်များကို ကိုယ်တိုင်စားတတ်အောင် ပြုစုလေ့ကျင့် သင်ကြားပေးပါသည်။) ကလေးများတို့အတွက် အစာအာဟာရသည် အရေးကြီးသောကဏ္ဍတွင် ပါဝင်သောကြောင့် အစားအသောက်ကို မိဘများမှ သင့်တင့်မျှတစွာ စားသုံးနိုင်စေရန်အတွက် (၁) အင်အားဖြစ်စေသော အစားအစာများ၊ (၂) ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစားအစာများ၊ (၃) ရောဂါကာကွယ်သော အစားအစာတို့ကို သင့်တင့်မျှတစွာ ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၁၂ : ၁၅ – ၁၂ : ၃၀ (တစ်ကိုယ်ရည် သန့်ရှင်းရေးပြုလုပ်ပေးသောအချိန်)
ကလေးများနေ့လည်စာ သုံးဆောင်ပြီးလျှင် ကိုယ်လက်သန့်ရှင်းရေး ပြုလုပ်ပေးပါသည်။ ထို့နောက် အဝတ် အစား အသစ်လဲလှယ်ပေးပါသည်။ ကလေးငယ်များ မိမိကိုယ်ကိုယုံကြည်မှု ရှိလာအောင် ဆရာမများမှ ကလေးငယ် များကို အသက်အရွယ်အလိုက် ကိုယ်ကိုတိုင်ပြုလုပ်တတ်အောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးပါသည်။
၁၁ : ၃၀-၁၁ : ၄၅ (နေ့လည်စာသုံးဆောင်သောအချိန်)
Part time မိဘများမှာမူ မိမိကလေးငယ်အား လာရောက်ကြိုနိုင်ပါသည်။ ကလေးငယ်များကို ၁၂ : ၃၀-၁ : ၀၀ ကြားအတွင်း အချိန်မှီကြိုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၁၂ : ၃၀-၁ : ၅၀ (နားချိန်/အိပ်ချိန်)
Pre-Nursery/ Nursery/ Pre-KG အတန်းတို့တွင်ရှိသော ကလေးများတို့၏ အိပ်ချိန်ဖြစ်ပါသည်။ ကလေးတို့သည် တက်ကြွစွာ သင်ယူသော အရွယ်ဖြစ်သောကြောင့် သူတို့အတွက် အနားယူသောအချိန်/ နေ့ခင်းအိပ် သော အချိန်သည် အရေးကြီးပါသည်။ ထို့မှသာလျှင် ကလေးများတို့သည် နောက်တစ်ချိန် စာသင်သောအခါတွင် စိတ်ပါဝင်စားပြီး တက်ကြွစွာ သင်ယူနိုင်မည်ဖြစ်ပါသည်။
၁ : ၅၀-၂ : ၀၀ (နေ့ခင်းမုန့်စားသောအချိန်)
ကလေးများ အိပ်ယာထပြီး အဆာပြေမုန့်များကို ပြင်ဆင်ကျွေးပေးပါသည်။ မိဘများမှလည်း ကလေးများ အဆာပြေစားရန် ကျန်းမာရေးနှင့်ညီညွတ်ပြီး အင်အားဖြစ်စေသော မုန့်သရေစာများကို ထည့်ပေးဖို့လည်း မေတ္တာရပ် ခံအပ်ပါသည်။
၂ : ၀၀-၃ : ၁၅ (မြန်မာစာနှင့် မြန်မာသင်္ချာ သင်ယူသောအချိန်)
ကလေးများတို့သည် မြန်မာစာနှင့် မြန်မာသင်္ချာကို လေ့လာသောအချိန်ဖြစ်ပါသည်။ ထို့နောက် ကလေးများ ဗဟုသုတ တိုးပွားစေရန်၊ စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်လာစေရန် မြန်မာစကား မြန်မာစာတို့ကို ကြွယ်ဝစေရန်ရည်ရွယ်ပြီး ကလေးများဉာဏ်ပညာမြင့်မားစေသော သင်ရိုး၊ သင်ကြားမှု ပုံစံများဖြင့် လေ့ကျင့်ပျိုး ထောင်ပေးပါသည်။
၃ : ၁၅-၃ : ၃၀ (တစ်နေ့တာလုပ်ဆောင်ချက်များကို ပြန်လည်မေးမြန်းသောအချိန်)
အိမ်မပြန်ခင်တိုင်း ကလေးများကို တစ်နေ့တာလေ့လာမှုများ သင်ယူခဲ့သည့်အရာတို့ကို ဆရာ/ဆရာမများနှင့် အပြန်အလှန် ပြန်လည်ဆွေးနွေးကြပါသည်။ မိမိလုပ်ဆောင်ခဲ့သည်များကို ပြန်လည်သုံးသပ်တတ်သော အကျင့် ကောင်းများရှိအောင် လေ့ကျင့်သင်ကြားပေးပါသည်။
ကျောင်းသို့ စောစီးစွာရောက်သောကလေးများတို့သည် မိမိကြိုက်ရာcartoon ကြည့်ခြင်း၊ စာရွက်ညှပ်ခြင်း၊ ပုံဆွဲခြင်း၊ ကစားခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ မနက်ပိုင်းတွင် ကလေးများကို ရွေးချယ်မှုများ ပြုလုပ်စေပြီး သူတို့ရဲ့ တစ်နေ့တာလေးကို ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်အောင် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကလေးများကို ကျောင်းချိန်ထက် နောက်ကျစွာ မပို့ရန် မေတ္တာရပ်ခံအပ်ပါသည်။
၉ : ၀၀-၉ : ၁၅ (ဘုရားရှိခိုးချိန်)
မိမိကိုးကွယ်ရာ ဘာသာအလိုက်ဆိုင်ရာ ဆရာမများနှင့်အတူတကွ ဘုရားရှိခိုးကြပြီး ဘာကြောင့် ဘုရားရှိခိုးရလဲ မည်သို့ ဘုရားရှိခိုးရလည်း အစရှိသည်တို့ကိုလည်း ပြောပြပါသည်။ ဘုရားရှိခိုးပြီးသော အခါတွင် ၅မိနစ်တာ တရားထိုင်ပါသည်။ တရားထိုင်ခြင်းကြောင့် ကလေးတို့၏ စိတ်ကိုတည်ငြိမ်မှုရှိစေပြီး၊ တည်ငြိမ်ရင့်ကျက်စွာနေတတ်သော အကျင့်ကလေးများရအောင် သင်ကြားပေးခြင်းလည်းဖြစ်ပါသည်။ ထို့နောက် ကလေးများကို တစ်နေ့တာ ဂရုစိုက်ရမည့် အရာများနှင့်အတူ ကိုယ်ကျင့်တရားနှင့် ပတ်သက်သောပုံပြင်များ ပြောပြပါသည်။ ကလေးငယ်များကို ငယ်စဉ်ကတည်းကပင် မိမိကိုးကွယ်ရာ ဘာသာကို ရိုသေလေးစား ကိုင်းရှိုင်းတတ်အောင် ဗုဒ္ဓဘာသာကလေးများကို ဗုဒ္ဓအလိုကျ လမ်းညွှန်အဆုံးအမ စာအုပ်များနှင့် ငါးရာငါ;ဆယ် ဇာတ်တော်စာအုပ် များတို့ိကို ဖတ်ပြပြီး ကလေးများ လိမ္မာယဉ်ကျေးစေရန် သွန်သင်ပေးပါသည်။ အခြားဘာသာဝင် ကလေးများတို့ကိုလည်း မိမိဘာသာတူဆရာမများရှိလျှင် သူတို့နှင့်အတူ ဘုရားရှိခိုးစေပြီး၊ ဘာသာတူ ဆရာမများမရှိလျှင် ကလေးငယ်တို့ကို ဆရာမတစ်ယောက်နှင့် ပုံဆွဲခြင်း၊ စာရွက်ခေါက်ခြင်း၊ Learning corner တွင် ကစားခြင်းတို့ကို ပြုလုပ်စေပါသည်။
၉ : ၁၅-၉ : ၃၀ (ဂီတဖြင့် သင်ယူသောအချိန်)
Music Teacher မှ ကလေးများအတွက် အပတ်စဉ် သီချင်းအသစ်လေးများ သင်ကြားပေးပါသည်။ သီချင်းများမှာ ကလေးသီချင်းများ၊ Letter Phonetic သီချင်းများ သာမက ကျောင်းမှ ပြုလုပ်သောကပွဲများရှိလျှင် ကပွဲအတွက် အကနှင့်သီချင်း များကို သင်ကြားပေးပါသည်။ ကလေးများ သီချင်းသီဆိုသောအချိန်တွင် ပါဝင်ခြင်းဖြင့် တစ်နေ့တာကို ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင် ခြင်း၊ သီချင်းများဖြင့် English & Myanmar စကားပြောလေးများကို သင်ယူမှု မြန်ဆန်စေခြင်း၊ သီချင်းများဖြင့် မိမိပတ်ဝန်းကျင်နှင့် အတန်းတွင် သင်ယူသည့်အရာများကို ပို၍ ဆက်စပ်သင်ယူနိုင်စေခြင်းတို့ကို ဖွံ့ဖြိုးနိုင်စေပါသည်။
၉ : ၃၀-၁၁ : ၃၀ (သင်ခန်းစာအချိန်)
တစ်ပတ်တာတွင် သင်ကြားသော ဘာသာရပ် ၇ခုရှိပါသည်။ ဘာသာရပ်များမှာ Letter, Math, Language, Physical, EQ, Social Studies & Science တို့ဖြစ်ပါသည်။ မနက်ပိုင်းတွင် English လိုကို အထူးဂရုပြုသင်ကြား ပေးပြီး ဆရာမများမှလည်း English လိုပြောပြီး သင်ကြားပေးပါသည်။ အကြောင်းကြောင်းကြောင့် ကလေးများ English လိုနားမလည်မှသာလျှင် ဆရာမများမှ မြန်မာလိုဘာသာပြန်ပြီး သင်ကြားပေးပါသည်။ ကလေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်လှုပ်ရှား ဖွံ့ဖြိုးမှုတို့ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် သင်ကြားသော ဘာသာရပ်ကြီး ၇ရပ်တွင် Group work, Pair work Activities များဖြင့် သင်ယူစေခြင်း၊ Letters, Number, color, shapes တို့ကို မှတ်မိအောင် ကစားနည်းဖြင့် (Learning through play)သင်ယူစေပါသည်။
၁၁ : ၃၀-၁၂ : ၁၅ (နေ့လည်စာသုံးဆောင်သောအချိန်)
ကလေးများတို့ နေ့လည်စာ ပြင်ဆင်ပေးပြီး နေ့လည်စာ စားသောအချိန်ဖြစ်ပါသည်။ (မှတ်ချက်။ ။ နေ့လည်စာကို ဆရာမနှင့် ဝန်ထမ်းများမှ ပြင်ဆင်ပေးပြီး၊ ကလေးငယ်များကို ကိုယ်တိုင်စားတတ်အောင် ပြုစုလေ့ကျင့်သင်ကြားပေးပါသည်။) ကလေးများတို့အတွက် အစာအာဟာရသည် အရေးကြီးသော ကဏ္ဍတွင် ပါဝင်သောကြောင့် အစားအသောက်ကို မိဘများမှ သင့်တင့်မျှတစွာ စားသုံးနိုင်ရန်အတွက် (၁) အင်အားဖြစ်စေသော အစားအစာများ၊ (၂) ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစားအစာများ၊ (၃) ရောဂါကာကွယ်သော အစားအစာတို့ကို သင့်တင့်မျှတစွာ ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၁၂ : ၁၅-၁၂ : ၃၀ (တစ်ကိုယ်ရည် သန့်ရှင်းရေးပြုလုပ်ပေးသောအချိန်)
ကလေးများနေ့လည်စာ သုံးဆောင်ပြီးလျှင် ကိုယ်လက်သန့်ရှင်းရေးပြုလုပ်ပေးပါသည်။ ထို့နောက် အဝတ်အစား အသစ်လဲလှယ်ပေးပါသည်။ ကလေးငယ်များ မိမိကိုယ်ကိုယုံကြည်မှု ရှိလာအောင် ဆရာမများမှ ကလေးငယ်များကို အသက်အရွယ်အလိုက် ကိုယ်ကိုတိုင်ပြုလုပ်တတ်အောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးပါသည်။
၁၁ : ၃၀-၁၁ : ၄၅ (နေ့တစ်ဝက် ကျောင်းဆင်းချိန်)
Part time မိဘများမှာမူ မိမိကလေးငယ်အား လာရောက်ကြိုနိုင်ပါသည်။ ကလေးငယ်များကို ၁၂ : ၃၀-၁ : ၀၀ ကြားအတွင်း အချိန်မှီကြိုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၁၂ : ၃၀-၁ : ၀၀ (နားချိန်)
KG အတန်းတို့တွင်ရှိသော ကလေးများတို့၏ နားချိန်ဖြစ်ပါသည်။
၁ : ၀၀–၂ : ၀၀ (မြန်မာသင်္ချာအချိန်)
မြန်မာသင်္ချာကို လေ့လာသောအချိန်ဖြစ်ပါသည်။ သင်္ချာအခြေခံသဘောတရားများဖြစ်သော အပေါင်း၊ အနုတ် နှင့် နံပါတ်ရေးခြင်း၊ ရေတွက်ခြင်းများကို သင်ကြားပေးသောအချိန်ဖြစ်ပါသည်။
၂ : ၀၀–၃ : ၁၅ (မြန်မာစာအချိန်)
မြန်မာစာကို လေ့လာသောအချိန်ဖြစ်ပါသည်။ မြန်မာစာအရေးအဖတ် အခြေခံကို ပိုင်နိုင်မှန်ကန်ကျွမ်းကျင်စွာ ရေးတတ်၊ ဖတ်တတ်လာနိုင်အောင် သင်ကြားပေးသောအချိန်ဖြစ်ပါသည်။ ထို့အပြင် ကလေးငယ်များ ဗဟုသုတ တိုးပွားစေရန်၊ စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်လာစေရန်၊ မြန်မာစကား မြန်မာစာတို့ကို ကြွယ်ဝလာစေရန်၊ ချင့်ချိန်၊ ဆင်ခြင်၊ စဉ်းစားတတ်စေသော ဉာဏ် (Critical thinking skills) တိုးတက်စေရန် ကဗျာ၊ ပုံပြင်၊ စကားပုံများ၊ အစရှိသောစာအုပ်များဖြင့် လေ့ကျင့်ဆွေးနွေးပြုစု ပျိုးထောင် သင်ကြားပေးပါသည်။
၃ : ၁၅–၃ : ၃၀ (တစ်နေ့တာလုပ်ဆောင်ချက်များကို ပြန်လည်မေးမြန်းသောအချိန်)
အိမ်မပြန်ခင်တိုင်း ကလေးများကို တစ်နေ့တာလေ့လာမှုများ သင်ယူခဲ့သည့်အရာတို့ကို ဆရာ/ဆရာမများနှင့် အပြန်အလှန် ပြန်လည်ဆွေးနွေးကြပါသည်။ မိမိလုပ်ဆောင်ခဲ့သည်များကို ပြန်လည်သုံးသပ်တတ်သော အကျင့်ကောင်း များရှိအောင် လေ့ကျင့်သင်ကြားပေးပါသည်။