Open House

                 ကျွန်တော်တို့ မူကြိုကျောင်းတွင် ပညာသင်နှစ်တစ်နှစ်အတွင်း Semester ၄ ခုရှိပါသည်။ ၃ လ ၁ ခါ Semester တစ်ခုပြီးတိုင်း မိဘများအတွက် Open House ပြုလုပ်ပေးပါသည်။ ထိုနေ့တွင် ကလေးငယ်များကို ကျောင်းပိတ်ပေးပြီး မိဘများအတွက် အရမ်းအရေးကြီးသော အချိန်ဖြစ်ပါသည်။ ထိုနေ့တွင် မိဘများကို ကလေးများ၏ ၃ လ အတွင်း တိုးတက်မှုမှတ်တမ်းများ၊ လစဉ်စစ်သော Test Results များကိုပြသပြီး ကလေး၏ တိုးတက်မှု အခြေအနေကို တင်ပြပေးမည်ဖြစ် သောကြောင့် မိဘများမှမဖြစ်မနေလာရောက် ဆွေးနွေးမှုများ ပြုလုပ်ရပါမည်။ ထိုနေ့တွင် ဆရာ၊ ဆရာမများမှ ကလေးငယ်၏ အခြေအနေကိုပကတိအတိုင်း ပွင်းလင်းစွာ ဆွေးနွေးပေးပါမည်။ မိဘများဘက်မှလည်း ပွင့်လင်းစွာဆွေးနွေးပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ မိဘများမှလည်း ပွင့်လင်းစွာ ဆွေးနွေးမှုကို ကလေး၏ ရေရှည်အောင်မြင်မှုအတွက် အပြုသဘောဆန်စွာနားလည် သဘောပေါက်ရန် ကြိုတင် အသိပေးအပ်ပါသည်။