NURTURE PRESCHOOL POLICIES

Behaviour and Discipline Policy

               ကလေးငယ်များကို ထိန်းကျောင်းသင်ကြားပေးရာတွင် အပြုသဘောဆန်သည့် ပြောဆိုဆုံးမမှုနှင့် ဆွေးနွေး တိုင်ပင်မှု (ကလေးကိုနားလည်အောင် ရှင်းပြပြောပြခြင်း)ကို အဓိကထားသုံးပါသည်။ ကလေးငယ်များ၏ ကောင်းသော၊ တရားမျှတသော၊ ယဉ်ကျေးသိမ်မွေ့သောအပြုအမူများကို လေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး စည်းကမ်း ပိုင်းတွင် မိမိအပြုအမူအတွက် တာဝန်ယူတတ်ရန်နှင့် မိမိကိုယ်ကို ထိန်းကျောင်းတတ်အောင် သင်ကြားပေးမည်ဖြစ် ပါသည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကလေးငယ်များကို ဆူပူကြိမ်းမောင်းအပြစ်တင်ခြင်းနှင့် ရိုက်နှက်ဆုံးမ အပြစ်ပေးခြင်းတို့ကို လုံး၀ (လုံးဝ) ပြုလုပ်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။ မိဘများမှလည်း ထိုအပြု အမူများသည် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာကို များစွာထိခိုက်နိုင်ပါသဖြင့် လုံးဝ(လုံးဝ) မပြုလုပ်ရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ရိုင်းစိုင်း၊ ကြမ်းတမ်း၊ ရန်လိုသည့် အပြုအမူများ (ဥပမာ- တံတွေးထွေးခြင်း၊ ထိုးနှက်ရိုက်ပုတ်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ သွားဖြင့်ကိုက်ခြင်းတို့ကို) ကျောင်းမှလုံးဝ(လုံးဝ) လက်ခံမည်မဟုတ်ပါ။ ဆရာ/ဆရာမ များနှင့် အခြားကလေးများအပေါ် ထိုသို့အပြုအမူဆက်ဆံခြင်းများရှိပါက တာဝန်ခံဆရာ/ဆရာမမှ မိဘများကို အကြောင်းကြားဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပြီး ဆရာ/ဆရာမမှ ကလေးငယ်၏ အပြုအမူများပြောင်းလဲလာအောင် အပြုသဘောဆောင်သည့်အပြုအမူများ ပြုတတ်လာအောင် အစွမ်းကုန်အားပေးပြောဆို ဆုံးမမည်ဖြစ်ပါသည်။ ကလေးငယ်များ၏ အပြုအမူနှင့်စည်းကမ်းပိုင်းကို လေ့ကျင့်သင်ကြား ကိုင်တွယ်ဖြေရှင်းရာတွင် မိဘများ၏ ရိုးသားမျှတသော အပြုသဘောဆန်သော ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျသဖြင့် မိဘများမှ အပြုသဘော ဆန်စွာ ပူးပေါင်းပါဝင်လာခြင်းမရှိပါက အခြားကလေးငယ်များကို ကူးစက်ထိခိုက်မှု မရှိရန်အလို့ငှာ ကျောင်းမှ ကလေး ငယ်ကို ချက်ချင်းထုတ်ပယ်မည် ဖြစ်ပါသည်။

             ကလေးငယ်များကို အပြုအမူနှင့် စည်းကမ်းဆိုင်ရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အသုံးပြုလေ့ရှိသော နည်းလမ်းများ

၁။ ရှင်းလင်းတိကျသင့်တော်သည့် စာသင်ခန်းအတွင်းတွင် လိုက်နာရမည့်စည်းကမ်းများ သတ်မှတ်ပေးခြင်း။

၂။ ကလေးငယ်မှ မိမိအပြုအမူကို အပြုသဘောဆန်စွာ သင်ခန်းစာယူတတ်အောင် လေ့ကျင့်သင်ကြားပေးခြင်း။

၃။ ကလေးငယ်နှင့်မျက်နှာချင်းဆိုင်၍ သူ၏ခံစားချက် စိတ်ဖိစီးမှုများကို နားထောင်ပေးခြင်း။

၄။ ကလေးငယ်များ ၎င်းတို့၏ပြဿနာများကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းတတ်ပေးမူများ လုပ်ပေးခြင်း။

၅။ ကလေးငယ်များကို နေ့စဉ်စာသင်ခန်းတွင် လိုက်နာရမည့် စည်းမျဉ်းများနှင့် ပြုမူပြောဆိုရမည့် ပုံစံများကို ပြောပြ ပေးခြင်း။

၆။ ကလေးငယ်များကို အပြုသဘောဆောင်သော တိကျခိုင်လုံသည့် ချီးမြှောက်အားပေးမှုများ လုပ်ပေးခြင်း။

Adjustment Period

ပုံမှန်အခြေအနေ - သင်၏ ကလေးသည် သင်နှင့်ခွဲရမည်ကို ကြောက်ရွံ့တွန့်ဆုတ်နေလျှင် ပုံမှန်ဖြစ်ပါသည်ဟု မိဘများမှ လက်ခံထားရပါမည်။ အရွယ်ရောက်သူများကဲ့သို့ပင် ကလေးများသည် အခြေအနေသစ်မှာ နေသားကျရန် အချိန်လိုအပ်ပါသည်။ အပြောင်းအလဲများအတွက် သင်၏ကလေးကို တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ပေးရန်ကြိုးစားပါ။ စိုးရိမ်စရာရှိလျှင် ဆွေးနွေးပါ။ သင်၏ကလေးတွေ့ဆုံရမည့် လူစိမ်းအချို့အကြောင်းနှင့် ပြုလုပ်ရမည့်ကိစ္စများ အကြောင်း ပြောပြပါ။ သင်စိတ်ပါလက်ပါ ဆောင်ရွက်လျှင် သင်၏ကလေးကလည်း စိတ်ဝင်စားလာပါလိမ့်မည်။

လုပ်ဆောင်ရမည့်အရာများ - သင်အလုပ်ရောက်သောအခါ (သို့) အိမ်ရောက်သောအခါ ကျောင်းသို့ဆက်သွယ်၍ ကလေး၏အခြေအနေကို မေးမြန်းနိုင် ပါသည်။ များသောအားဖြင့် သင်ဖုန်းဆက်သည့်အချိန်တွင် သူငယ်ချင်းများနှင့် ပျော်ရွှင်စွာကစားရင်းအလုပ်များ နေနိုင်ပါသည်။

ပထမဆုံး အတွေ့အကြုံ - သင်၏ကလေးသည် သင်နှင့်ခွဲခွာရသည်မှာ ပထမဆုံးအကြိမ်ဖြစ်နေလျှင် တွန့်ဆုတ်နေ သည်မှာ ပုံမှန်ဖြစ်ပါသည်။ ရွှင်လန်းသော နှုတ်ဆက် အနမ်း၊ အပြုံးနှင့် အလုပ်ပြီးလျှင် ပြန်လာမည်ဆိုသည့် စိတ်အေး စေမည့် စကားစသည့်တို့ ပြုလုပ်ရန်သာလိုအပ်ပါသည်။ ထိုနောက် ပိုင်းမှစ၍ ပြုစုစောင့်ရှောက်ပေးမည့် ဝန်ထမ်းက တာဝန်ယူပါလိမ့်မည်။ ကျေးဇူးပြု၍ ကလေးမမြင်အောင် တိတ်တဆိတ် ထွက်မသွားပါနဲ့၊ ကလေးသည် သင်ထွက်သွားပြီး မကြာခင်နေသားကျသွားလေ့ရှိပါသည်။

လုပ်ဆောင်ရမည့်အရာများ - သင်အလုပ်ရောက်သောအခါ (သို့) အိမ်ရောက်သောအခါ ကျောင်းသို့ဆက်သွယ်၍ ကလေး၏အခြေအနေကို မေးမြန်းနိုင် ပါသည်။ များသောအားဖြင့် သင်ဖုန်းဆက်သည့်အချိန်တွင် သူငယ်ချင်းများနှင့် ပျော်ရွှင်စွာကစားရင်းအလုပ်များ နေနိုင်ပါသည်။

Accident

              ကလေးငယ်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိစေရန်အတွက် ဦးစားပေးအရေးကြီးဆုံးအဖြစ် မှတ်ယူ လုပ်ဆောင် လျက်ရှိပါသည်။ သို့သော် ကလေးများ၏ သဘောသဘာဝအတိုင်း စူးစမ်းလေ့လာလိုစိတ်ပြင်းထန်ခြင်း၊ ချင့်ချိန် စဉ်းစားဉာဏ် မဖွံ့ဖြိုးသေးခြင်းတို့ကြောင့် တစ်ခါတစ်ရံ မတော်တဆထိခိုက်မှု တစ်စုံတစ်ရာရှိတတ်ပါသည်။ ကလေးငယ်များမှ မတော်တဆမှုတစ်စုံတစ်ရာ ထိခိုက်နာကျင်မှုကြီးပါက မိဘများအားချက်ချင်း အကြောင်းကြားပေးပြီး လိုအပ်သည့် ကုသမှုများကို မိဘများ၏ ခွင့်ပြုချက်ဖြင့် ကလေးငယ်အား ပြုစုစောင့်ရှောက် သွားမည်ဖြစ်ပါသည်။ အသေးအမွှားကိစ္စများကို ဆရာ/ဆရာမမှ ကျောင်းဆင်းချိန်မိဘများတွေ့ဆုံချိန်တွင်လည်းကောင်း၊ ဖုန်းဖြင့်ဆက်၍သော်လည်းကောင်း၊ Message Book မှသော်လည်း ကောင်း အသိပေးသွားမည်ဖြစ်ပါသည်။ မတော်တဆမှုများကို ကျောင်းတာဝန်ခံမှ CCTV မှတ်တမ်းရယူပြီး လိုအပ်ပါက မိဘများအား အသေးစိတ်တင်ပြပေးသွားပါမည်။ ဆရာ/ဆရာမ နှင့် ဝန်ထမ်းများ၏ ပေါ့ဆမှုဖြစ်ပါက ပြစ်မှုအကြီးအသေး ပေါ်မူတည်၍ အလုပ်မှ ထုတ်ပယ်သည်အထိ အရေးယူသွားပါမည်။

Parent-Teacher Communication

             အောင်မြင်သော မူကြိုအရွယ် အသိပညာပေးခြင်းပတ်ဝန်းကျင်တစ်ခုအတွက် မိဘဆရာပူးပေါင်း ဆောင်ရွက် မှုသည် အဓိကကျသော သော့ချက်တစ်ခုဟု ကျွန်တော်တို့ မူကြိုကျောင်းမှ ယုံကြည်ခံယူထားပါသည်။ သို့ဖြစ်ပါ၍ မိဘများအနေဖြင့် မိမိ သား/သမီး များ၏ တိုးတက်မှုအခြေအနေကို စဉ်ဆက်မပျက် အကဲခတ်၍ ဆရာ/မများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံအပ်ပါသည်။ မိမိသား၊ သမီးများ၏ အခြေအနေနှင့်ပတ်သက်သော Parent Teacher Message Book မှတဆင့် ရေးပို့ မေးမြန်းဆွေးနွေးခြင်း၊ တယ်လီဖုန်းဖြင့် တနင်္လာနေ့မှ သောကြာနေ့ ၃ : ၄၅ မှ ၄ : ၃၀ ကြားတွင်လည်းကောင်း၊ လူကိုယ်တိုင် လာရောက်တိုင်ပင်ဆွေးနွေးလိုပါက အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေး ၃ : ၄၅ မှ ၄ : ၃၀ ကြားအထိ အတန်းပိုင်ဆရာမနှင့် ရက်ချိန်းယူ၍ လာရောက်ဆွေးနွေးနိုင်ပါကြောင်း အသိပေး အပ်ပါသည်။

Complain Procedure

             မိဘအုပ်ထိန်းသူများမှ ကလေးငယ်များ၏ တိုးတက်မှု သင်ကြားရေးနှင့် အထွေထွေဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို အားရကျေနပ်မှုမရှိပါက သက်ဆိုင်ရာကျောင်းတာဝန်ခံထံသို့ တိုက်ရိုက်ဆက်သွယ် အကြောင်းကြား နိုင်ပါသည်။ အမှုကိစ္စကြီးသေးပေါ် မူတည်၍ (၃)ရက်မှ (၅)ရက်အတွင်း တာဝန်ခံကျေနပ်သည်အထိ ဖြေရှင်းချက် မပေးနိုင်ပါက တိုက်ရိုက်ကျောင်း၏ အရာရှိချုပ်နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ မည်သည့်ကိစ္စကိုမဆို Win-Win Solution ကိုသာ ရွေးချယ်ရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။

Attendance Policy

                ကျွန်တော်တို့၏ မူကြိုကျောင်းတွင် တက်ရောက်လျှက်ရှိသော ကလေးများ၏ သင်ယူလေ့လာမှု နှောင့်နှေးမှုမရှိစေဘဲ အထောက်အကူဖြစ်စေရန် မိဘများမှ ကလေးငယ်သည် ဖျားနာခြင်းနှင့်အရေးကြီးသော မဖြစ်မနေလိုက်ပါရသော ကိစ္စရပ်များမှလွဲ၍ ကလေးငယ်များကို ကျောင်းသို့ပုံမှန်ပို့ပေးဖို့ လေးစားစွာ တိုက်တွန်း အပ်ပါသည်။ သင်တန်းကျောင်းသို့ ပုံမှန်ပို့ပေးခြင်းအားဖြင့် ကလေးငယ်သည် ကျောင်းမလာချင်သော စိတ်များ မရှိခြင်း၊ သင်ခန်းစာများကို အချိန်နှင့်တပြေးညီ သင်ယူလုပ်ဆောင်နိုင်ခြင်း၊ ကလေး၏ တိုးတက်မှုကိုလည်း မိဘများမှ မျက်ဝါးထင်ထင် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ကလေးများ၏ ကျောင်းတက်ချိန်မှာ ၉ : ဝဝ မှ ၃ : ၃ဝ ဖြစ်ပြီး ကျောင်းခေါ်ချိန်ထက် စောလွန်းစွာရောက်ရှိခြင်း၊ နောက်ကျခြင်းတို့ကို လက်ခံမည်မဟုတ်ပါ။

 

Uniform Policy

               မိဘများမှ မိမိတို့၏ သားသမီးမျာကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း မပျက်မကွက် Uniform ဝတ်ဆင်ပေးရပါမည်။ အကယ်၍ ပျက်ကွက်မှုရှိပါက ကျောင်းမှ တစ်ရက်လျှင် ၅၀၀၀ ကျပ် ကောက်ခံသွားမည် ဖြစ်ပါသည်။

Leave Policy

              ကလေးငယ်သည် အကြောင်းတစ်စုံတစ်ရာရှိ၍ ကျောင်းပျက်ကွက်မည်ဆိုပါက ကျောင်းသို့ ဖုန်းဆက်၍ ဖြစ်စေ၊ Message book မှ ကြိုတင်၍ ဖြစ်စေ ခွင့်တိုင်ကြားရပါမည်။ သင်တန်းကျောင်းမှ အပြီးအပိုင်ထွက်မည်ဆိုပါက သင်တန်းကျောင်းသို့ မပျက်မကွက် အကြောင်းကြားရပါမည်။ အကြောင်းကြားမှုမရှိဘဲ (၅)ရက်နှင့်အထက် ပျက်ကွက် ၍ ကျောင်းပြန်တက်မည်ဆိုပါက ကျောင်းမှ ပြန်လည်လက်ခံမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

Weather Policy

               ရာသီဥတုဆိုးဝါးပါက ကလေးများ၏ လုံခြုံမှုအတွက် စိတ်ချရ စေရန် ကျောင်းများကို ပိတ်ပေးပါမည်။ အန္တရာယ်ရှိသော ရာသီဥတုအခြေအနေများတွင် ကလေးများကို လုံခြုံအောင်ထားရှိပြီး မိဘများမှ ချက်ချင်း လာကြိုရန် ကြိုတင်အကြောင်းကြားပါမည်။ လာကြိုနိုင်သည့် အခြေအနေမဖြစ်ပါက ကလေးငယ်များကို လုံခြုံစွာ ထားရှိပြီး ကလေးငယ်များကို ၂၄ နာရီအတွင်း မိဘများလာကြိုနိုင်အောင် (သို့) ပို့ဆောင်ပေးနိုင်အောင် စီစဉ်ပါမည်။

Arrival Policy

ကျောင်းတက်ချိန် - ဆရာ/မများနှင့် ဝန်ထမ်းများသည် ကလေးငယ်များကို ကြိုဆိုရန် ကျောင်း၏ Gate ပေါက်တွင် ရောက်ရှိနေမည်ဖြစ်ပါသည်။ သင်၏ကလေးကို အဆောက်အဦး၏ အတွင်းတွင်ဖြစ်စေ အပြင်တွင်ဖြစ်စေ မည်သည့်အခါမျှ တစ်ယောက်တည်းမထားပါနှင့်။ သက်ဆိုင်ရာ ဆရာ/မနှင့် ဝန်ထမ်းလက်ထဲသို့ ထည့်ပြီးမှ ပြန်ပါ။

ကျောင်းလာချိန် နောက်ကျခြင်း - ကျေးဇူးပြု၍ အချိန်မီရောက်ရှိရန် အလေးထားပါ။ မကြာခဏ နောက်ကျခြင်းသည် အတန်းကိုအနှောက်အယှက်ဖြစ်စေပါသည်။

Dismissal Policy

                ကလေးအားလုံးကို အချိန်မီလာကြိုရန် အရေးကြီးပါသည်။ ကျွန်တော်တို့၏ကျောင်းမှ အတန်းမစခင်နှင့် အတန်းပြီး သည်အထိ တာဝန်ရှိပါသည်။ သင်၏ကလေးသည် မမျှော်လင့်ဘဲနောက်ဆုံးမှ လာကြိုခြင်းခံရလျှင် ကလေးသည်လည်း ဝမ်းနည်း နိုင်ပါသည်။ မိဘများမှအကြောင်းအမျိုးမျိုးကြောင့် နောက်ကျပါက ကျောင်းသို့ကြိုတင်အကြောင်းကြားပါ။ သင်၏ကလေးကို သင် လာနေပြီဖြစ်ကြောင်း နှစ်သိမ့်မှုများပြုလုပ်ပေးပါမည်။

Ferry

               Ferry စီးသောကလေးများကို လာကြိုရာတွင် ကြန့်ကြာမှုမရှိစေရန် အချိန်မီပြင်ဆင်ပေးထားရန်နှင့် ကျောင်းပျက်ကွက် မည်ဆိုပါက မိမိကလေးငယ်အား လာကြိုသည့် Ferry ဆီသို့ ကြိုတင်၍ ဖုန်းဆက်အသိပေးအကြောင်းကြားရပါမည်။ ကလေးငယ် များအား Ferry အကြိုအပို့လုပ်ရာတွင် မိဘအုပ်ထိန်းသူများကိုယ်တိုင် အကြိုအပို့လုပ်ပေးပါရန်နှင့် အကြောင်းတစ်စုံတစ်ရာ ကြောင့် မိဘများမှ အကြိုအပို့မလုပ်နိုင်ပါက မိဘများမှ မိမိကိုယ်စားလာကြိုပေးသူထံတွင် ကလေးကိုအပ်နှံခဲ့ရသည့်အခါ ဖြစ်ပေါ် လာမည့်နောက်ဆက်တွဲပြဿနာများကို ကျောင်းမှတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

Jewellery Policy

              မိဘများမှ ကလေးငယ်များကို ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများနှင့် တန်ဖိုးကြီးပစ္စည်းများ လုံး၀ (လုံးဝ) မဝတ်ဆင်ပေးရ ပါ။ ပျက်စီး/ပျောက်ဆုံးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက မည်သည့်အကြောင်းကိစ္စကြောင့် ပျက်စီး/ ပျောက်ဆုံးသည်ဖြစ်စေ ကျောင်းမှ လုံး၀ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်း အလေးနက်အသိပေးအပ်ပါသည်။

Lunch

              မိဘများသည် နေ့လည်စာထည့်ပေးရမည်ဖြစ်ပြီး ထမင်းဘူးထဲတွင် ထည့်ပေးရပါမည်။ ထမင်းဘူး၏ အပြင်ဘက်တွင် ကလေးနာမည်ကို ထင်ရှားစွာ Name Tag ကပ်ပေးလိုက်ပါမည်။ နေ့လည်စာများကို နေ့လည်စာစားချိန်မတိုင်မီ ကျောင်းရှိ ထမင်းစင်ပေါ်တွင် ထားရှိပါမည်။ Nurture အစားအသောက်များ၊ မအေးသွားအောင် အပူအအေးထိန်းဘူများကို အသုံးပြုပါမည်ဖြစ်ပြီး ကျောင်းမှ နေ့လည်စာ များကို ပြန်နွှေးပေးမည် မဟုတ်ပါ။ နေ့လည်စာကို ကျေးဇူးပြု၍ ကလေးငယ်များစားသင့်သောပမာဏနှင့် ကလေးများစားလို့ရသော အတုံးလေးများဖြစ် အောင် ခပ်သေးသေး ကြိုတင်စီစဉ်ထားပါ။ ငါးနှင့်ကြက်သားများထည့်ပေးပါက အရိုးများထွင်ပေးပါ။ ကလေးများ စားသုံးလို့ သင့်တော်သော အသီးအနှံများနှင့် မုန့်များကိုသာ Snack အတွက်ပြင်ဆင်ကျွေးပေးမည်ဖြစ်ပါသည်။ ရေဘူးထည့်ပေးပါ။ ကျေးဇူးပြု၍ ထမင်းဘူးထဲတွင် လက်ကိုင်ပဝါတစ်ထည် ထည့်ပေးလိုက်ပါ။ တစ်ထည်ကို စားပွဲပေါ်တွင် ခင်းပေးပြီး သုံးရန်ဖြစ်ပါသည်။

Birthday Party

              ကလေး၏ မွေးနေ့အတွက် မိဘများက မုန့်ကျွေးနိုင်ပါသည်။ ကျေးဇူးပြု၍ ကျွေးမည့်ရက်ကို အတန်းပိုင်ဆရာ/မများနှင့် တစ်ပတ်ကြိုသတ်မှတ်ထားပါ။ ကြိုတင်စီမံမထားလျှင် သင်ရွေးချယ်ထားသော နေ့ရက်နှင့် လွဲသွားနိုင်ပါသည်။ ထိုနေ့ရက်တွင် သင့်ကလေး၏ အတန်းဖော်ကလေးများအားလုံးအတွက် အသက်အန္တရာယ်ဖြစ်စေသော ဓါတ်မတည့်မှုနှင့် ပတ်သက်၍ စိတ်ချရ အောင်ပြုလုပ်ရန် လိုအပ်ပါသည်။ သင်ကျွေးမွေးလိုသော မုန့်ကို ဆရာ/ဆရာမအား ကြိုတင်ပြောထားပါ။ သို့မှသာ အခြားမိဘများက လိုအပ်လျှင် လိုအပ်လျှင် အခြားမုန့်တစ်ခုခု ထည့်ပေးလိုက်နိုင်ပါမှာ ဖြစ်ပါသည်။ မိသားစုများမှ ကျွေးမွေးသောမုန့်များသည် ကလေးငယ်အတွက် ဘေးဥပါဒ် မဖြစ်သောမုန့်များဖြစ်ရမည်။ ပမာဏအနည်းငယ်သာ ဖြစ်ရမည်။ (ကွတ်ကီးတစ်ခု၊ ပေါင်မုန့် ပိုင်းလေးတစ်ခု၊ ဒိုးနတ်မုန့်တစ်ခု၊ စသည်ဖြင့်)။ မွေးနေ့ပွဲတွင် ကျွေးသည့် မုန့်များသည် ထုတ်လုပ်သည့်လုပ်ငန်း ပါဝင်ရပါမည်ဖြစ် ပြီး ဆရာ/မက မုန့်မကျွေးခင် အနည်းဆုံး နှစ်ရက်ကြိုတင်၍ အဆိုပြုထားရပါမည်။ အတန်းတစ်တန်းချင်းစီတွင် မွေးနေ့ပွဲကျင်းပရန် ဆရာမက သတ်မှတ်ပေးထားသော သီးခြားနည်းလမ်းကိုယ်စီရှိပါသည်။ အထက်ပါ အချက်အလက်များကို အလေးထားဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့ကလေးများ၏ လုံခြုံ မှုနှင့် နေ့စဉ်အတန်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ကြိုတင်ပြင်ဆင်ဖို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပါသည်။

Short Trip

                ကလေးများအတွက် အတွေ့အကြုံသစ်များရရှိစေရန် လေ့လာရေးခရီးတိုများသည် အရေးကြီးပါသည်။ ဆရာ/မများ သည် ၎င်းတို့၏ အတန်းအတွက် အတွေ့အကြုံအပြည့်အဝပေးနိုင်ရန် သင့်တော်သော ခရီးတိုများကို စီစဉ်ပေးပါသည်။ လေ့လာရေးခရီးတိုတွင် သင်နှင့် သင့်ကလေး၏မောင်နှမများ လိုက်ပါခွင့်မရှိပါ။ မောင်နှမများနှင့် လိုက်ပါစောင့်ရှောက် သော မိဘများသည် ဆရာ/မများအတွက် အနှောင့်အယှက်နှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။

Nap and Rest Time

               ဆေးပညာရေးအရ ပြုစုစောင့်ရှောက်ထားသော ငါးနှစ်အောက်ကလေးသူငယ်များသည် တစ်မှေးအိပ်စက်ချိန်တွင် သို့မဟုတ် အနားယူချိန် ရှိသင့်ပါသည်။ ကလေးသူငယ် ပြုစုစောင့်ရှောက်သူများသည် မိနစ် ၃၀ ကျော်သည်အထိ မအိပ်သေး သော နိုးနေသော ကလေးတစ်ဦးကို အခြားကလေးများကို အနှောင့်အယှက် မဖြစ်စေသော ပစ္စည်းကိရိယာများ သို့မဟုတ် ကစား နည်းများကို အသုံးပြု၍ ငြိမ်သက်စွာ နေခွင့်ပြုပါမည်။ ကလေးသူငယ်များကို အတင်းအကျပ် အိပ်စက်ခိုင်းရန် မလိုအပ်ပါ။ သို့သော် တိတ်ဆိတ်စွာနေရန် ပြုလုပ်ရပါမည်။ အချိန်ပြည့်၊ တစ်နေကုန် ကလေးများသည် တစ်မှေးအိပ်စက်ချိန်တွင် ခင်းဖို့အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးတို့အား Nurture မှပေးမည်ဖြစ်ပါသည်။ တစ်မှေးအိပ်စက်ချိန်အတောအတွင်းတွင် ခေါင်းအုံးများ၊ စောင်များ၊ သက်တောင့်သက်သာ ဖြစ်စေသော ပစ္စည်းများကို ခွင့်ပြုထားသော်လည်း အခြားအချိန်အားလုံးတွင် သင့်ကလေး၏ ဗီဒိုထဲတွင် ထည့်သိမ်းထားရပါမည်။ အိပ်ရာများကို သောကြာနေ့တိုင်း ကျောင်းမှ Laundry Service ပေးပြီး သန့်ရှင်းပေးပါမည်။

Personal Belonging

               ကလေးများသည် ပွဲများတွင် ဝေမျှသုံးစွဲရန်နှင့် အိမ်မှပစ္စည်းများကို ယူဆောင်လာနိုင်ပါသည်။ သို့သော် ထိုပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအတွက် ကျောင်းမှတာဝန်ယူမည်မဟုတ်ပါ။ ကလေးတစ်ဦးသည် အခြားသူများ ယူမကစားစေချင်သော အရုပ်များ ကို ယူမသွားသင့်ကြောင်း ထိုကလေးအား နားလည်အောင် ကူညီရန်မိဘများက ဆောင်ရွက်ပေးရမည်။ အထိမ်းအမှတ်နေ့တွင် သင်၏ကလေးသည် ပစ္စည်းအသစ်အဆန်း ယူဆောင်လာနိုင်ပါသည်။ ထိုသို့မယူလာခင် ကျေးဇူးပြု၍ ကလေး၏ဆရာမအား အသိပေးထားပါ။ ကလေးများ၏ အဝတ်အစားများသည် အလွန်ဆင်တူနေပြီး အဝတ်အစားအားလုံးတွင် ကလေး၏ အမည်အပြည့်အစုံကို ထင်ထင်ရှားရှား ရေးထားရန် အရေးကြီးပါသည်။ ပြင်ပကစားချိန်များတွင် ကလေးကို ရာသီဥတုနှင့် ကိုက်ညီစွာဝတ်ဆင်ပေးရပါမည်။ အပိုအဝတ်တစ်စုံကို လိုရမယ်ရ ထည့်ပေးရပါမည်။

Toilet Training

                သင်၏ကလေး ကျောင်းစတက်သောအခါ ကျောင်းမှ ဆရာ/မများနှင့် ဝန်ထမ်းများသည် အိမ်သာအသုံးပြုပုံ သင်ကြားခြင်းကို သင်နှင့်အတူ ပူးပေါင်းဆောင်ရွက်လိုပါလိမ့်မည်။ သင်နှင့် သင့်ကလေးသည် သင်ကြားခြင်းစတင်ဖို့ အသင့်ဖြစ် သောအခါ ကျေးဇူးပြု၍ သင့်ကလေး၏ဆရာအား သင်မည်သည့် လုပ်ရိုးလုပ်စဉ်များဆောင်ရွက်လိုကြောင်း အသိပေးထားပါ။ ဤအကူးအပြောင်းကာလတွင် အဝတ်အစားအပိုများကို သေချာစွာ ယူဆောင်လာပေးပါ။ ပေကျံသွားသော အရာများကို မိဘများက အိမ်သို့ယူဆောင် လျှော်ဖွပ်ရန် ပလပ်စတစ်အိပ်ထဲတွင် ထည့်ထားပါမည်။ ကလေးတို့၏ အတွင်းခံထဲ ပြောင်းလဲမှုကို အပြုသဘောဆောင်သော သင်ယူမှုအဖြစ် ခံစားလာစေရန် အားပေးမှု ချီးကျူးမှုများနှင့်တကွ ကြိုးပမ်းသွားမှာဖြစ်ပါသည်။ လဲလှယ်ပေးနိုင်သော ကလေးခါးတောင်းကျိုက်ပိတ်စတွေသည် အစိုဓာတ်အပေါ် ကလေး၏ သဘာဝအလျောက် တုံ့ပြန်မှုကို အဟန့်အတားဖြစ်စေသောကြောင့် ထိုအရာများကို မသုံးစွဲရန် မေတ္တာရပ်ခံပါသည်။

Health Policy

                 ကျွန်တော်တို့ မူကြိုကျောင်းသည် ကျန်းမာသော ကလေးများကိုသာ လက်ခံပါသည်။ အနည်းငယ်ဖျားနေသော ကလေးများ (ဥပမာအအေးမိသည့်လက္ခဏာ)သည် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရှိမှသာ မူကြိုကျောင်းတွင် ဆက်လက် နေနိုင်ပါသည်။ ကလေးများသည် ပြင်ပကစားချိန်အပါအဝင် လှုပ်ရှားဆောင်ရွက်မှုအားလုံးတွင် အပြည့်အဝပါဝင်သင့်ပါသည်။ ကူးစက်ပျံ့နှံ့ တတ်သော ရောဂါရှိနေသည့်ကလေးကို မိဘ(သို့မဟုတ်) အုပ်ထိန်းသူတစ်ယောက်ယောက် လာမခေါ်ဆောင်သည်အထိ ဝန်ထမ်းတစ်ယောက်နှင့် အတူထားရပါမည်။ ကလေးတစ်ဦးဖျားနာနေလျှင် မိဘများကို အသိပေးရန် နည်းလမ်းမျိုးစုံနှင့် ကြိုးပမ်းပါသည်။ သို့သော် ဆက်သွယ်ပြောဆိုဖို့မဖြစ်နိုင်လျှင် ကျောင်းအပ်လက်ခံပုံစံထဲတွင် မိဘများရေးသားခဲ့သော အရေးပေါ် လိပ်စာကိုဆက်သွယ်ပါမည်။ အောက်ပါကလေးများကို ပြုစုစောင့်ရှောက်မည် မဟုတ်ပါ။

  1. အဖျား ၁၀၀ ဒီဂရီဖာရင်ဟိုက်နှင့် အထက်ရှိသော
  2. အဖျား ၉၉ ဒီဂရီဖာရင်ဟိုက်နှင့် အထက်ရှိပြီး အခြားရောဂါလက္ခဏာတစ်ခုခုရှိနေသော (သို့)ကျောင်းတွင် လူသိများ သည့် ရောဂါတစ်ခုခုရှိသော
  3. အဖုအပိန့်များကို စမ်းသပ်ထားသော ဆရာဝန်၏ရေးသားဖော်ပြမှု (သို့) ဖုန်းမှတစ်ဆင့်ရှင်းလင်းပြောဆိုမှုတွင် ဖော်ပြ မထားသောအဖုအပိန့်များရှိသော
  4. ဝမ်းလျှောနေသော (သို့) အော့အန်နေသော
  5. မကုသရသေးသည့်သန်း၊ သန်းဥ၊ ပွေးနှင့် အခြားပပ်ပိုးများရှိနေသော
  6. အလွန်အမင်းချောင်းဆိုးသော
  7. အသက်ရူမြန်နေသော၊ အသက်ရှုကျပ်နေသော
  8. အသား(သို့) မျက်လုံးဝါနေသော
  9. မျက်စိနာနေသော၊ မျက်လုံးအေးစက်နေသော၊ မျက်လုံးပန်းရောင်ဖြစ်နေသော၊ မျက်စိပိုးတစ်ခုခုရှိနေသော
  10. လည်ချောင်းနာသော (အစာမျိုချရန်ခက်ခဲနေသော)
  11. ဇက်ကျောတက်နေသော
  12. အရေပြားတွင် ကူးစက်စေသော အကွက်များရှိနေသော
  13. ကူးစက်ရောဂါရှိနေသော
  14. အလွန်မောပန်းနေသော

              သင်၏ကလေးသည် ကူးစက်ရောဂါတစ်ခုရှိသည်ဟု သေချာလျှင် အိမ်မှာထားသင့်ပါသည်။ အောက်ပါအခြေအနေများကို ပြင်းထန်စွာကူးစက်တတ်သည်ဟု သတ်မှတ်နိုင်ပါသည်။

  1. လည်ချောင်းပိုးဝင်ခြင်း
  2. ဝက်သက်
  3. ပါးချိတ်ရောင်နာ
  4. ရေကျောက်
  5. ဝမ်းလျှောခြင်း
  6. အင်ပြင်ထသည့် ကူးစက်ရောဂါ
  7. သန်ကောင်
  8. ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ကူးစက်ရောဂါများ
  9. အနာစက်
  10. သန်းများ

                       ကလေးတွင်ကူးစက်ရောဂါပျောက်ကင်းသွားကြောင်း အဆိုပါကလေးနှင့် အခြားကလေးများကို အန္တရာယ်မဖြစ်စေတော့ ကြောင်း ဆရာဝန်ကထောက်ခံထားခြင်း (သို့မဟုတ်) အမြင်အရ ကူးစက်ရောဂါပျောက်ကင်းသွားခြင်း၊ ၂၄ နာရီ ဆေးသောက်ပြီး သောအခါ အဖျားပျောက်သွားခြင်း၊ ပုံမှန်စားသောက်နေစဉ် ၂၄ နာရီအတွင်း အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ပျောက်ကင်းသွား ခြင်းတို့ကြောင့် ကလေးကိုပြန်လည်လက်ခံနိုင်ပါသည်။ Nurture သည် ဆရာဝန် ထောက်ခံချက်ပါသော်လည်း ကျောင်း၏ မူဝါဒနှင့် မကိုက်ညီသော ကလေးတစ်ဦးကိုကျောင်းမှ ထုတ်ပယ်ခွင့်ရှိပါသည်။ အတန်းထဲမှ ကလေးတစ်ဦးဦးသည် ကူးစက်ရောဂါ ရှိနေလျှင် မိဘများကို အတန်းစာတိုက်ပုံမှတစ်ဆင့် ၂၄ နာရီအတွင်း အကြောင်းကြားစာပေးပို့ပါမည်။

Medication

  1. အကိုက်အခဲနှင့် အဖျားပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးနှင့် နှာစေးပျောက်ဆေးတို့ကဲ့သို့သော ညွှန်ကြားမထား သော ကန့်သတ်ချက်မရှိသော ဆေးဝါးများကို ကလေးတစ်ဦးအား အောက်ပါအခြေအနေများမှလွဲ၍ ပေးနိုင်ပါသည်။
  2. မိဘ၏လက်မှတ်ထိုးထားသော ရက်စွဲတပ်ထားသော ရေးသားထားသော ခွင့်ပြုချက်တစ်ခုခုကို ရရှိထားခြင်း။
  3. ညွှန်ကြားထားသော ဆေးဝါးသည် မူလဘူးထဲတွင်ရှိနေပြီး ကလေး၏အမည်၊ ဆေး၏အမည်၊ ဆေးညွှန်း၊ ဆေးတိုက် ကျွေးရန် ညွှန်ကြားချက်၊ ရက်စွဲနှင့်ဆရာဝန်၏အမည်တို့ကို ကပ်ထားပါသည်။ ဝန်ထမ်းကိုပေးထားသည့် ဆရာဝန် ရေးသားထားသော ခွင့်ပြုချက်မရှိဘဲတိုက်ရမည့် ဆေးပမာဏနှင့် အကြိမ်အရေအတွက်ကို ပြောင်းလဲ၍ မရပါ။
  4. ညွှန်ကြားမထားသော ဆေးဝါးသည် မူလဘူးထဲတွင် ရှိနေမှာဖြစ်ပြီး ကလေး၏အမည်ကို ကပ်ထားသောဆေးညွှန်းနှင့် ဆေးတိုက်ကျွေးရန် ညွှန်ကြားချက်တို့ပါဝင်ရပါမည်။ ပေးထားသော ဆေးဝါးအမျိုးအစား၊ ဆေးညွှန်း၊ အချိန်၊ ရက်စွဲနှင့် ညွှန်ကြားသောသူ၏ အမည်အပါအဝင် ရေးသားထားသော မှတ်တမ်းကို ဆေးမှတ်တမ်းစာရင်းတွင် သိမ်းဆည်းထားပါ မည်။

Tuition Policy

            Nurture ကျောင်းမှဆရာ/မများသည် ကလေးငယ်များအား ကျူရှင်ပြခွင့် (လုံးဝ) ခွင့်ပြုထားခြင်းမရှိပါ။ ဆရာ/မ သည် ကလေးငယ်များအား ကျူရှင်ပြခြင်းသည် ကြီးမားသောပြစ်မှုဖြစ်ကြောင်း ဝန်ထမ်းငှားရမ်းခြင်း သဘောတူညီမှုစာချုပ်တွင် သဘောတူထားပြီး ဖြစ်ပါသည်။ မိဘများအနေဖြင့် ဆရာ/မများကို မိမိ၏ကလေးငယ်များကို ကျူရှင်ပြရန် တောင်းဆိုခြင်းလုံး၀ မပြုလုပ်ရန် အသိပေးအပ်ပါသည်။ မူကြိုအရွယ် ကျူရှင်ထားခြင်းသည် မိဘများ၏ လုံးဝမှားယွင်းသော မလိုအပ်သည့် အလိုဆန္ဒ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

GETC POLICIES

School rules and Fines

  1. ကျောင်းသား၊ ကျောင်းသူများ ကျောင်းချိန်အတွင်း အင်္ဂလိပ်စကားကိုသာ ပြောကြားရပါမည်။
  2. ပေးအပ်လိုက်သော အိမ်စာများကို ပြီးစီးအောင် ဆောင်ရွက်ရပါမည်။
  3. ကျောင်းသား၊ ကျောင်းသူများ ကျောင်းမှ သတ်မှတ်ထားသော ရက်များနှင့် အရေးကြီးရက်များတွင် Student Card နှင့် Uniform များ ဝတ်ဆင်ရပါမည်။
  4. ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် Library ထားရှိပေးပြီး လွတ်လပ်စွာ ငှားရမ်းခွင့် ပြုထားပါသည်။ ပထမအကြိမ် ငှားရမ်းထားသော စာအုပ်များပြန်မအပ် ရသေးလျှင် နောက်တစ်ကြိမ် ငှားရမ်းခွင့်မရှိပါ။ ငှားရမ်းထားသောစာအုပ်များ ရေစို၊ ပျက်စီး၊ ပျောက်ဆုံးလျှင် သင်တန်းကျောင်းမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ပေးလျော်ရမည်ဖြစ်ပါသည်။
  5. ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းခေါ်ချိန် ၈၀% ပြည့်မီရပါမည်။
  6. ကျောင်းသားများ Library Card ဖြင့်သာ စာအုပ်နှင့် DVD များကို ငှားရမ်းခွင့်ပြုပါသည်။ သတ်မှတ်ပြန်အပ်ရက်တွင် ပြန်မအပ်ပါက တစ်ရက်လျှင် (၁၀၀၀/-) ကျပ်နှုန်း ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ပါသည်။
  7. ကျောင်းသား၊ ကျောင်းသူတစ်ဦးဦးကြောင့် ကျောင်းပိုင် ပစ္စည်းများ တစ်စုံတစ်ရာ ပျက်စီး၊ ပျောက်ဆုံး ခဲ့သည်ရှိသော် သတ်မှတ်တန်ဖိုးအတိုင်း ပေးလျော်ရမည် ဖြစ်သည်။
  8. စာသင်ချိန် (၁၀) မိနစ်ထက် နောက်မကျစေရပါ။
  9. ကျောင်းကြိုပို့ယာဉ် စီနင်းသော ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကျောင်းကားမရောက်မီ အဆင်သင့်ဖြစ်စေရန် မိဘအုပ်ထိန်းသူမှ တာဝန်ယူပြင်ဆင်ပေးရန် လိုအပ်ပါသည်။ အကယ်၍ ကျောင်းပျက်ကွက်ပြီး ကျောင်းကားကြိုပို့ရန် မလိုအပ်ပါက ကျောင်းသို့ အချိန်မှီ အကြောင်းကြားရပါမည်။
  10. ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ မိမိ၏ အတန်းဖော်များ၊ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများကို လေးစားမှုရှိရပါမည်။
  11. ကျောင်းသား၊ ကျောင်းသူအချင်းချင်း တစ်ဦးနှင့် တစ်ဦး အော်ဟစ်ဆဲဆိုခြင်း၊ ရိုက်ပုတ်ခြင်းများ၊ အခင်အမင်ပျက်စေမည့် အပြုအမူ အပြောအဆိုများ ခွင့်မပြုပါ။ အကယ်၍ ကျုးလွန်ပါက မိဘထံ အကြောင်းကြား၍ လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
  12. စာသင်ခန်းနှင့် ကျောင်းဝင်းအတွင်း ဆေးလိပ်သောက်သုံးခြင်း၊ ကွမ်းစားခြင်း၊ လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်တော်သော အနေအထိုင်၊ အပြောအဆို အပြုအမူများ ပြုမူပြောဆိုခြင်း ခွင့်မပြုပါ။
  13. အစားအသောက်နှင့် သရေစာ များကို သတ်မှတ်ထားသော နေရာများတွင်သာ စားသောက်ရပါမည်။ အထက်ဖော်ပြပါ သတ်မှတ်ထားသော ကျောင်းစည်းကမ်းများကို လိုက်နာခြင်း မရှိပါက ကျောင်းမှ သတ်မှတ်ထားသော ဒဏ်ကြေး (သို့မဟုတ်) ကျောင်းမှ ထုတ်ပယ်သည် အထိ ပြုလုပ်နိုင် ကြောင်း ကျောင်းသား၊ ကျောင်းသူနှင့် မိဘအုပ်ထိန်းသူများ နားလည်ရပါမည်။

Fees Payment Policy

  1. မည်သည့် သင်တန်းအမျိုးအစားမဆို စတင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူအသစ်များအနေဖြင့် ကျောင်းလခ၊ ကျောင်းဝင်ကြေးနှင့် စာအုပ်စာတမ်းကြေး၊ ကျောင်းဝတ်စုံကြေးနှင့် (ကြိုပို့ယာဉ်စီးနင်းမည်ဆိုပါက ကျောင်းကားခ) များကို ကျောင်းစတင်အပ်နှံသည့် နေ့တွင် တစ်ပါတည်း ပေးသွင်းရပါမည်။
  2. Young Learner ကလေးငယ်များ၏ သင်တန်းကြေးများကို သတ်မှတ်ထားသည့် ရက်လ၏ ပထမပတ် အတွင်း ပေးသွင်းရပါမည်။
  3. သတ်မှတ်ရက်သတ္တပတ်ကျော်လွန်ပါက (၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်အထိ) ဒဏ်ကြေးအဖြစ် ပေးသွင်းရမည် ဖြစ်ပါသည်။
  4. ပေးသွင်းပြီးသော သင်တန်းကြေးများကို မည်သည့် အကြောင်းတစ်စုံတစ်ရာနှင့်မျှ ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။
  5. သင်တန်းကြေး၊ ကျောင်းကားခ စသည်များကို ကျောင်းသို့ပေးသွင်းပါက ကျောင်းမှ လက်ခံရရှိကြောင်း လက်ခံ Voucher ဖြတ်ပေးမည် ဖြစ်ပါသည်။ လက်ခံ Voucher မရရှိသော ငွေပေးသွင်း အကြောင်းအရာများ အကျုံးဝင်မည်မဟုတ်ပါ။