Our Aim to open the Nurture Preschool
Nurture သည် ၂၀၁၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကလေးငယ် (၂) ထောင်ကျော်ကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ခံစားမှု၊ ဘာသာစကားနှင့် ဘာသာစကားကို အခြေခံသောပြောဆိုဆက်သွယ်ရေး ဖွံ့ဖြိုး တိုးတက်မှုရှိအောင်နှင့် အခြေခံအင်္ဂလိပ်ဘာသာစကားနှင့် မြန်မာစကားတိုးတက်မှုရှိအောင် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့ Nurture မူကြိုကျောင်း၏အရေးကြီးဆုံး အဓိကရည်မှန်းချက်မှာ ကလေးသူငယ်များအား စိတ်ဝင်စားသော စိတ်အားထက်သန်သော လေ့လာသင်ယူသူများ (Enthusiastic Learners) ဖြစ်လာစေရန်ထောက်ပံ့ပေးဖို့ဖြစ်ပါသည်။ ဤသည်မှာ ကလေးများအား ၎င်းတို့၏ စိတ်ကူးများကို ဖော်ထုတ်ဖို့နှင့် ကိုယ်ပိုင်အတွေးများကို စဉ်းစားဖို့မကြောက်ရွံ့သော တက်ကြွပြီး ဖန်တီးနိုင်စွမ်းရှိသော လေ့လာသူများ ဖြစ်လာစေရန် အားပေးခြင်းဖြစ်ပါသည်။