[caldera_form_modal id="CF5df089fa59aad" type="button"]Book Now [/caldera_form_modal]

သင်ရိုးအညွှန်း (4 Skills & Cambridge Course Book Outlines)


 

1. နိုင်ငံတကာ အသိအမှတ်ပြု Cambridge University Press, Macmillan Education Publisher နှင့် Jolly Learning တို့မှထုတ်‌ဝေထားသော‌‌ နောက်ဆုံးပေါ် ဖတ်စာအုပ်များဖြင့် သင်ကြား ပေးခြင်း။

2. နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အသုံးပြုနေသော Jolly Phonics နှင့် Jolly Grammar သင်ရိုးကို အသုံးပြုသင်ကြားပေးခြင်းကြောင့် ကလေးငယ်များ မှန်ကန်သော အင်္ဂလိပ်စကားပြောနှင့် အသံထွက် မှန်ကန်လာခြင်း။

3. အထိအတွေ့ လှုပ်ရှားမှုတို့ကို အခြေခံသော Multisensory နည်းဖြင့် သင်ကြားပေးသောကြောင့် ကလေးများ အင်္ဂလိပ်ဘာသာစကားကို ရှင်းလင်းတိကျစွာ ရေးနိုင်၊ ဖတ်နိုင်ခြင်း။

4. Cambridge စာမေးပွဲများကို ဖြေဆိုနိုင်ရန် ပြင်ဆင်ပေးရာတွင် ထိရောက်သော Tips and Strategies များဖြင့် လေ့ကျင့်သင်ကြားပေးခြင်းကြောင့် ကလေးငယ်များ၏ အောင်မြင်မှုရလဒ် ၁၀၀% ရရှိခြင်း။

 

5. အထူးသဖြင့် Cambridge စာမေးပွဲဖြေဆိုရေးအတွက် အထောက်အကူပြုသော သင်ခန်းစာနှင့် လေ့ကျင့်ခန်းများ ပါဝင်ခြင်းကြောင့် Extra Practice

များရရှိပြီး ကလေးငယ်များ၏ စာမေးပွဲရလဒ်ကို ၁၀၀% အထောက်အကူပြုခြင်း။

6. စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးသော Topic များ ပါဝင်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် Language Skills ကိုတိုးတက်စေရုံသာမက ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်နိုင်စွမ်းနှင့် မိမိကိုယ်ကို တန်ဖိုးထားမှုတို့ကို တိုးတက်မြင့်မားစေခြင်း။

7. အရေးနှင့် အပြောစွမ်းရည်ကို အလေးပေးထားသော ထိရောက်သည့် သင်ခန်းစာများ (Productive Skills Lesson) ပါဝင်ခြင်းကြောင့် ကလေးငယ်များ ပြောရဲဆိုရဲရှိလာပြီး မိမိကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် ရေးသားလာခြင်း။

8. ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ယဉ်ကျေးမှုများကို လေ့လာနိုင်ခြင်း ကြောင့် နိုင်ငံတကာယဉ်ကျေးမှုများနှင့်ပတ်သက်

ကာ ဗဟုသုတကြွယ်ဝလာခြင်း၊ နိုင်ငံတစ်နိုင်ငံတွင်ယဉ်ကျေးမှု အရေးကြီးကြောင်းသိရှိလာခြင်းနှင့် ယဉ်ကျေးမှု၏ တန်ဖိုးကို သိရှိလာခြင်း။

9. IT နှင့်ဆက်စပ်သည့် သင်ခန်းစာများ ပါဝင်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ခေတ်နှင့်အညီ သင်ခန်းစာများ ကို လွယ်လွယ်ကူကူ ထိထိရောက်ရောက် လေ့လာနိုင်ခြင်း။

 

10. အများနှင့်မတူ တစ်မူထူးခြားသည့် Global Citizenship သင်ခန်းစာများ ပါဝင်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ၂၁ ရာစုတွင် တွေ့ကြုံလာရသည့် လူမှုအခက်အခဲများကို မိမိကိုယ်ကိုအားကိုး၍ ရင်ဆိုင်ဖြေရှင်းတတ်သည့် အလေ့အကျင့်ကောင်း များကို မြှင့်တင်ပေးခြင်း။

11. ကျောင်းသား၊ ကျောင်းသူများ၏ အသက်အရွယ်နှင့် ရင်းနှီးကျွမ်းဝင်သော အကြောင်းအရာများ ပါဝင်ခြင်းကြောင့် ၄င်းတို့၏ စိတ်ဝင်စားမှုကို စေ့ဆော်ပေးပြီး သင်ယူလိုစိတ်ကိုတိုးပွားလာစေခြင်း။

12. Presentation, Project များ ပါဝင်ခြင်းကြောင့် ကလေးငယ်များ၏ Public Speaking Skill ကို မြှင့်တင်ပေးပြီး အဖွဲ့လိုက် ပူးပေါင်းပါဝင် ဆောင်ရွက်မှုစိတ်ဓာတ် (Team Spirit) ကိုပါ ဖွံ့ဖြိုးတိုးတက်လာစေခြင်း။

13. လက်တွေ့ဘဝအခြေအနေများနှင့် ကိုက်ညီမှုရှိသော သင်ခန်းစာ အကြောင်းအရာများပါဝင်ခြင်းကြောင့် အင်္ဂလိပ်ဘာသာစကားကို သဘာဝကျကျ အသုံးပြုနိုင်ခြင်း။

14. စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ ဇာတ်လမ်းများ ပါဝင်ခြင်းကြောင့် စာဖတ်ခြင်းကို နှစ်ခြိုက်သဘောကျလာပြီး Love of Learning ကို မြှင့်တင်ပေးခြင်း။

15. သဘာဝပတ်ဝန်းကျင်နှင့် လူမှုသိပ္ပံဆိုင်ရာ အကြောင်းအရာများကို နားလည်လာအောင် မြှင့်တင်ပေးခြင်း။

Learning Outcomes (သင်ယူမှုရလဒ်)


1. ကလေးငယ်များ အင်္ဂလိပ်စာ ရေး၊ ဖတ်၊ ပြော၊ နားထောင်စွမ်းရည်များ စနစ်တကျ တိုးတက်မှုရှိလာခြင်း။

2. အင်္ဂလိပ်ဘာသာစကားကို သဘာ၀ကျကျ ပြောရဲဆိုရဲ ရှိလာခြင်း။

3. Cambridge Exam အောင်ချက် ၁၀၀% ရရှိပြီး ဂုဏ်ထူးမှတ်ဖြင့် အောင်မြင်မှု ၉၀%ကျော် ရရှိခြင်း။

4. အင်္ဂလိပ်ဘာသာစကား သင်ကြားရေးမှတဆင့် ကလေးငယ်များ၏ 21st Century Skills များ ဖွံ့ဖြိုးတိုးတက်လာခြင်း။

5. အင်္ဂလိပ်ဘာသာစကား သင်ကြားရေးမှတဆင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်ဖြစ်သော မျိုးဆက်သစ်လူငယ်များ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော အရည်အချင်းကောင်းများနှင့် အသိပညာဗဟုသုတများ ကြွယ်၀လာခြင်း။

Life Skills for Children


21st Century Skills ဖြစ်သည့် Critical Thinking, Collaboration, Communication, Creativity, Self-esteem, Self-awareness, Social Awareness, Responsible Decision Making, Interpersonal Skills စသည်တို့ကို ဗဟိုပြုကာ သင်ကြားပေးသည့် သင်ခန်းစာများပါဝင်ခြင်းကြောင့် ကလေးငယ်များ၏ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်မှုကို မြှင့်တင်ပေးခြင်း၊ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်မှုကို အားပေးခြင်း၊ လူအများနှင့် လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံနိုင်မှုကို မြှင့်တင်ပေးခြင်း၊ တီထွင်ဖန်တီးမှုကို အားပေးခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားမှု၊ နားလည်မှုတို့ကို မြှင့်တင်ပေးခြင်း၊ လူ့သဘောသဘာဝနှင့် ကျင့်ဝတ်သီလများကို သိရှိလိုက်နာလာအောင် မြှင့်တင်ပေးခြင်း၊ မှန်ကန်ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်တတ်လာအောင် လမ်းညွှန်ပေးခြင်း၊ မုဒိတာထားနိုင်သော စိတ်ဓာတ်များ တိုးပွားလာအောင် မြှင့်တင်ပေးခြင်း။

သင်ကြားရေး (Approach)


 

1. Harvard တက္ကသိုလ်မှ ပြဌာန်းထားသော Visible Thinking Framework ကို အသုံးပြု၍ သင်ကြားပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ စူးစမ်းလေ့လာမှုအား ပိုမိုကောင်းမွန်ကာ ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်းများလည်းပိုမိုတိုးပွားလာခြင်း။

2. Harvard တက္ကသိုလ်မှ ပြဌာန်းထားသော Cooperative Learning Routine များကို အသုံးပြုကာ တစ်‌နေ့တာသင်ယူခဲ့သည့်သင်ခန်းစာများကို အုပ်စုဖွဲ့ဆွေးနွေးရခြင်းကြောင့် ကျောင်းသားကျောင်းသူများ မိမိတို့၏ နေ့စဉ်တိုးတက်မှုကို ကိုယ်တိုင်ဂရုပြုလာ၍ သင်ယူလေ့လာမှုကို များစွာအထောက်အပံ့ပေးခြင်း။


3. ယနေ့ အမေရိကန် ပညာရေးစနစ်တွင် ကျယ်ပြန့်စွာ အသုံးပြုနေသည့်Think, Pair, Share Routine ကိုအသုံးပြု၍ သင်ကြားပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ တွေးခေါ်မှုစွမ်းရည်တိုးတက်လာခြင်း။

4. ကျောင်းသား၊ ကျောင်းသူတို့၏ အတွေးအခေါ်များကို Pair Work, Group Work များဖြင့် အုပ်စုဖွဲ့ ပြီး လွတ်လပ်စွာ မျှဝေပြောဆိုနိုင်အောင် လေ့ကျင့်သင်ကြားပေးခြင်းကြောင့် အများနှင့်လိုက်လျောညီထွေဖြစ်ပြီး လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံတတ်လာခြင်း။

သင်ကြားရေးနည်းစနစ် (Methods & Approaches)


1. စာမေးပွဲဗဟိုပြုစစ်ဆေးခြင်းမဟုတ်ပဲ ကျောင်းသား၊ ကျောင်းသူများ နေ့စဉ်ပြောဆိုဆက်ဆံရာ တွင် အင်္ဂလိပ်ဘာသာစကားကိုအသုံးပြု၍ မည်မျှအကျိုးရှိအောင် ပြောဆိုဆက်သွယ်နိုင်သည်ကို တိုင်းတာသော Continuous Assessment များဖြင့်သာ စစ်ဆေးပေး ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်ဘာသာစကား သင်ယူမှုအပေါ်တွင် စိတ်ဝင်တစားနှင့် ပိုမို အကျိုးရှိစွာ သင်ယူ လာနိုင်ခြင်းပြီး ထိရောက်သော ရလဒ်များ ရရှိခြင်း။

2. Student-Centered Approach ကို အလေးထား အသုံးပြုထားသောကြောင့် ကလေးများအတွက် Short-term and Long-term Learning ကိုပါ အထောက်အပံ့ဖြစ်စေခြင်း။

3. ကလေးငယ်များ၏ သင်ယူမှုကို စဉ်ဆက်မပြတ် အကဲဖြတ်ခြင်းနှင့် ထိရောက်သည့် Feedback များပေးခြင်းကြောင့် ၄င်းတို့၏ တိုးတက်မှုကို ၁၀၀% ပံ့ပိုးပေးနိုင်ခြင်း။

4. Real-life Mission များထည့်သွင်း၍ လေ့ကျင့်သင်ကြားပေးခြင်းကြောင့် ကလေးငယ်များ ရလဒ်ကောင်းများ ဖော်ဆောင်နိုင်သည့် အလေ့အကျင့်နှင့် အရည်အချင်းများ တိုးတက်လာခြင်း။

5. ထိရောက်၍ လက်တွေ့ကျသော သင်ထောက်ကူပစ္စည်းများ အသုံးပြု သင်ကြားပေးခြင်းကြောင့် ကလေးများ၏ လက်တွေ့ဘဝစွမ်းဆောင်နိုင်စွမ်းကို ဖွံ့ဖြိုးတိုးတက်စေခြင်း။

 

6. ကျောင်းသား၊ ကျောင်းသူများ နေ့စဉ်အသုံးပြုနေသော အီလက်ထရောနစ်ပစ္စည်းများ (Phone, Tablet စသည်) ဖြင့် အလွယ်တကူချိတ်ဆက်၍ မိမိတို့၏ သင်ခန်းစာများကို ပြန်လည်လေ့လာနိုင်သော Navio Application နှင့်ပါ ထည့်သွင်းသင်ကြား ပေးခြင်းကြောင့် မည်သည့်အချိန်တွင်မဆို သင်ခန်းစာများအား ထိရောက်စွာ လွယ်လင့်တကူ ပြန်လည်လေ့လာနိုင်ခြင်း။

7. သင်ခန်းစာအကြောင်းအရာများကိုသင်ကြားပေးရာတွင် ဖတ်စာအုပ်တစ်မျိုးတည်းကိုသာ အသုံးပြုခြင်းမဟုတ်ဘဲ Search Engine, Web Pages, E-

mail, Instant Messages, Blogs, Podcasts, eBooks, Wiki Pages, Digital Photos, Documentary Style Videos စ

သည့် ခေတ်ပေါ် သင်ကြားရေးအထောက်အကူပြုနည်းလမ်းများကိုပါ အကျိုးရှိစွာ ရှာဖွေ အသုံးပြုလာနိုင်အောင် တစ်ပါတည်း လေ့ကျင့်သင်ကြားပေးခြင်း။

Instructor


ပြည်တွင်းပြည်ပမှ မဟာဘွဲ့များအပြင် TKT , TEYL , DIP in TESOL/ELT/ELTM/TEFL , CELTAYL, CELTA, DELTA အစရှိသည့် နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်ဘာသာ ဆရာဖြစ်သင်တန်း အောင်လက်မှတ်ရရှိထားပြီး စနစ်တကျ သင်တန်းပေးထားသော အတွေ့အကြုံ၊ အရည်အချင်းနှင့် အရည်အသွေး ပြည့်ဝသည့် ဆရာ၊ ဆရာမများမှ သင်ကြားပို့ချပေးခြင်း။

 

Academic Year


နှစ်စဉ်Academic Year မှာ March – February ဖြစ်ပါသည်။
1st Semester – March to June
2nd Semester – July to October
3rd Semester – November to February

 

Timetable (Saturday & Sunday)


Morning Section - (8:30 AM – 12:00 PM)
Afternoon Section - (1:30 PM – 5:00 PM)

 

New Levels


ယခင် Level များနှင့်မတူ ယခုနှစ်တွင် နိုင်ငံတကာအဆင့်မီ Common European Framework အားအခြေခံပြီး Level များအားလုံးကို ပြောင်းလဲထား သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ Level အား Placement Test စစ်ဆေးကာ ပြန်လည်ခွဲပေးမည်ဖြစ်ပါသည်။ (လက်ရှိတက်ရောက်နေသော ကလေးငယ်များ၏ Level Test ကို ကျောင်းမှ စီစဉ်စစ်ဆေးသွားပါမည်။) Programတစ်ခုတက်ရောက်ရာတွင်လည်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောက်ပါ ခွဲခြားထားသည့် Level အတိုင်း တစ်နှစ် တက်ရောက်ရမည်ဖြစ်ပါသည်။ Program တစ်ခုတွင် Course Book နှစ်မျိုးဖြင့် သင်ကြားပို့ချပေးပါမည်။ Semester (၃)ခု အပြည့်တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများသာ Certificate ရရှိမည် ဖြစ်ပါသည်။

LEVEL CAMBRIDGE ENGLISH SCALE USER CAMBRIDGE EXAM LEVELS
LEVEL 1 - BASIC USER -
LEVEL 2 - -
LEVEL 3 80-100 PRE A1 STARTERS
LEVEL 4 101-120 A1 MOVERS
LEVEL 5
LEVEL 6 121-140 A2 FLYERS
LEVEL 7 A2 KEY FOR SCHOOLS
LEVEL 8 141-160 INDEPENDENT USER B1 PRELIMINARY FOR SCHOOLS
LEVEL 9 161-180 B2 FIRST FOR SCHOOLS
LEVEL 10
LEVEL 11 181-200 PROFICIENT USER C1 ADVANCED

Students' Progress(ကလေးများ၏တိုးတက်မှုစစ်ဆေးခြင်း)


ကလေးများ၏ တိုးတက်မှုနှင့် ပတ်သက်၍လည်း ယခုနှစ်တွင် ယခင်နှစ်များနှင့်မတူ Continuous Assessment များပြုလုပ်၍ Unit အလိုက် Can-do Check List ဖြင့် စစ်ဆေးပေးမည်ဖြစ်ပြီး ကလေးများ၏ တိုးတက်မှုများနှင့် ပတ်သက်၍လည်း မိဘများထံ အမြဲအကြောင်းကြားပေး မည်ဖြစ်ပါသည်။ မိဘများမှ အတန်းပိုင် ဆရာ၊ ဆရာမများထံသို့ ဆက်သွယ်မေးမြန်းပါရန် နှင့် လိုအပ်သည့် ကိစ္စရပ်များအားလုံးကို အပြည့်အဝ (အပြည့်အဝ) ပူးပေါင်းပါဝင်ပေးပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။
ထို့ပြင် Semester တစ်ခုပြီးတိုင်း ကလေးများ၏ တိုးတက်မှု မှတ်တမ်းအား Report Card ပေးပို့ပေးမည်ဖြစ်ပြီး ကလေးငယ်၏ တိုးတက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာအားရကျေနပ်မှု မရှိပါက Management Team သို့ ချက်ချင်းအကြောင်းကြားပေးပါရန် လေးနက်စွာအသိပေး အပ်ပါသည်။

 

တိုးတက်မှု အာမခံချက်


ယခုနှစ်တွင် ထူးခြားစွာဖြင့် ကလေးများ တိုးတက်မှု မရှိပါက သင်တန်းကြေးကို ၁၀၀% ပြန်ပေးမည် ဖြစ်ပါသောကြောင့် မိဘများအနေဖြင့် ကလေးများ ကျောင်းခေါ်ချိန် ၈၀% ရာခိုင်နှုန်း ပြည့်အောင် မဖြစ်မနေ ကျောင်းပို့ပေးရန်နှင့် ကျောင်းချိန် နောက်ကျခြင်းမရှိရန် မဖြစ်မနေ ပူးပေါင်းပါဝင်ပေး ရပါမည်။