Admission Policy
ကျွန်တော်တို့ Nurture မူကြိုကျောင်းသည် လူမျိုး၊ ဘာသာမရွေး အောက်ပါအချက်များနှင့်ပြည့်စုံသော ကလေးငယ်များကို လက်ခံ သင်ကြားပေးပါသည်။
- အသက် (၃)နှစ်ပြည့်ပြီး စကားပြောနိုင်ရမည်။
- စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်မရှိသူဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ကျန်းမာရေးအရ အထူးဂရုစိုက်မှုကိုလိုအပ်သော ကလေးများ လက်မခံပါ)
Admission Requirements
- မွေးလက်မှတ်မိတ္တူ (Birth Certificate)
- မိဘများမှ Nurture ၏ ပေါ်လစီကို သဘောတူလက်ခံသည့်ပုံစံ (Parent Agreement Form)
- ဆရာဝန်၏ ကျန်းမာရေးထောက်ခံချက် (Medical History and Physical Examination Report)
- ၀င်ခွင့်လျှောက်လွှာပုံစံ (Admission Form)
- 5 Photos (Passport Size (၄)ပုံနှင့် မိသားစုပုံ (၁)ပုံ (ကလေးငယ်ကို လာကြိုမည့်သူများ အားလုံးပါဝင်ရမည်။)
Admission Procedure
မိဘများအနေဖြင့် ကျွန်တော်တို့၏ Nurture မူကြိုတွင် ရွေးချယ်အပ်နှံရန် ဆုံးဖြတ်ပြီးပါက -
- Parent Agreement Form, Medical History and Physical Examination Report Form နှင့် Admission Form ကို ပြည့်စုံစွာဖြည့်စွက်ပြီး ကျောင်းသို့ပြန်လည်ပေးပို့ပါ (သို့) ထားခဲ့ပါ။ (ဤအချက်ပါ Form များ ၃ ခု လုံးပြည့်စုံမှုရှိပါမှ လက်ခံပေးပါ မည်။)
- တာဝန်ခံဆရာ/မနှင့် တွေ့ဆုံရန် ရက်ချိန်းယူပါ။
- တာဝန်ခံဆရာ/မနှင့် လာရောက်တွေ့ဆုံသောနေ့တွင် မိဘနှစ်ပါးစလုံးမှ မိမိကလေးငယ်နှင့် အတူလာရောက်တွေ့ဆုံ ဆွေးနွေးပါ။
- တာဝန်ခံဆရာမနှင့် တွေ့ဆုံ၍ဝင်ခွင့်ရရှိပါက Registration Form ကို ပြည့်စုံစွာဖြည့်စွက်ကျောင်းအပ်နိုင်ပါပြီ။
မှတ်ချက်။ ။ ကလေးငယ် ဝင်ခွင့်ရရှိရေး၊ မရရှိရေးသည် တာဝန်ခံဆရာ/မ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
School Fees and Refund Policies
- ကျောင်းစအပ်ရာတွင် သင်တန်းကြေး (School Fee)၊ ကျောင်းမှတ်ပုံတင်ကြေး (Registration Fee)၊ ကျောင်းဝတ်စုံ ကြေး (Uniform Fee)၊ စာအုပ်ဖိုး (Course Book Fee) တို့ကို တစ်ခါတည်း ပေးသွင်းရပါမည်။
- သင်တန်းကြေး ပေးသွင်းရာတွင် လတစ်လ၏ ပထမပတ် ၃ ရက်နေ့နောက်ဆုံးထား ပေးသွင်းရပါမည်။ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်နေ့များမှာ စနေ၊ တနင်္ဂနွေကျပါက လမကုန်ခင် ပေးသွင်းရပါမည်။
- လစဉ်သင်တန်းကြေးပေးသွင်းရာတွင် လတစ်လ၏ ၇ ရက်နေ့မှ ၁၀ ရက်အတွင်း ပေးသွင်းပါက သင်တန်းကြေးအပြင် ဒဏ်ကြေး (၁၀,၀၀၀/-)ကျပ်၊ လတစ်လ၏ ၁၀ ရက်နေ့ နောက်ပိုင်းမှ ပေးသွင်းပါက သင်တန်းကြေးအပြင် ဒဏ်ကြေး(၂၀,၀၀၀/-) ကျပ်၊ ပေးသွင်းရပါမည်။ မိဘများ အခက်အခဲမရှိစေရန်အတွက် ကျောင်းမှ ၇ရက်နေ့အထိ စောင့်ပေးပါမည်။
မှတ်ချက်။ ။ မိမိတို့ သဘောတူပေးသွင်းထားသည့် Fee များကို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပြန်အမ်းပေးမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
မေတ္တာရပ်ခံချက်။ ။ ဆရာ/မများ လစာစရိတ်ကို လစဉ် ၄ နှင့် ၅ရက်များတွင် ထုတ်ပေးသဖြင့် မိဘများမှ သင်တန်းကြေးကို အချိန်မှီပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။