<strong>General English</strong>

<h3>For whom</h3>
တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၊ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချလိုသူများ၊ အရေး၊ အဖတ်၊ အပြော၊ နားထောင် စွမ်းရည်လေးခုလုံးကို အချိန်တိုအတွင်း ကျွမ်းကိင်ပိုင်နိုင်လိုသူများ၊ မိမိသင်ယူထားသော အင်္ဂလိပ်ဘာသာစကားကို Native Speaker တစ်ယောက်ကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုလိုသူများ၊ နိုင်ငံခြားတက္ကသိုလ်များတွင် ဝင်ခွင့်ဖြေဆိုလိုသူများအတွက် အခြေခံကောင်းများ ရရှိစေမည်ဖြစ်ပြီး နေ့စဉ်ပြောဆိုဆက်ဆံရာတွင် အင်္ဂလိပ်ဘာသာစကားကို သဘာဝကျကျဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုလာနိုင်မည်ဖြစ်ပါသည်။

<h3>Coursebook Content</h3>

နိုင်ငံတကာအသိအမှတ်ပြု Pearson Education မှထုတ်ဝေပြီး ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ဆုများစွာရရှိထားသော Speak Out Coursebook ကို အသုံးပြုထားပါသည်။ Speak Out  Coursebook သည် BBC Worldwide နှင့် BBC Learning English နှင့် ပူးပေါင်းရေးဆွဲထားသည့် coursebook ဖြစ်သည့်အတွက် အခြားသော သင်ရိုးများနှင့်မတူဘဲ မိမိ၏ နေ့စဉ်ဘဝတွင် အမှန်တကယ် တွေ့ကြုံနေရသည့် စိတ်ဝင်စားဖွယ်အကြောင်းအရာများကိုသာ အခြေခံ၍ သင်ယူနိုင်မည်ဖြစ်ပါသည်။

<h3>Benefits</h3>
မိမိသင်ယူလေ့လာရမည့်အကြောင်းအရာများအားလုံးသည် အပိုအလိုမရှိ လက်တွေ့ဘဝတွင် အမှန်တကယ်အသုံးဝင်မည့် အကြောင်းအရာများဖြစ်ကြောင်း အာမခံချက်ရှိခြင်း။

သင်ရိုးပုံစံမှာ ဆရာ/ ဆရာမ ဗဟိုပြုသင်ကြားမှုမဟုတ်ဘဲ အတန်းထဲတွင် လက်တွေ့ပြောဆိုကာ လေ့ကျင့်ရသည့်အတွက် အမြဲတမ်းသင်ခန်းစာများကို မှတ်မိနေပြီး မိမိလုပ်ငန်းခွင်တွင် လွယ်လင့်တကူ သဘာဝကျကျဖြင့် အသုံးပြုနိုင်ခြင်း။

အင်္ဂလိပ်ဘာသာစကားသင်ကြားပေးရင်း 21st skills (presentation, discussion, public speaking, simulation, interaction) များကိုပါ ကျွမ်းကျင်လာအောင် အတူတကွ လေ့ကျင့်ပေးခြင်းကြောင့် အခြားစွမ်းဆောင်ရည်မြှင့်တင်ပေးသောသင်တန်းများ တက်စရာမလိုဘဲ မိမိ၏ ကိုယ်ရည်ကိုယ်သွေးများကိုပါ အင်္ဂလိပ်ဘာသာစကားနှင့်အတူ မြှင့်တင်နိုင်ခြင်း။

ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး BBC ရုပ်သံအစီအစဉ်မှ ဗီဒီယိုသင်ခန်းစာများကို unit တိုင်းတွင် ထည့်သွင်းသင်ကြားပေးခြင်းကြောင့် ကမ္ဘာ့ စီးပွါးရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကိုပါ တစ်ပါတည်း ပူးတွဲလေ့လာနိုင်ခြင်း

Academic Writing ကို ထည့်သွင်းသင်ကြားပေးခြင်းကြောင့် နိုင်ငံခြားရှိ တက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားရန် အခြားဖြည့်စွက်သင်တန်းများ တက်ရောက်ရန် မလိုခြင်း

သင်ခန်းစာတစ်ခုပြီးတိုင်း Look Back session ဖြင့် သင်ယူပြီးသော သင်ခန်းစာများအား ထိရောက်မှုရှိ မရှိကို ကိုယ်တိုင်ပြန်လည် ဆန်းစစ်ရသောကြောင့် မိမိ၏ တိုးတက်မှုကို စဉ်ဆက်မပြတ်သိရှိနိုင်ခြင်း

ယခင် သင်ရိုးဟောင်းများကဲ့သို့ စာမေးပွဲဗဟိုပြု သင်ကြားခြင်းမဟုတ်ဘဲ ဆရာ/ ဆရာမများမှ Continuous Assessment များအား သင်ခန်းစာတစ်ခုပြီးတိုင်းပြုလုပ်ပေးကာ Feedback များတွင် ဆက်လက်လေ့လာရန်လိုအပ်သည့်အချက်များအားတစ်ယောက်ခြင်း ဆွေးနွေးပေးခြင်းကြောင့် စာသင်ခန်းပြင်ပအင်္ဂလိပ်စာလေ့လာရာတွင်ပါ များစွာအထောက်အကူဖြစ်စေခြင်း