Our Preschool and Kindergarten Program

preschool

            ကျွန်တော်တို့မူကြိုပညာရေး၏ အဓိကကျသောယုံကြည်ချက်မှာ ကလေးသူငယ်များသည် ကစားခြင်းဖြင့် အကောင်းဆုံးသင်ယူနိုင်သည်ဆိုသည့်အချက်ဖြစ်ပြီး ကစားခြင်းသည် ငယ်ရွယ် သော ကလေးများ၏ သဘာဝကျသော၊ စစ်မှန်သော လုပ်ဆောင်ချက်ဖြစ်သည်။ ကလေးသူငယ်များသည် ထိရောက်သော ကစားနည်းများတွင် ပါဝင်လာလျှင် ၎င်းတို့သည် စူးစမ်းလေ့လာကြသည်၊ တီထွင်ဖန်တီးကြသည်၊ အခြေအနေအချိန်အခါပေါ်မူတည်၍ တုံ့ပြန်နိုင်စွမ်းရှိကြသည် (Improvising)၊ သင်ယူလေ့လာမှုကို ချဲ့ထွင်လာကြသည်။ ကျွန်ုပ်တို့၏ အစီအစဉ်များတွင် ကလေးများသည် ၎င်းတို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးမှုနှင့် သင်ယူမှုတွင် တက်ကြွသော ပါဝင်ဆောင်ရွက်သူများဖြစ်လာစေရန် စီစဉ်ထားပါသည်။

Our Private Primary School Program

           ကျွန်တော်တို့ကျောင်း၏အဓိကရည်ရွယ်ချက်မှာ “ကျောင်းနေပျော်၍ စဉ်းစားတွေးခေါ်တတ်သော ကလေးများ” အမှန်တကယ် လက်တွေ့ဖြစ်ပေါ်လာစေရန်ဖြစ်သည်။ ကျောင်းနေပျော်ရန်အတွက် သင်ယူစရာ သင်ခန်းစာများကို စာတွေ့သာမက လက်တွေ့သင်ခန်းစာများ၊ Games၊ Activities တို့ဖြင့်ကိုယ်တိုင်လေ့လာသင်ယူသူများဖြစ်အောင်သင်ကြားပေးပြီး (၂၁)ရာစု သင်ယူမှုစွမ်းရည် (၅)ရပ်ဖြစ်သော ဉာဏဗလ၊ ကာယဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တို့ကို ရရှိစေရန်စီစဉ်ထားပါသည်။

private

GETC Adult Learner Program

adult learner

               ကျွန်တော်တို့ GETC သင်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ထားသောသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော အင်္ဂလိပ်စာ သင်တန်းများရှိပါသည်။ သင်တန်းများကို မြန်မာနိုင်ငံကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ လိုအပ်ချက်နှင့် ကိုက်ညီသင့်တော်သည့် နောက်ဆုံးပေါ် သင်ရိုးနှင့် သင်ကြားရေးနည်းစနစ်ကို အသုံးပြုထားပြီး နိုင်ငံတကာ အဆင့်အတန်းမီ စီစဉ်ထားပါသည်။

GETC Young Learner Program

                   GETC သင်တန်းကျောင်းမှ ရေးဆွဲထားသော တမူထူးခြားသည့် အင်္ဂလိပ်စာ သင်ကြားမှု အစီအစဉ်သည် လက်ရှိမြန်မာအစိုးရကျောင်းများနှင့် နိုင်ငံတကာကျောင်းများတွင် တက်ရောက်သင်ယူနေသော အသက် ၅ နှစ် မှ ၁၄ နှစ်အရွယ် ကလေးငယ်များအတွက် ရည်ရွယ်ပါသည်။

young learner