Welcome to Nurture Private Primary School
Nurture Private Primary School သည် ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာသင်ရိုးအပြင် Cambridge English သင်ရိုးဖြင့် တစ်မူထူးခြားစွာ ကလေးငယ်များကို ကျောင်းနေပျော်၍ စဉ်းစားတွေးခေါ်တတ်အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ကျွန်တော်တို့ကျောင်း၏အဓိကရည်ရွယ်ချက်မှာ “ကျောင်းနေပျော်၍ စဉ်းစားတွေးခေါ်တတ်သော ကလေးများ” အမှန်တကယ် လက်တွေ့ဖြစ်ပေါ်လာစေရန်ဖြစ်သည်။ ကျောင်းနေပျော်ရန်အတွက် သင်ယူစရာ သင်ခန်းစာများကို စာတွေ့သာမက လက်တွေ့သင်ခန်းစာများ၊ Games၊ Activities တို့ဖြင့်ကိုယ်တိုင်လေ့လာသင်ယူသူများဖြစ်အောင်သင်ကြားပေးပြီး (၂၁)ရာစု သင်ယူမှုစွမ်းရည် (၅)ရပ်ဖြစ်သော ဉာဏဗလ၊ ကာယဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တို့ကို ရရှိစေရန်စီစဉ်ထားပါသည်။