Young Learner

CORE VALUE

Integrity
Innovation
Decency

ဘယ်သူ့အတွက်လဲ?

                    GETC သင်တန်းကျောင်းမှ ရေးဆွဲထားသော တမူထူးခြားသည့် အင်္ဂလိပ်စာ သင်ကြားမှု အစီအစဉ်သည် လက်ရှိမြန်မာအစိုးရကျောင်းများနှင့် နိုင်ငံတကာကျောင်းများတွင် တက်ရောက်သင်ယူနေသော အသက် ၆ နှစ် မှ ၁၄ နှစ်အရွယ် ကလေးငယ်များအတွက် ရည်ရွယ်ပါသည်။

ဘယ်လိုရည်ရွယ်ချက်များကို ထားရှိပါသလဲ?

  •   အင်္ဂလိပ်စာအခြေခံကောင်းများ ရရှိစေရန်။
  •   မိမိ ကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် အသံထွက် မှန်မှန်ကန်ကန်နှင့် ပြောရဲ ဆိုရဲ ရှိလာစေရန်။
  •   ကျောင်းစာများကို တစ်ဖက်တစ်လမ်းများမှများစွာ အထောက်အကူပြုစေရန်။
  •   Cambridge ESOL Exam များကို ဝင်ရောက်ဖြေဆိုရာတွင် အခြေခံကောင်းများ ရရှိစေရန်။
  •   အင်္ဂလိပ်စာ သင်ယူလေ့လာမှုမှ တစ်ဆင့် ကိုယ်ကျင့်တရားနှင့် စာရိတ္တ၊ လူမှုပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ အတွေးအခေါ်နှင့် ဗဟုသုတစသည်တို့ တိုးပွားလာစေရန်။
  •   ပြုပြင်ပြောင်းလဲလာသော ခေတ်ကာလနှင့်အညီ မြန်မာနိုင်ငံ၏ မျိုးဆက်သစ်ကလေးငယ်များ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော အရည်အချင်းကောင်းများ ရရှိလာစေရန်။

သင်ရိုးနှင့်သင်ကြားမှုကို ဘယ်လိုစီစဉ်ထားသလဲ?

  •   အာရှကလေးငယ်များအတွက် အထူးပြုရေးဆွဲထားသော နိုင်ငံတကာ အသိအမှတ်ပြု အဓိကသင်ရိုး စာအုပ်အပြင်၊ ဖြည့်စွက် online သင်ခန်းစာများဖြင့် သင်ကြားပေးပါမည်။ (မိဘများ၏ တောင်းဆိုချက်နှင့် ကလေးငယ်များ၏ လိုအပ်ချက်ဖြစ်သော Grammar ကို Vocabulary နှင့် တွဲဖက်၍ အထူးပြုသင်ကြားပေးသွားပါမည်။)
  •   ယခုမြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် လိုအပ်ချက်ဖြစ်နေသော Thinking Skill, Presentation Skill, Public Speaking Skill နှင့် EQ Development များကို ထည့်သွင်းသင်ကြားပေးပါမည်။
  •   ဗဟုသုတတိုးပွားစေမည့် အခြားဘာသာရပ်များ၊ ယဉ်ကျေးမှုများမှ အကြောင်းအရာများနှင့် လူမှုရေးဆိုင်ရာ တန်ဖိုးထားမှုများကို သိနားလည်စေမည့် Teamwork Project များ ပါဝင်ပါမည်။
  •   သင်ကြားမှုတွင် ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားရေးနည်း (Child-Centred Approach) ကို အခြေခံ၍ ကလေးငယ်များ အသက်အရွယ်လိုက် စိတ်ဝင်စားမှုဖြစ်စေမည့် နောက်ဆုံးပေါ်သင်ကြား ရေး နည်းစနစ်နှင့် သင်ထောက်ကူပြုပစ္စည်းများ အသုံးပြုထားပါသည်။
  •   ကလေးငယ်တစ်ဦးစီ၏ ကိုယ်ပိုင်အရည်အချင်းများ ထွက်ပေါ်စေရန်နှင့် ထိုအရည်အချင်းများကို မှန်ကန်စွာ သုံးတတ်စေရန် တစ်ဦးချင်းအလိုက်လိုအပ်မည့် ပံ့ပိုးမှုများပေးပါမည်။

မည်သည့်ဘွဲရဆရာများနှင့် သင်ကြားပေးပါသလဲ?

                       ပြည်တွင်းပြည်ပမှ မဟာဘွဲ့တွေအပြင် TKT,Dip in ELTM,Dip in TEFl/TEYL, Dip in TESOL, CELTYL အစရှိသည့် နိုင်ငံတကာအသိအမှတ်ပြု အဂလိပ်ဘာသာဆရာဖြစ် သင်တန်းအောင်လက်မှတ် ရရှိထားသည့် အတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝသော ဆရာ ၊ ဆရာမများ မှ သင်ကြားပေးလျက် ရှိပါသည်။

အဆင့်များကိုဘယ်လိုခွဲထားပါသလဲ?

                     Level တစ်ခုကို Semester သုံးခုခွဲထားပြီး သင်တန်းကာလ ၉ လ ကြာမြင့်မည်ဖြစ်ပါသည်။ ကလေးငယ်များသည် Semester တစ်ခုစီတွင် နာရီပေါင်း (၆၀) ကြာသင်ယူရပါမည်။

 

Age Level Cambridge ESOL Exam
6-7 Beginner Starters
7-10 Foundation(F-1,2,3,4,5,6) Starters, Movers, Flyers
11-15 Step up (S-1,2,3,4) Flyers, KET, PET

သင်ခန်းစာများကို ဘယ်လိုအကဲဖြတ်ပါသလဲ?

ကလေးငယ်များ အမှန်တကယ်ပြောဆို၊ ရေးသား လုပ်ဆောင်နိုင်မှု၊ အတန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ကြိုးစားအားထုတ်မှုနှင့် စာမေးပွဲရလဒ်အပေါ် အခြေခံပါသည်။ သင်တန်းတက်ရောက်သည့် နေ့မှစ၍ ကလေးငယ်တစ်ဦးချင်းစီ၏ သင်ယူတတ်မြောက်မှုကို learning portfolios တွင် မှတ်တမ်းတင် ထားမည်ဖြစ်ပြီး သုံးလတစ်ကြိမ် semester တစ်ခုပြီးတိုင်း မိဘများထံသို့ တိုးတက်မှုမှတ်တမ်း တင်ပြသွားမည်ဖြစ်ပါသည်။ သတ်မှတ်ချက်ပြည့်မှီသော ကလေးငယ်များကို certificate ထုတ်ပေးသွားမည်။ (မိဘများအနေဖြင့်လည်း မိမိသားသမီးများ၏ တိုးတက်မှုနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို အတန်းပိုင် ဆရာမ (သို့မဟုတ်) သက်ဆိုင်ရာ တာဝန်ရှိသူနှင့် မည်သည့်အချိန်မဆို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးနိုင်ပါသည်။)