[caldera_form_modal id="CF5df089fa59aad" type="button"]Book Now [/caldera_form_modal]

Tr Name

Center

Course Details :

  • အာရှကလေးငယ်များအတွက် အထူးပြုရေးဆွဲထားသော နိုင်ငံတကာအသိမှတ်ပြု သင်ရိုးစာအုပ်များအပြင် Up to Date Online သင်ခန်းစာများဖြင့်ပါ သင်ကြားပို့ချပေးခြင်း။
  • သင်ရိုးစာအုပ်များမှာဆိုရင်လဲ နိုင်ငံတကာစံချိန်မှီ Original Course Books များဖြင့်သာသင်ကြားပို့ချပေးခြင်း။
  • နိုင်ငံတကာစံချိန်မှီ Learning through play and Activities ပုံစံဖြင့် သင်ကြားပေးသည့်အပြင် ကလေးတစ်ဦးချင်းစီ၏ ပင်ကိုယ်စွမ်းရည်များ ပေါ်ထွက်လာစေရန်နှင့် ၎င်းပင်ကိုယ်စွမ်းရည်များ ပိုမိုထက်မြက်လာပြီး မှန်ကန်စွာသုံးတက်စေရန်တစ်ဦးချင်းအလိုက် ပုံဖော်ပံ့ပိုး သင်ကြားပေးခြင်း။
  • အင်္ဂလိပ်အခြေခံစွမ်းရည် (၄) မျိုးဖြစ်တဲ့ Writing , Reading , Listening & Speaking တွေ တိုးတတ်သွားရုံသာမက ယခုမြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် လိုအပ်ချက်ဖြစ်သော Critical Thinking skills , Presentation Skills , Public Speaking Skills နှင့် EQ Development များ ထည့်သွင်းသင်ကြားပေးနေခြင်းအပြင် ဗဟုသုတ တိုးပွားစေမည့် ဘာသာရပ်များအပြင်ယဉ်ကျေးမှု့ဆိုင်ရာဘာသာရပ်များ နှင့် လူမှု့ဆိုင်ရာတန်ဖိုးထားမှု့များကို သိရှိနားလည်စေရန် Team Work Project များကို ထည့်သွင်းသင်ကြားပေးပါသည်။
  • Jolly Phonics & Grammar (ယခုနှစ်တွင် ထပ်ပေါင်းထားသော Curriculum ) Phonic ဆိုတာဘာလဲ ? Phonic ဆိုသည်မှာ စကာလုံးများ မည်ကဲ့သို့ တည်ဆောက်ထားသည်ကို နားလည်စေသည့် နည်းစနစ်ခု ဖြစ်ပါသည်။ စကားလုံးများသည် Phonemes ဟုခေါ်သော အသံအစိတ်အပိုင်းလေးမျာအားLetter Symbols / Graphemes အက္ခရာ သင်္ကေတလေးများဖြင့် ဆက်သွယ်ပေးသည်။ Phonics နည်းဖြင့်သင်ကြားတက်မြောက်စေခြင်းသည် ကလေးငယ်များအတွက် အဖတ်နှင့်အရေးကို အချိန်တိုအတွင်း ထိရောက်စွာသင်ကြားတက်မြောက်စေသည်။
  • မှန်ကန်သော အင်္ဂလိပ်စကားပြောနှင့် အသံထွက်ကောင်းစေရန် နိုင်ငံပေါင်း ၁၀၀ ကျော်တွင်အသုံးပြုနေသော Jolly Phonics သင်ရိုးကို အသုံးပြုသင်ကြားခြင်း။
  • Brain Quest နဲ့အသံထွက်မှာ အရေးပါလှတဲ့ Jolly Phonic ကို ကလေး Level အလိုက်ထည့်သွင်းသင်ကြားပေးပါမည်။ Jolly Phonics ရဲ့ထူးခြားသော သင်ကြားမှု့နည်းသည် ကလေးများအား ရှေ့ဦစွာ ပျော်ရွှင်ဖွယ်နှင့် အကြား ၊ အထိ အတွေ့လှုပ်ရှားမှု့များကို အခြေခံသော Multisensory နည်းဖြင့် ကလေးများအား ရှင်းလင်းတိကျပြတ်သားသည့် ဖတ်နိုင် ၊ ရေးနိုင် ၊ ပြောနိုင် ၊ နားလည်နိုင်မည့် (English Communication Skill) ကိုတည်ဆောက်ပေးခြင်း။
  • အသက်အရွယ်အလိုက် ကလေးတွေ သိသင့်တဲ့ Child Right , Child Abuse , Drug Abuse နှင့် အောင်မြင်တဲ့သူဖြစ်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ Success Skills ၊ အချိန်ကိုဘယ်လို အကျိုးရှိရှိအသုံးချရမလဲဆိုတဲ့ Time Management ၊ စာတွေကို ဘယ်လိုသင်ယူလေ့လာရမလဲဆိုတဲ့ Study Skills တွေ စသဖြင့် ကလေးတွေကိုသောကြာနေ့တိုင်း သင်ပေးသွားခြင်း။

Course Instructors :

ပြည်တွင်းပြည်ပမှ မဟာဘွဲ့တွေအပြင် TKT, TEYL, Dip in TESOL, CELTAYL အစရှိသည့် နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်ဘာသာဆရာဖြစ်သင်တန်း အောင်လက်မှတ်ရရှိထားသည့်အတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝသော ဆရာ/ဆရာမ များဖြင့်လဲသင်ကြားပို့ချပေးခြင်း။

Course Level :

Age Level Cambridge ESOL Exam
6-7 Beginner Starters
7-10 Foundation(F-1,2,3,4,5,6) Starters, Movers, Flyers
11-15 Step up (S-1,2,3,4) Flyers, KET, PET

GETC ကျောင်းတွင် ဘာကြောင့် တက်ရောက်သင့်သလဲ။

Cambridge Exam Preparation (အောင်ချက် ၅ နှစ်ဆက်တိုက် ၁၀၀ %) Starters , Movers , Flyers , KET , PET Cambridge University အသိမှတ်ပြု Cambridge English Exam Preparation Centre ဖြစ်ပြီးငါးနှစ်ဆက်တိုက် အောင်ချက် ၁၀၀% စံချိန်ရရှိထားသော ဖြေဆိုသူကျောင်းသားအများစု Full Shields နှင့် Distinction ရရှိထားတဲ့ကျောင်းဖြစ်ပါတယ်။